Sunday, May 15, 2016

တောင်တရုတ်ပင်လယ် အကြောင်းပြု၍ တရုတ် စစ်ပြင်ဆင်တော့မည်လော

တောင်တရုတ်ပင်လယ် အကြောင်းပြု၍ တရုတ် စစ် ပြင်ဆင်တော့မည်လော 


နိဒါန်း
 မြန်မာနိုင်ငံသည် အရှေ့တောင်အာရှဒေသတွင်း တောင်ဘက်စွန်း၌ တည်ရှိ သည်။
 မြန်မာနိုင်ငံထက်ပို၍ တောင်ဘက်နှင့် အနောက်ဘက် အရပ် ဒေသတစ် ခွင်ကို တောင်အာရှဒေသဟု ခေါ်ဝေါ်သုံးနှုန်းကြသည်။
သို့ဖြစ်၍ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှနှင့် တောင်အာရှဒေသ နှစ်ခု၏ ကြား၌ တည်ရှိသော နိုင်ငံဖြစ်၏။
အရှေ့တောင်အာရှဒေသ၌ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ Asean အာ ဆီယံရှိသည်။
 တောင်အာရှဒေသ၌ တောင်အာရှဒေသ ပူးပေါင်းဆောင်ရွက်သည့်နိုင်ငံများ အဖွဲ့ Saarc ဆာ့က် ဆိုသော အဖွဲ့ရှိသည်။
Asean အဖွဲ့၌ အဖွဲ့ဝင် ၁ဝ နိုင်ငံရှိပြီး Saarc အဖွဲ့၌ အဖွဲ့ဝင် ရှစ်နိုင်ငံ ပါဝင်သည်။
ပို၍ တိကျစွာ ဆိုရပါလျှင် မြန်မာနိုင်ငံသည် တောင်အာရှဒေသနှင့် အရှေ့ တောင်အာရှ ဒေသနှစ်ခု၏ အလယ်ဗဟိုနေရာ၌ တည်ရှိသည်။
အဆိုပါ တောင်အာရှဒေသနှင့် အရှေ့တောင်အာရှဒေသနှစ်ခု၏ အရှေ့ မြောက် ယွန်းယွန်းဒေသတစ်ခုလုံးကို လွှမ်းခြုံထား သည့် နိုင်ငံကြီးမှာ တရုတ်နိုင်ငံ ဖြစ်၏။
တရုတ်နိုင်ငံကြီးသည် ၂ဝ ရာ စုအကုန် ၂၁ ရာစု၌ ၁ဝ စုနှစ်များအတွင်း အဆမတန် ဖွံ့ဖြိုးလာသော နိုင်ငံကြီးဖြစ်သည်နှင့်အညီ ဓနအင်အား သာမက တပ်အင်အား၊ လက်နက်အင်အားပါ အဆမတန်ကြီးမားလာ၏။
 နိုင်ငံကြီးများ၏ လက္ခဏာတစ်ရပ်မှာ အနိုင်ကျင့်လိုသည့် လက္ခဏာ၊ နယ်ချဲ့ လိုသည့် အမူအရာများ ပြသတတ်သည်။
 နိုင်ငံသည် အဘက်ဘက်က အင်အားနှင့် ပြည့်စုံလာသည့်အခါ စွမ်းအင် လည်း ပို၍ လိုအပ်လာသည်။
ထိုစွမ်းအင်လိုအပ်မှုကြောင့် တောင်အာရှနှင့် အရှေ့တောင် အာရှ၏

အလယ်ဗဟိုနေရာ၌ ရှိနေသော မြန်မာနိုင်ငံသည် ဘင်္ဂလားပင် လယ်အော်သို့ ထွက်ပေါက်ဖြစ်နေသဖြင့် တရုတ်နိုင်ငံကြီး အတွက် မြန်မာနိုင်ငံသည် သော့ချက်နေရာ ဖြစ်လာသည်။
တရုတ်နိုင်ငံအတွက် မြန်မာ နိုင်ငံ၏ အခြေအနေသည် မည်သို့ ပင်ဖြစ်ဖြစ်၊ မည်သူက အုပ်ချုပ် သည်ဖြစ်စေ အရေးမကြီး။
 မြန်မာနိုင်ငံမှ လူများ အချင်း ချင်းသတ်ဖြတ်နေကြလည်း အရေး မကြီး။
 မြန်မာနိုင်ငံ၌ ရှိသည့် လူများ သဘောထား ကွဲကြလည်း အရေးမ ကြီး။
 နောက်ဆုံး မြန်မာနိုင်ငံတစ်ခု လုံး မီးလောင်၍ လွင်ပြင်ဖြစ်သွား လည်း အရေးမကြီး။
 သူတို့အတွက် ထွက်ပေါက်ရ လျှင် မည်သို့သော အပြုအမူမဆို ပြုလုပ်ရဲသည်။ ပြုလုပ်သည်သာ ဖြစ်၏။
 နိုင်ငံကြီးအားလုံးသည် ထိုသို့ သော သဘောထားရှိကြသည်။
တရုတ်နိုင်ငံ၏ သဘောထား ကို အသိသာဆုံးအမြင်တစ်ခုမှာ တရုတ်နိုင်ငံနှင့် တစ်နိုင်ငံတည်း နေ၊ တစ်ရေတည်းသောက်၊ လူမျိုး တစ်ခုတည်းဖြစ်သော တိဘက် နိုင်ငံအပေါ် မည်သို့ဆက်ဆံခဲ့ပါ သနည်း။
တိဘက်နိုင်ငံ၏ မြေအနေအ ထားနှင့် သယံဇာတလိုချင်၍ တိ ဘက်နိုင်ငံသည် သူတို့အပိုင်ဖြစ် သည်ဆိုကာ သိမ်းယူသည်။
