လန်ဒန်၊
ဇူလိုင် ၁၃
မီးတောင်ပေါက်ကွဲရာမှ
ထွက်ပေါ်လာသော အမှုန်အမွှားများ လေထုတွင်း ပျံ့နှံ့လာမှုကြောင့် ကမ္ဘာလုံးဆိုင်ရာ ပူနွေးမှုကို
လျော့ကျစေနိုင်ကြောင်း
လေ့လာမှုတစ်ခုအရ သိရသည်။ မီးတောင်ပေါက်ကွဲမှု ဖြစ်စဉ်များသည် ဆယ်နှစ်တာ ကာလအတွင်း
ဖန်လုံအိမ်အာနိသင်ရှိ
ကမ္ဘာကြီး၏ အပူရှိန်ကို သဘာဝထီး တစ်လက်သဖွယ် ကာကွယ်ပေးခဲ့သည်ဟု သုတေသီများက
ဆိုသည်။
ပြီးခဲ့သော ဆယ်စုနှစ်ကာလအတွင်း လေထုထဲရှိ ဖန်လုံအိမ်ဓာတ်ငွေ့ သိပ်သည်းဆ မြင့်တက်လာသော်လည်း
ကမ္ဘာ့မျက်နှာပြင်အပူချိန်မှာ သိသာထင်ရှားစွာ မြင့်တက်လာခြင်းမရှိပေ။
သိပ္ပံပညာရှင်များအပါအ၀င်
နိုင်ငံတကာသုတေသီအဖွဲ့မှ ယခုအခါ ကမ္ဘာလုံးဆိုင်ရာ ပူနွေးမှုကို လျော့ကျစေနိုင်သည့်
ဖြေရှင်းချက်တစ်ခုကို
တွေ့ရှိခဲ့ပြီ ဖြစ်သည်။
၂၀၀၈
ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း မီးတောင်ပေါက်ကွဲမှုများမှ ထွက်ပေါ်လာသော အမှုန်များ အနိမ့်ဆုံးလေထုအလွှာသို့
ရောက်ရှိမှုကြောင့်
နေရောင်ခြည်အလင်းပြန်မှု နှစ်ဆမြင့်တက်လာကြောင်း သုတေသီများက ရှာဖွေတွေ့ရှိခဲ့ကြသည်။
မီးတောင်များ မကြာခဏပေါက်ကွဲပြီး နောက်ဆက်တွဲအကျိုးဆက်အဖြစ် အေးမြမှုသည် ယာယီသာဖြစ်သဖြင့်
ကမ ၻာ့
အပူချိန်မှာ မြင့်သထက် မြင့်တက်လာခဲ့ကြောင်း သုတေသီများက ပြောသည်။ ဖန်လုံအိမ်
သိပ်သည်းဆ တိုးပွားလာမှုမှာလည်း အကြောင်းရင်းတစ်ခုဖြစ်ကြောင်း ၎င်းက ဆိုသည်။
Ref:PTI

No comments:
Post a Comment