Tuesday, July 21, 2015

အမေရိကန်စစ်သုံ့ပန်းများကို မစ်ဆူဘီရှီကုမ္ပဏီမှ ၀န်ချတောင်းပန်




လော့စ်အိန်ဂျလိစ်၊ ဇူလိုင် ၂၀

ဒုတိယကမ္ဘာစစ်ကာလအတွင်းတွင် အမေရိကန်စစ်သုံ့ပန်းများကို အလုပ်သမားများအဖြစ် အဓမ္မစေခိုင်းခဲ့ခြင်းအတွက် ဂျပန်နိုင်ငံ၏ မစ်ဆူဘီရှီ ကုမ္ပဏီက သမိုင်းဝင်တောင်းပန်မှု ပြုလုပ်လိုက်ကြောင်း ယနေ့သတင်းများတွင် ဖော်ပြသည်။
အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျလိစ်မြို့၌ ကျင်းပသည့် အခမ်းအနားတွင် ကုမ္ပဏီက လုပ်ကိုင်သည့် သတ္တုတွင်းများ၌ စစ်အကျဉ်းသားများကို အဓမ္မစေခိုင်းခဲ့ခြင်းအတွက် ၀န်ချတောင်းပန်ပါကြောင်း မစ်ဆူဘီရှိ ကုမ္ပဏီ၏ ထိပ်တန်းအမှုဆောင်က ပြောသည်။
ဂျပန်ကုမ္ပဏီတစ်ခုက ဤကဲ့သို့တောင်းပန်မှုပြုခြင်းသည် ပထမဆုံးအကြိမ်ဖြစ်သည်ဟု ယူဆရသည်။
ဂျပန်နိုင်ငံ၌ အဓမ္မစေခိုင်းခံခဲ့ကြရသော အမေရိကန်စစ်သုံ့ပန်းများအနက် အသက်ရှင်လျက်ရှိနေသေးသူပုဂ္ဂိုလ် အနည်းအကျဉ်းတွင် ပါဝင်သည့် ဂျိမ်းမာဖီအား ၀န်ချတောင်းပန်စာကို ပေးအပ်ခဲ့သည်။ မာဖီသည် ယခုအခါ အသက်
၉၄ နှစ် ရှိပြီ ဖြစ်သည်။
ဂျပန်ကုမ္ပဏီများအတွက် အလုပ်လုပ်ပေးခဲ့ကြသူ စစ်သုံ့ပန်းများက စစ်ပွဲပြီးဆုံးခဲ့ပြီးနောက် နှစ်ပေါင်း ၇၀ အကြာကာလတွင် ၀န်ချတောင်းပန်ရန် တောင်းဆိုခဲ့ကြကြောင်း မာဖီက ပြောကြားသည်။


Ref: PTI / The Mirror News

No comments:

Post a Comment

Popular Posts