Saturday, July 11, 2015

ယခုလအတွင်း နိုင်ငံတကာစစ်ရေးလေ့ကျင့်မှုများ ယူကရိန်းနိုင်ငံတွင် ပြုလုပ်မည်



ကိဗ်ယက်၊ ဇူလိုင် ၁၀

နိုင်ငံတကာစစ်ရေးလေ့ကျင့်မှုများဖြစ်သော Saber Guardian နှင့် Rapid Trident – 2-15 တို့ကို ဇူလိုင် ၂၀ ရက်မှ 
၃၀ ရက်ထိ ယူကရိန်းနိုင်ငံ အနောက်ပိုင်း ယာဗိုရက်ဗ်မြို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ဒုတိယကာကွယ်ရေးဝန်ကြီး 
အိုင်ဂေါ်ဒေါလ်ဂေါ့ဗ်က ပြောကြားသည်။
ယူကရိန်းနိုင်ငံဘက်မှ တပ်ဖွဲ့ဝင် ၈၀၀ နီးပါး အဆိုပါစစ်ရေးလေ့ကျင့်မှုများတွင် ပါဝင်မည်ဖြစ်ပြီး အခြားတိုင်းပြည်များမှ တပ်ဖွဲ့ဝင် ၈၀၀ နီးပါးလည်း လာရောက်လေ့ကျင့်မည်ဖြစ်ကြောင်း ၎င်းက မီဒီယာရှင်းလင်းပွဲတစ်ခုတွင် သတင်းထောက်များသို့ ပြောကြားခဲ့သည်။ ယင်းစစ်ရေးလေ့ကျင့်မှုများတွင် အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ ပိုလန်၊ ရိုမေးနီးယား၊ ဘူလ်ဂေးရီးယား၊ ဂျော်ဂျီယာနှင့် လစ်သူရေးနီးယား အစရှိသော ပြည်ပတိုင်းပြည် ခုနစ်ခုမှ တပ်ဖွဲ့ဝင်များ ပါဝင်လေ့ကျင့်ရန် မျှော်မှန်းထားကြောင်း ၎င်းက ဆိုသည်။
စစ်ရေးလေ့ကျင့်မှုများမှာ ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့နှင့် အခြားတိုင်းပြည်များမှ တပ်ဖွဲ့ဝင်များကြား ပူးပေါင်းဆောင်ရွက်မှု 
ခိုင်မာအားကောင်းလာစေရန် ရည်ရွယ်ကြောင်း သိရသည်။ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ရန် ကြေညာမှုမှာ ၂၀၁၄ ခုနှစ်
ကတည်းက လူ့အသက်ပေါင်း ၆၄၀၀ ထက်မနည်း ဆုံးရှုံးခဲ့ရသော ပဋိပက္ခတစ်ခုအတွင်း လွတ်လပ်ရေးလိုလားသူ သူပုန်များကို အစိုးရတပ်ဖွဲ့များက တိုက်ခိုက်နေသော ယူကရိန်းနိုင်ငံအရှေ့ပိုင်း၌ လက်နက်ကိုင် ထိပ်တိုက်တွေ့ဆုံမှုတစ်ခု ဖြစ်ပွားနေစဉ်
အတွင်း ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
 ယာဗိုရက်ဗ် စစ်ဘက်အခြေစိုက်စခန်းမှာ ပိုလန်နယ်စပ်အနီးနှင့် ယူကရိန်းနိုင်ငံ အရှေ့ပိုင်းရှိ တိုက်ခိုက်မှု ဖြစ်ပွားနေသော 
နယ်မြေမှ ကီလိုမီတာ ၁၀၀၀ နီးပါး အကွာတွင် တည်ရှိသည်။

Ref: Shinhwa news 

MFM


No comments:

Post a Comment

Popular Posts