တိဘက်လူမျိုးတို့၏ ယဉ် ကျေးမှု၊ အနုပညာ၊ ရှေးဟောင်း ကျမ်းစာများပါမကျန် ဖျက်ဆီးပစ် သည်။ နောက်ဆုံး တိဘက် လူမျိုး နွယ်ပါ ဤကမ္ဘာမြေပေါ်၌ မကျန် စေရန်၊ လူမျိုးနွယ်စုကို ရောနှောပစ် သည်၊ ရှင်းလင်းသည်။ ယနေ့ တိ ဘက်နိုင်ငံသည် အဘယ်နေရာမှာ နည်း။ တိဘက်လူမျိုးသည် ကမ္ဘာ အနှံ့၌ ပျံ့ကြဲနေရသည်။
ယခုလည်း အရှေ့တောင် အာရှဒေသရှိ နိုင်ငံပေါင်းများစွာ နှင့် အာရှတိုက်မှ ဂျပန်၊ ကိုရီးယား တရုတ်နိုင်ငံတို့ပါ အသုံးပြုနေသော ကမ္ဘာ့ အဓိက ရေကြောင်း ဆက် သွယ်ရေးလမ်းဖြစ်သော တောင် တရုတ်ပင်လယ်ကို တရုတ်နိုင်ငံက သူပိုင်သည်ဟု ဆိုကာ၊ လက်နက် အင်အားနှင့် အနိုင်ကျင့်၍ အပိုင် သိမ်းရန် အမျိုးမျိုး ကြံစည်နေ၏။
အရှေ့တောင်အာရှနိုင်ငံ ၁ဝ နိုင်ငံ အဖွဲ့၏ အခြေခံမူတစ်ခုမှာ နိုင်ငံအားလုံး တစ်သဘောတည်း ဖြစ်ရမည် ဆိုသည့်အချက်ဖြစ် သည်။
ဆိုလိုရင်းမှာ အဖွဲ့တွင်း၌ သဘောထားမကွဲကြရန်၊ အစိတ် စိတ် အမြွှာမြွှာမဖြစ်ရန် ဦးတည်ခဲ့ ကြသည်။
ထိုအခြေခံမူကို ၁ဝ နိုင်ငံလုံး က ထိန်းသိမ်းခဲ့ကြသည်မှာ အာဆီ ယံနိုင်ငံအဖွဲ့ကြီးဖွဲ့စည်းပြီးကတည်း က ဖြစ်ပါ၏။
သို့သော် တရုတ်နိုင်ငံသည် သူ့အကျိုးစီးပွားအတွက်ကလွဲလျှင် မည်သည့်အချက်ကိုမှမကြည့်၊ မည်သည့်နိုင်ငံကိုမှ မကြည့်ပေ။ယခု တရုတ်နိုင်ငံက အာဆီယံ ၁ဝ နိုင်ငံထဲမှ နိုင်ငံအချို့ကို သွေးခွဲ၊ သွေးဆောင်၍ တစ်မျိုး အကျပ်ကိုင် ၍ တစ်ဖုံဖြားယောင်း ခဲ့သည်။
သို့ဖြစ်၍ တောင်တရုတ်ပင် လယ် အငြင်းပွားမှု၌ ဘရူနိုင်း၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့ က အာဆီယံအဖွဲ့ သဘောထား ထက်၊ တရုတ်နိုင်ငံဘက်ပါသွားခဲ့ ပြီးဖြစ်၏။
 တောင်တရုတ်ပင်လယ်တွင်း၌ နိုင်ငံပေါင်း ခြောက်နိုင်ငံက သူတို့ ရေပိုင်နက်အတွင်းရှိ ကျွန်းအချို့ကို သူတို့ပိုင်ဆိုင်သည် ဟု ကြေညာထားပါလျက်၊ တရုတ်နိုင်ငံကအင်အားသုံးပြီး ကျွန်းအချို့ပေါ်၌စခန်းဆောက်ခြင်းမှ အစပြုသည်။ ထို့နောက် လေယာဉ် ကွင်း တည် ဆောက်သည်။ ဆက်လက်၍ ဒုံး လက်နက်ပစ်စင်များ ဆောက်လုပ် သည်အထိ လွန်ကြူးစွာပြုမူလာခဲ့၏။
အထက်ပါဖြစ်ရပ်များမှာ လောလောဆယ်၊ အရှေ့တောင် အာရှဒေသနိုင်ငံများ ရင်ဆိုင်နေရ သော အဝေးတစ်နေရာမှ ရန်သူ မဟုတ်၊ အဝေးတစ်နေရာမှ နယ်ချဲ့အနိုင်ကျင့်သူ မဟုတ်ဘဲ၊ အိမ်နီး ချင်းနိုင်ငံဖြစ်လျက်၊ နိုင်လိုမင်း ထက် စိတ်ထားနှင့် ပြုမူနေခြင်း မျိုး ဖြစ်နေသည်။
တစ်ချိန်က တရုတ်နိုင်ငံမှ ကွန် မြူနစ်ဝါဒပျံနှံ့မှုကို စိုးရိမ်နေခဲ့ရ သော အာရှဒေသသည် ယခုအခါ တရုတ်နိုင်ငံ၏ နယ်ချဲ့ စော်ကား မှု နှင့် အနိုင်ကျင့်ခံနေရပြီဖြစ်၏။
အခြားတစ်ဖက်ရှိ တရုတ်ပြည် တွင်းရေး ပြဿနာ
တရုတ်နိုင်ငံ၏ ပြည်တွင်းရေး ကလည်း တည်ငြိမ်လှသည် မဟုတ်ပေ။
လက်ရှိသမ္မတ ရှီကျင့်ဖိန် သည် တရုတ်နိုင်ငံ၌ အမြစ်တွယ် နေသော လာဘ်ပေး လာဘ်ယူ လုပ်မှု၊ အလွဲသုံးစားလုပ်မှု၊ အကျင့် ပျက် ခြစားမှုများကို တစ်ဦးချင်းရှာ ဖွေဖော်ထုတ် အပြစ်ပေးလျက်ရှိ နေသည်။
