အစ္စလာမ္မာဘတ်၊
ဇူလိုင် ၁၅
ပါကစ္စတန်နိုင်ငံက
ထိန်းချုပ်ထားသည့် ကတ်ရှ်မီးယားဒေသတွင် အိန္ဒိယလှို့ဝှက်ထောက်လှမ်းရေး ဒရုန်းလေယာဉ်တစ်စင်းက
နယ်စပ်စည်းမျဉ်းများကို ချိုးဖောက်ဝင်ရောက်ကာ မသင်္ကာဖွယ်ရာများ ပြုလုပ်သည့်အတွက် ပစ်ချခဲ့သည်ဟု
ပါကစ္စတန်စစ်တပ်က
ဇူလိုင် ၁၅ ရက်တွင် အတည်ပြုပြောကြားသည်။
အိန္ဒိယဒရုန်းလေယာဉ်သည်
သတ်မှတ်ထားသည့် နယ်ခြားစည်းမျဉ်းကို ဖြတ်ကျော်ဝင်ရောက်လာသည့်အတွက် ကတ်ရှမီးယားဒေသ ကန့်သတ်ချက်နယ်မြေတွင်
ပစ်ချခဲ့သည်ဟု ပါကစ္စတန်စစ်တပ်ပြောကြားချက်ကို ကိုးကား၍ ဒေသခံရုပ်သံသတင်းဌာနက ထုတ်လွှင့်ကြေညာသည်။
နယ်ခြားစည်းမျဉ်းသည် အငြင်းပွားမှုဖြစ်နေသည့် ကတ်ရှ်မီးယားဒေသတွင် နှစ်နိုင်ငံကို ပိုင်းခြား
သတ်မှတ်ပေးထားခြင်း
ဖြစ်သည်။
ပစ်ချခဲ့ချိန်တွင်
ဒရုန်းလေယာဉ်သည် ဓာတ်ပုံများရိုက်ကူးနေသည်ဟု ထုတ်လွှင့်ကြောညာချက်အရ သိရသည်။
ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း
အစ္စလာမ္မာဘတ်မြို့ရှိ အိန္ဒိယသံအမတ်ကြီးကို ဆင့်ခေါ်၍ နယ်ခြားစည်းမျဉ်းကို
ကျူးကျော်ဝင်ရောက်လာသည့်
အိနိံ္ဒယဒရုန်းလေယာဉ်ကိစ္စကို ကန့်ကွက်ခဲ့သည်ဟုလည်း
ရုပ်သံသတင်းဌာနက
ထုတ်လွှင့်ကြေညာခဲ့သည်။
Ref: Shinhwa news / The Mirror

No comments:
Post a Comment