Thursday, July 2, 2015

ရွှေ့ပြောင်းသွားလာသူတစ်သိန်းကျော် ဥရောပသို့ ၀င်ရောက်


ဝါရှင်တန် ဇူလိုင် ၂
၂၀၁၅ ခုနှစ် ပထမခြောက်ပတ်အတွင် ဒုက္ခသည်နှင့် ရွှေ့ပြောင်းသွားလာသူ ၁၃၅၀၀၀ ကျော်သည် ရေလမ်းဖြင့် ဥရောပသို့ ရောက်ရှိလာကြကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး၏ အစီရင်ခံစာ အသစ်တစ်ရပ်၌ ဖော်ပြခဲ့သည်။
ရွှေ့ပြောင်းသွားလာသူများသည် ပိုကောင်းမွန်သောဒေသကို ရှာဖွေရန်ဖြစ်ကြောင်း ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောခဲ့သည်။
ပြီးခဲ့သော ၂၀၁၄ ခုနှစ် ပထမခြောက်ပတ်တွင် ရောက်ရှိလာသော ရွှေ့ပြောင်းသွားလာသူ အရေအတွက်နှင့် နှိုင်းယှဉ်လျှင်
ယခုနှစ် ရောက်ရှိလာသော ရွှေ့ပြောင်းသွာလာသူ အရေအတွက်မှာ ၈၀ ရာခိုင်နှုန်း ပိုများလာကြောင်း ဒုက္ခသည်များဆိုင်ရာ ထိုအစီရင်ခံစားက ဖော်ပြသည်။
ရွှေ့ပြောင်းသွားလာသူအရေအတွက် တိုးတက်များပြားလာခြင်းကို ဖြေရှင်းရန် ဥရောပသမဂ္ဂခေါင်းဆောင်များ အဖြေရှာနေကြသည်။ ရွှေ့ပြောင်းသွားလာသူများသည် အလွန်တရာအန္တရာယ်များပြားသော မြေထဲပင်လယ်ရေပိုင်နက်တွင် လုံခြုံစိတ်ချရမှုမရှိသော လှေငယ်များဖြင့် ဥရောပတောင်ပိုင်းသို့ အများအားဖြင့် သွားရောက်ကြကြောင်း ၎င်းအစီရင်ခံစာက ဆိုသည်။


ဂရိနိုင်ငံသည် ၂၀၁၅ ခုနှစ် ပထမခြောက်ပတ်အတွင်း ရွှေ့ပြောင်းသွားလာသူအများအပြား ဆိုက်ရောက်ရာ ဒေသဖြစ်လာခဲ့ပြီး စီးပွားရေးအကျပ်အတည်းကို ရင်ဆိုင်နေရကာ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့မှ ချေးငွေများဖြင့် အကျပ်တွေ့လျက် ရှိသည်။
ဆိုက်ရောက်အရေအတွက် များပြားလာသောကြောင့် လက်ခံနိုင်စွမ်းနှင့် အခြားအခြေအနေများမှာ မမျှမတ ဖြစ်လာကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှ ပြောကြားသည်။

Ref: Reuters News 


No comments:

Post a Comment

Popular Posts