သမ္မတရှီသည် အကျင့်ပျက် ဝန်ထမ်းများ၊ ပါတီဝန်ထမ်းများကို အစုလိုက် အပြုံလိုက် အပြစ်ပေး အရေးယူခဲ့ရုံ သာမက တရုတ် ကွန်မြူနစ်ပါတီကြီး၏ ဗဟိုကော်မ တီဝင်များ၊ စစ်ကော်မရှင် ဒုတိယ ဥက္ကဋ္ဌ အဆင့်များ၊ ပြည်သူ့တပ်နီ တပ်မတော်မှ ဗိုလ်ချုပ် များအထိ အရေးယူခဲ့သည်။
တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ၏ နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံ သည် ငါးနှစ်တွင် တစ်ကြိမ် ကျင်းပ လေ့ရှိ၏။
ယခုအခါ နောက်တစ်ကြိမ် ပါတီ ညီလာခံ ကျင်းပရန် တစ်နှစ် ခွဲခန့် လိုသေးသည်။
သို့သော် ကွန်မြူနစ်ပါတီတွင်း နေရာဖယ်ရှားပေးရမည့်သူနှင့် ထို နေရာများသို့ လူသစ်များ ရာထူး တိုးမြှင့်ပေးခံရမည့်အဖြစ် ကို တွေ့ ကြရမည်။
ယခုတစ်ကြိမ် တရုတ်နိုင်ငံ၏ ကွန်မြူနစ်ပါတီ ညီလာခံသည် ထူး ခြားသော ဖြစ်ရပ်များတွေ့ရမည်က သေချာနေပါ၏။
တရုတ်နိုင်ငံ၏ အာဏာအ စစ်မှာ တရုတ်ကွန်မြူနစ်ပါတီ၌ သာရှိ၏။
တရုတ်နိုင်ငံကို ဦးဆောင်ဦး ရွက်ပြုမည့် ခေါင်းဆောင်ဆိုသူ များကို မကြာမီ တွေ့ကြရမည်။
တရုတ်နိုင်ငံ၏ အမြင့်ဆုံး အာဏာအရှိဆုံး အဖွဲ့အစည်း၊ ဆုံး ဖြတ်ချက်များကိုချပေးသည်ဆို သည့် အမြဲတမ်း ပေါ်လစ်ဗြူရို ကော် မတီ ခုနစ်ဦးထဲမှ ငါးဦးသည် ၂ဝ၁၇ ခုနှစ် ရောက်သည်နှင့် အနားယူကြတော့မည်ဖြစ်၏။
အဆိုပါ အမြဲတမ်း ပေါ်လစ် ဗြူရိုဆိုသည့် ကော်မတီကို ဦး ဆောင်နေသည်မှာ ကွန်မြူနစ် ပါတီ၏ အထွေထွေအတွင်းရေမှူး သမ္မတ ရှီဖြစ်သည်။
၂ဝ၁၇ ခုနှစ် နောက်ပိုင်း ကာလ၌ တည်ရှိမည့် အမြဲတမ်း ပေါ်လဗြူရို ကော်မတီ၌ သမ္မတရှီ နှင့် ယခု ဝန်ကြီးချုပ် လီကာရှင်းတို့ က ဆက်လက်ရှိနေမည်ဖြစ်သည်။
ယင်းစကားလုံးများ၏ အဓိပ္ပာယ်မှာ နောင်တစ်ချိန် တရုတ်နိုင်ငံ၏သမ္မတဖြစ်လာမည့်၊ ရှီနေရာကို ဆက်ခံမည့် သူသည် ပေါ် လစ်ဗြူရို အဖွဲ့ ဝင်သစ် ငါးဦးထဲမှသာ ဖြစ်လာပေ တော့မည်။ အဆိုပါ အဖွဲ့ဝင် ၅ ဦးကို အမျိုးသားကွန်ဂရက် က ရွေးချယ်မဲ ပေး ကြရမည်။
မည်သူနောက်ရောက်၍ မည်သူ ရှေ့တက်လာသနည်း
ဝါရှင်တန်တွင် ပြုလုပ်ခဲ့သည့် သမ္မတ အိုဘားမားနှင့် သမ္မတရှီတို့ နှစ်ဦး မတ်လ ၃၁ ရက်နေ့ ထိပ် သီးအစည်းအဝေးအပြီး၌ တရုတ် နိုင်ငံ၊ နိုင်ငံရေး အသိုင်းအဝန်းတွင် တွေးစရာများ အစအနအဖြစ် တွေ့ ခဲ့ကြ၍ ဖြစ်သည်။
အထက်ပါ မတ်လ ၃၁ ထိပ် သီးအစည်းအဝေးသည် နိုင်ငံ တကာမှ ခေါင်းဆောင်များက နိုင်ငံ တကာ ညူလက်နက်များ လုံခြုံရေး အတွက် တွေ့ဆုံကြခြင်းဖြစ်သည်။
ထိုသို့ ထိပ်သီးအစည်းအဝေး များ၌ တက်ရောက်လာသော နိုင်ငံ ခေါင်းဆောင် အချို့သည် သီးခြား တွေ့ဆုံ ဆွေးနွေးလေ့ ရှိကြသည်။
ထိုသီးသန့် တွေ့ဆုံပွဲ၌ သမ္မတ ရှီနှင့် သမ္မတ အိုဘားမားတို့ နှစ်ဦး ၏ တွေ့ဆုံမှုမှာ  တစ်နာရီနှင့် မိနစ် ၄ဝ ကျော်ကြာသည်။ ထိုမျှ ကြာ သော အချိန်အတောအတွင်း သမ္မတ နှစ်ဦးလုံးက လောလော ဆယ် ကမ္ဘာပေါ်တွင် အများဆုံး စိတ်ဝင်အစားဆုံးဖြစ် သည့် တောင် တရုတ်ပင်လယ်အငြင်းပွားမှုနှင့် ပတ်သက်၍  ထုတ်ဖော်ဆွေးနွေးခဲ့ ကြခြင်း မရှိပေ။
ဧပြီလ ၁ ရက်နေ့ တရုတ် နိုင်ငံ ရုပ်သံ CCTV ၏ ညနေခင်း သတင်းအစီအစဉ်၌ ရှီနှင့် အိုဘား မားတို့နှစ်ဦး၏ တွေ့ဆုံမှုကို ပြသခဲ့ သည်။
သမ္မတနှစ်ဦးသည် သူတို့၏ အကြံပေးများနှင့် အတူ တွေ့ရ သည်။ ထိုအချိန်၌ သမ္မတ ရှီ၏ အကြံပေးနှစ်ဦးမှာ ဝမ်ဟူနင်း Wang Huning နှင့် လျူဟီ Liu He တို့ ဖြစ်သည်။
သမ္မတနှစ်ဦး ဆွေးနွေးပွဲ အ ချိန်ကာလသည် ရှည်ကြာလာသည် နှင့်အမျှ မကြာခဏဆိုသလို ရုပ်သံ ကင်မရာသည် လျူဟီကိုသာ အ ချိန်အတန်ကြာ ပြသလေ့ရှိ၏။
ပုံမှန်အားဖြင့် ကွန်မြူနစ်ပါတီ ဝင်များ၏ ရုပ်ပုံကိုသာ ဖော်ပြ လေ့ရှိသည်။ ပမာအားဖြင့် ဝမ်ဟူ နင်းသည် ရှေးယခင် ကတည်း က နိုင်ငံရေးဆိုင်ရာ အကြံပေး ပုဂ္ဂိုလ် ဖြစ်သည့်နှင့်အညီ ပေါ်လစ်ဗြူရို အဖွဲ့ဝင် တစ်ဦးလည်းဖြစ်နေသည်။ ဝမ်သည် ရှီ၏ ဘေး၌ ထိုင်နေပါ လျက် ကင်မရာသည် အဘယ့် ကြောင့် လျူပုံကိုသာ မကြာခဏ ဖော်ပြနေပါသနည်း။ လျူသည် စီး ပွားရေး အကြံပေး သာဖြစ်သည်။ ပုံ မှန်သာဆိုပါက ဝမ်သည် ဥက္ကဋ္ဌ၏ ဒုတိယ အတန်း၌ ထိုင်နေသူဖြစ်ပါ လျက် ကင်မရာက ဝမ်ကို မပြဘဲ လျူကို သာ အဘယ်ကြောင့် ထပ် ကာတလဲလဲပြသနေရသနည်း။
ဝမ်၏ အဆင့်အတန်းမှာ သာ မန်အကြံပေးမဟုတ်။ ရှေ့ရှေ့က သွားလေသူ သမ္မတများဖြစ်သည့် ကျန်ဇီမင်း၊ ဟိုကျင်တောင်း တို့၏ နိုင်ငံရေး အကြံပေး တာဝန်ထမ်း ဆောင်ခဲ့ပြီး ယခု သမ္မတရှီကိုလည်း နိုင်ငံရေးအရ အကြံပေးအဖြစ် တာဝန်ယူထား သူဖြစ်သည်။
ထိုထက်ပို၍ အဆင့်အနေနှင့် ဖော်ပြရပါလျှင် ဝမ်သည် တရုတ် နိုင်ငံ ကွန်မြူနစ်ပါတီ၏ ထိပ်တန်း ပေါ်လစ်ဗြူရို ၂၅ ဦးပါသော အဖွဲ့ ၌လည်း တစ်ဦးအပါအဝင်ဖြစ်နေ သည်။
သူသည် ရှန်ဟဲမြို့၏ ဂုဏ် သိက္ခာမြင့်မားသော ဖူဒန် Fudan တက္ကသိုလ်မှ ပါမောက္ခတစ်ဦးဖြစ် သည်။ ထိုအဆင့်မှ ကျန်ဇီမင်းက သူ့ကို အကြံပေးအဖြစ် ခေါ်ယူခန့် ထားခဲ့ခြင်းဖြစ်သည်။
လျူ၏ လက်ရှိတာဝန်မှာ ဘဏ္ဍာရေးနှင့် စီးပွားရေးရာ ဗဟို ဦးဆောင်အဖွဲ့ရုံး၏ ညွှန်ကြားရေး မှူးဖြစ်သည်။ ထိုအဖွဲ့သည် ကွန်မြူ နစ်ပါတီ ၏ စီးပွားရေးဆိုင်ရာ ထိပ် တန်းအဖွဲ့အစည်းဖြစ်၏။
ထို့ပြင် လျူသည် အမျိုးသား ဖွဲ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်း လဲရေး ကော်မရှင်၏ ဒုတိယ ဥက္ကဋ္ဌလည်းဖြစ်သည်။
 လျူသည် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ အဖွဲ့ဝင်ဖြစ်သော် လည်း ပုဂ္ဂိုလ်ရေး အဆင့်အတန်း အရ ဝမ်ထက် နိမ့်သည်။
သို့သော် ဝမ်၏ နေရာဟု သတ်မှတ်ထားမှုနှင့် လျူ၏ နေ ရာသတ်မှတ်ထားမှုသည် ထုံးတမ်း စဉ်လာဖြစ်မနေခြင်းက ထူးခြား၏။ ယင်းအဆင့်ကို ကြည့်ရခြင်းဖြင့် ခေါင်းဆောင်တို့၏ တိတိကျကျ နေရာပေးကာ ပါတီ၏ အမွေစား အမွေခံအဖြစ် သတ်မှတ်လိုက် သည့် သားဟု  ဆိုရမည်။
ယင်းဖြစ်ရပ်သည် ထူးထူးခြား ခြား တိုက်ဆိုင်မှုတစ်ခုဟု သတ်မှတ်၍ မရသည့်ဖြစ်ရပ်ကလည်း ရှိနေသေး၏။ သမ္မတရှီ သည် တောင် ၏ကိုရီးယားနိုင်ငံ သမ္မတပတ် ဂွန်ဟေးနှင့် ဝါရှင်တန်၌ တွေ့ဆုံပြီး၊ သမ္မတ အိုဘားမားနှင့် တွေ့ဆုံစဉ် ၌လည်း ဝမ်သည်နေရာပေးမခံခဲ့ ရပေ။
တရုတ်နိုင်ငံ နိုင်ငံရေး အ သိုင်းအဝန်းမှ သုံးသပ်သူတစ်ဦးက ''CCTV ရုပ်သံ ဖော်ပြချက်အရဆို ရင် လျူဟာ ထုံးတမ်းစဉ်လာ မဟုတ်တဲ့ ရာထူးတိုးမြှင့်မှုတစ်ခုကို ကွန်မြူနစ်ပါတီ ညီလာခံမှာ တွေ့ရ ပါလိမ့်မယ်'' ဟု ပြောသည်။ပါတီ တွင်း၌ ဖြစ်ပျက်နေ သည့် ဖြစ်ရပ် တစ်ခုမှာ လျူနှင့် ပတ်သက်၍ တာဝန်များ တိုးတိုးပေးခြင်းခံရပြီး သူ၏ နိုင်ငံရေး အနာဂတ်သည် တောက်ပနေပြီဟု ဆိုကြသည်။
တရုတ်နိုင်ငံ မူဝါဒလုပ်ငန်းများ အစီအစဉ်နှင့် နီးစပ်သူတစ်ဦးက ''လျူဟာဝမ်ရဲ့ တချို့တာဝန် တွေကို လက်လွှဲယူပြီး လုပ်ဆောင်နေ တာတွေ့ရတယ်''ဟု ပြောသည်။
သမ္မတ ရှီ၏ မိန့်ခွန်းမှန်သမျှ အထူးသဖြင့် စီးပွားရေးနှင့် ပတ် သက်လျှင် လျူကချည်း ရေးပေးရ သည်ဟုလည်း ဆိုကြသည်။
တီးတိုးထွက်ပေါ်လာသော သတင်းများအရ လာမည့် ကာလ အ တွင်း လျူသည် ပေါ်လစ်ဗြူရို အ ဖွဲ့ဝင်ဖြစ်ကာ ပို၍ ထွန်းတောက် လာ မည့် ကြယ်တစ်ပွင့်ဟုဆိုကြသည်။
အမြဲတမ်း ကော်မတီ၌ အဖွဲ့ ဝင်ဖြစ်လာခြင်းကို ၂ဝ၁၇ ခုနှစ် ပါတီ ညီလာခံ၌ တွေ့ရမည်ဟု ခန့် မှန်းကြသည်။
အဖွဲ့ဝင် ခုနစ်ဦးပါသော အမြဲ တမ်းပေါ်လစ်ဗြူရိုအဖွဲ့၌ သမ္မတရှီ နှင့် ဝန်ကြီးချူပ် လီတို့က ပါဝင်ပြီး ဖြစ်၍ ကျန်အဖွဲ့ဝင် ငါးဦးထဲ၌ လျှူ က တစ်ဦးဖြစ်ကာ ကျန်လေးဦးကို ဆွဲယူခန့်ထားရုံသာရှိ၏။
ပါတီ၏ စည်းကမ်းအရ အမြဲ တမ်း ပေါ်လစ်ဗြူရို အဖွဲ့ဝင်များ သည် အသက် ၆၈ နှစ် ရောက် သည်နှင့် အနားယူကြရသည်။ ထို ကာလ၌ ပါတီ ညီလာခံနှင့် ကြုံ သည်နှင့် အငြိမ်းစား ယူကြရရိုး ထုံး စံရှိပါ၏။
လာမည့် ပါတီညီလာခံ ရောက်သည့် အချိန်တွင် လျူက ၆၅ နှစ်၊ ဝမ်က ၆၂ နှစ်ပြည့်ကြမည်။
ရင်ချင်းအပ် ကြီးကျယ်မြင့်မား လာခြင်း
လျူနှင့် ရှီတို့၏ နီးစပ်မှုမှာ ပါတီဝင် အချင်းချင်း မွေးစားခံရ ခြင်းပမာထက် ပိုနက်ရှိုင်း၏။ သူတို့ နှစ်ဦးသည် ငယ်ရွယ်စဉ် ကလေး ဘဝကတည်းက ရင်းနှီးခဲ့ကြသော သူငယ်ချင်းများဖြစ်သည်။
ကွန်မြူနစ်ပါတီဝင်များနှင့် စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်ကြီးများ၏သားသမီးများသာ ထားလေ့ရှိသည့် ပေကျင်းမြို့ ၁ဝ၁ မူလ တန်းကျောင်း ၌ အတူတက်ခဲ့ကြပြီး ထိုအရွယ်က တည်းက ရှီသည် လျူအပေါ် လုံးဝ ယုံကြည်စိတ်ချသည်။ သမ္မတ ရှီ၏ ယုံကြည် ရဆုံး လူအနည်းစုထဲ၌ လျူသည် တစ်ယောက်အပါ အဝင် ဖြစ်သည်။
 ပေကျင်းမြို့ ဆင်ဟွာ Tsinghua တက္ကသိုလ်မှ ဘွဲ့ရပြီးနောက် ရှီ သည် စစ်ကော်မရှင်၌ တာဝန်ထမ်း ဆောင်ရသည်။ ဗဟို စစ်ကော်မ ရှင်ဆိုသည်မှာ နိုင်ငံ၏ အမြင့်မားဆုံး တပ်အဖွဲ့အစည်းဖြစ်သည်။
လျူသည်လည်း စစ်ဘက်နှင့် ပတ်သက်နေသည်။ သူသည် တပ် မဟာ ၃၈ ၌ တာဝန် ထမ်းဆောင်ရ သည်။
ဤကဲ့သို့ တပ်နှင့်ပတ် သက်၍ နောက်ခံဇာတ်ကြောင်းရှိ ခြင်းကပင် သူတို့နှစ်ဦးအတွက် ပို၍ ရင်းနှီးစေသည်။
လျူသည် နောက်ပိုင်း၌ ဟား ဗတ်တက္ကသိုလ်၏ JohnFKennedy  ဂျွန်အက်ဖ်ကနေဒီ ကျောင်း၌ တက်ခွင့်ရသည်။ အမေရိကန်နိုင် ငံ ၏ စီးပွားရေးမည်သို့ မည်ပုံ တည်ဆောက်ထားပုံကို သိရှိသွား သည့်အပြင် အမေရိကန်နိုင်ငံနှင့် လည်း သူကိုယ်တိုင် အဆက်အ သွယ်များရခဲ့သည်။
၁၉၉၈ ခုနှစ်၌ တရုတ် ဘောဂ ဗေဒပညာရှင် ၅ဝ ဖိုရမ်အမည်နှင့် အရပ်သားပညာရှင် အဖွဲ့အစည်း တစ်ခု တည်ထောင်သည်။ ကမ္ဘာ့ ဘဏ်ရှိ တရုတ်ပညာရှင်များ နိုင်ငံ ကျော် ပညာရှင်များအထိ ပါဝင် သည်။
ထိုကာလတစ်လျောက်၌ လျူ သည် တရုတ်နိုင်ငံ၏ စီးပွားရေးမူ ကို ချမှတ်ပေးသည်  ပညာရှင်တစ် ယောက်ဖြစ်လာခဲ့၏။
ယင်းအချိန်ကာလသည်၂ဝ၁၂  ခုနှစ် ရှီက နိုင်ငံခေါင်းဆောင်ဖြစ်မ လာမီက ဖြစ်ရပ်များ ဖြစ်၏။
 နောက်ပိုင်း၌ လျူသည် နိုင်ငံခေါင်းဆောင်များ၏ စီးပွားရေး အကြံပေးအဖြစ် တာဝန်ယူရကာ ထင်ရှားကျော်ကြားလာ၏။
၂ဝ၁၃ ခုနှစ်က အမေရိကန် နိုင်ငံ၏ အမျိုးသားလုံခြုံရေး အကြံ ပေး သောမတ် ဒွန်နီလွန် Thomas Donillon သည် ပေကျင်း သို့ ရောက်လာသည့်အခါ သမ္မတရှီက သူ့သူငယ်ချင်းကို သောမတ်ဒွန်နီ လွန်နှင့် မိတ်ဆက်ပေးခဲ့၏။
''သူက လျူဟီလေ၊ ကျွန်တော့် အတွက်တော့ သူက သိပ်အရေးကြီး တယ်လေ''ဟု ဖြည့်စွက်ပြောခဲ့ဖူး၏။
အထက်ပါ စကားရပ်လေး တစ်ခုသည် အလွန်ထူးခြားသည့် အ ဖြစ်ဟု သတ်မှတ်ရပေတော့မည်။
ယင်းစကား၏ နောက်ကွယ်၌ အဓိပ္ပာယ် မြောက်မြားစွာပါဝင်နေ သည်။ ထိုအချိန်က လျူဆိုသည့် ပုဂ္ဂိုလ်ကို မည်သူကမှ အသိ အမှတ် မပြုမိသေးသည့် အချိန်၌ သမ္မတ ရှီက သူနှင့် လျူတို့သည် အလွန် ရင်းနှီးသည့် ပုဂ္ဂိုလ်ဖြစ်နေခြင်းကို ထုတ်ဖော်ပြောဆိုရင်း၊ ကမ္ဘာသိ ကြေညာလိုက်သည့် ပုံစံမျိုးဖြစ်သွား သည်။
အတွင်းစည်းမှလူ
အထက်ပါ ဖြစ်ရပ်သည် လွန် ခဲ့သည့် ၁ဝ နှစ်ခန့်က ထူးခြားသော အတွေ့အကြုံတစ်ခုဟု ဆိုရမည်။
ထိုစဉ်က ရှီကိုယ်တိုင်ပင်၊ တစ်နေ့နိုင်ငံခေါင်းဆောင်ဖြစ်လာ နိုင်သည်ဟု အသိအမှတ်ပြုခံရ သည့် အချိန်ဖြစ်၏။
ထိုကာလက ရှီအနေနှင့် သူ့ ကိုယ်သူ ပြန်လည်သုံးသပ်ကာ သူ နှင့် အရင်းနှီးဆုံး သူ့အနီး၌ ရှိရ မည့် လူများကို စုစည်းနေသည့် အချိန်ကာလဟု ဆိုနိုင်သည်။ သူ ၏ အတွင်းလူများ သူ့အရင်းနှီးဆုံး အပေါင်းအသင်းများ တတ်နိုင်သမျှ ရှာဖွေစုစည်းနေသည့် ကာလလည်း ဖြစ်သည်။
တရုတ်နိုင်ငံ၏ နိုင်ငံရေးနယ် ၌ အချင်းချင်းပင် ဇာတ်တူသားစား ခဲ့ကြသည့် သာဓကများ ရှိခဲ့ဖူး၍ သူ့ကို ထောက်ခံ၊ ကူညီ၊ ပံ့ပိုး မည့် လူကို သာဦးစားပေးရှာဖွေနေရ၏။ သို့ဖြစ်၍ လျူကဲ့သို့ သူ၏ ငယ် ပေါင်းကြီးဖော်များ မိတ်ဆွေသူငယ် ချင်းများကသာ ရှီ၏ သက်ရှင်ရပ် တည်ရေးကို ကူညီမည် ပံ့ပိုးမည် ထောက်ပံ့မည်ဖြစ်သည်။
လျူ၏ သြဇာအာဏာနှင့် လုပ် ပိုင်ခွင့်သည် စီးပွားရေး အသိုင်းအ ဝိုင်းနယ်ကို ကျော်လွန်၍ နိုင်ငံရေး နယ်ပယ်တွင်းသို့ ပျံ့နှံ့ရောက် ရှိ သွားဖွယ်မရှိနိုင်ပေ။
သို့သော် နိုင်ငံတစ်နိုင်၌ ကွန် မြူနစ်ပါတီက အရာအားလုံး၌ ဝင် ရောက်စွက်ဖက် သိမ်းကျုံးယူထား သည် ဆိုပါလျှင် နိုင်ငံရေးနှင့် စီး ပွားရေးကို သီးခြားစီဟု ခွဲခြားထား ၍ မရနိုင်တော့ပေ။
ယခုကဲ့သို့ တရုတ်နိုင်ငံ၏ စီး ပွားရေး နှေးကွေးစွာ ထိုးစိုက်ဆင်း နေချိန်၌ ရှီ၏ အစိုးရသည် နိုင်ငံ စီးပွားရေး တည်ငြိမ်စွာ ဖွံ့ဖြိုးရေး အတွက် ကိုင်တွယ်မောင်းနှင်ရန် အခက်အခဲများစွာနှင့် ရင်ဆိုင်နေ ရသည်။
ယင်းအချိန်၌ လျူ၏ ကံ ကြမ္မာသည် မည်သို့ဖြစ်မည်နည်း။ နိုင်ငံခေါင်းဆောင်အနား၌ စိန်ခေါ် မှုများကို မည်ကဲ့သို့ အနီးကပ် အ ကြံဥာဏ်ပေးကာ ထိန်းသိမ်း တည့် မတ်မည်နည်း။
နိဂုံး
ယနေ့ တရုတ်နိုင်ငံ၏ ရှေ့ လျှောက်ရမည့် လမ်းသည် မည်သို့ ဖြစ်မည်နည်း။
အထက်ပါ မေးခွန်းအတွက် အဖြေကို ထုတ်ကြည့်ကြသည့် အခါ...
အလွန် အန္တရာယ်ကြီးသော ရလဒ်တစ်ခု ကြုံကြရတော့မည်ဟု ယူဆထားကြသည်။
တစ်နည်းဆိုရသော် တရုတ် နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု သည် မကြုံစဖူး ထူးကဲစွာ တိုးတက် နေခဲ့သည် မှာ နှစ်ကာလ ရှည်ကြာပြီ ဖြစ်သည်။
ထိုသို့ တိုးတက်မှုများလျှောဆင်းမသွားစေရန် တရုတ်နိုင်ငံအစိုးရ အဆက်ဆက်သည် ဖြစ်နိုင်သမျှ နည်းပေါင်းစုံနှင့် အတင်း မောင်းနှင် ခဲ့ကြသည်။
 နိုင်ငံသူနိုင်ငံသားများအ တွက် တန်ဖိုးနည်းအိမ်ရာ၊ တန်ဖိုး မျှ အိမ်ရာ စသဖြင့် ပုံစံအမျိုးမျိုး နှင့် လုပ်ငန်းများ ချဲ့ထွင် တရုတ် ပြည် သူများ အလုပ်နှင့်လက် မပြတ်စေရန် စီမံကိန်းချခဲ့သည်။
 နောက်ဆုံး ထိုအိမ်ရာများ၌ နေမည့် လူမရှိ၍ တစ္ဆေမြို့တော်ဟု အမည်ပေးရသည့်အထိ ပြင်မဆုံးသည့် အိမ်ရာများဖြစ်ပေါ် လာခဲ့ ရသည်။
သို့သော် ဖွံ့ဖြိုးမှုနှုန်းကို ထိုသို့ အဆံမဲ့အမြောက်များဖြင့် ထိန်း ထားခဲ့သည်မှာ ကြာရှည်လာ၍ နိုင်ငံ လည်း မောပန်း၊ ပြည်သူ လည်း မောပန်း၊ နိုင်ငံစီးပွားရေးလည်း မောပန်းကာ တက်နေသော ရာခိုင်နှုန်းများသည် ဘေးသို့ စောင်း၍ တန်း နေရာမှ ယခုအောက် သို့ တဖြည်း ဖြည်း စိုက်စိုက်ဆင်းနေပေပြီ။
ယင်းအချိန်၌ တရုတ်နိုင်ငံ ခေါင်းဆောင်များသည် မိမိတို့ ကိုယ် မိမိတို့ ဝေဖန်ရေးဆိုသော ရှေးဦး ကွန်မြူနစ်တို့၏ မူလတန်း အဆင့်လက်သုံးစကားကို ပြန်သတိ ရသည့်အခါ သက်ကြီးရွယ်အိုများ နေရာ၌ လူငယ်မျိုးဆက်များ ခန့် အပ်မှသာ နိုင်ငံ၏ ခိုင်မာစွာချထား သော မူများဖြစ်၍ ရမည်ကို သိ လာသည်။
တစ်ချိန်တည်း၌ မိမိတို့ အင် အားချည်နဲ့နေသည်ကို ကမ္ဘာအပါ အဝင် အိမ်နီးချင်းနိုင်ငံများက မသိ စေရန် မိုက်ကြေးခွဲရန် ပြင်ဆင် လာခဲ့သည်။
သို့နှင့် တောင်တရုတ်ပင် လယ်တစ်ခုလုံး မိမိတို့သာ ပိုင်ဆိုင် သည်ဟု လူမိုက်ဆန်ဆန်စကား များ နိုင်ငံတကာအလယ်၌ ပြော ထွက်လာတော့၏။
စကားနှင့်သာမက လက်တွေ့၌လည်း ထိုကျွန်းများပေါ်၌ လမ်းများဖောက် အိမ်ခြေများဆောက် စခန်းချ လေယာဉ်ပြေး လမ်းဖောက်။
အိမ်နီးချင်းနိုင်ငံများနှင့် ကမ္ဘာ က လက်မခံသည့် အခါ တရုတ် နိုင်ငံမည်သို့ ပြုလုပ်မည်နည်း။
တစ်ခုသာရှိတော့၏။ စစ်ပြင် ဆင်ရတော့သည်။ အသက်ကြီး ကာမှ   လူမိုက်ဘဝရောက်ရသည့် အဖြစ်သို့ မရောက်မဖြစ်ရောက် သွားရတော့သည်။
 နိုင်ငံရေးသမားက စစ်တိုက် ရန် ပြင်ဆင်ပါက တပ်မတော်က လက်သင့်မခံလျှင် နောင်တစ်ကြိမ် အရှက်အကွဲမခံနိုင်။ ထို့ကြောင့် သမ္မတရှီသည် သမ္မတဖြစ်ပါလျက်၊ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ဖြစ်ပါ လျက်၊ ကွန်မြူနစ်ပါတီ၏ အာဏာ အရှိဆုံး အထွေထွေ အတွင်းရေးမှူး တာဝန်ယူထားပါလျက်၊ တရုတ် ပြည်သူ့တပ်မတော်၏ စစ်သနာ ပတိရာထူးယူကာ စစ်ယူနီဖောင်း ဝတ်ပြရတော့ သည်။
သူကိုယ်တိုင် စစ်သေနာပတိ ရာထူးယူ၍ တရုတ်နိုင်ငံ၏ စစ် တပ်ကို ကိုင်ပြလိုက်ခြင်းသည် မည်သည့် အချိန်ဖြစ်စေ၊ စစ်တိုက် ခိုက်ရန် အမိန့်ပေး၍ ရသည်ဆို သော အဓိပ္ပာယ်ကို ထုတ်ဖော်ပြ သလိုက်ခြင်းပင် ဖြစ်သည်။
 မိမိပါတီတွင်း၌ မိမိကို ပခုံး ချင်းယှဉ်မည့် လူမှန်သမျှ၊ မိမိက ရိုသေရမည့် လူမှန်သမျှ ပါတီမှ အနားပေးလိုက်ပြီးပြီ။
မိမိသည် စစ်သေနာပတိ ရာ ထူးယူပြီးပြီ။ ကမ္ဘာပေါ်ရှိ မည်သို့ သောနိုင်ငံ၊ မည်သို့သော စစ်တပ်၊ မည်သို့သော သမ္မတဖြစ်စေ၊ မိမိ ယှဉ်တော့မည်ဟု တရုတ်နိုင်ငံက ကြွေးကြော်လိုက်သည့် အလား...။

Soe Min Oo
Source; by Katsuji Nakaza: Xi buddy Liu set to Leapfrog his way into China's Leadership Apr.23. 2016  
Ref: Myanmar Market Special Report Categories 

MFM News & Media

တရုတ်နှင့် အမေရိကန်ကြား ညပ်နေသော နိုင်ငံများ

တရုတ်နှင့် အမေရိကန်ကြား ညပ်နေသော နိုင်ငံများ 


တောက်ပသော နေရောင်အောက်
အမေရိကန်နိုင်ငံ မိုဟာဗီ Mojave သဲကန္တာရအစွန် ရန်ချို မီရတ် Rancho Mirage မြို့ရှိ Sunng Lands အပန်း ဖြေစခန်း တစ်ခုသို့ အမေရိကန်သမ္မတ ရောက်လာကာ ဓာတ်ပုံသမားများဘက်သို့ လှည့်၍ ပြုံးပြ၏။
ထိုနေရာ၌ သမ္မတအိုဘားမားက ပထမဦးဆုံးအနေနှင့် အိမ်ရှင်အဖြစ်လက်ခံကာ အရှေ့တောင်အာရှဒေသနိုင်ငံ များ၏ ခေါင်းဆောင် များနှင့် ထိပ်သီးအစည်းအဝေးကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့၌  ကျင်းပခဲ့ခြင်းဖြစ်သည်။
ယင်းထိပ်သီးတွေ့ဆုံမှုသည် ထုံးတမ်းစဉ်လာ မဟုတ် သော လုပ်ရပ်ဖြစ်သည်နှင့်အညီ တွေ့မြင်နေရသည့် မြင်ကွင်း ကလည်း အံဝင် ခွင်ကျဖြစ်မနေပေ။ အဘယ်ကြောင့်ဆို သော် ဒီမိုကရေစီ  ထိပ်တန်းအဆင့်နိုင်ငံကြီးတစ်ခု၏ ခေါင်း ဆောင်ဆိုသူက အချို့က အရွေး ချယ် ခံ၊ အချို့က အာဏာ ရှင် ပုံသဏ္ဌာန်နိုင်ငံမှ ခေါင်းဆောင်များကို နွေးထွေးစွာ ကြို ဆိုဧည့်ခံနေ၍ ဖြစ်ပါ၏။
သတင်းသမားများသာမက သတင်းဆောင်းပါးရေးနေ သည့် သုတေသီများပင် မျက်စိလည်စရာ မြင်ကွင်း။
သို့လော သို့လော ဖြစ်စရာအကြောင်းကလည်း ရှိပါ ၏။
အဆိုပါ ထိပ်သီးအစည်းအဝေးသို့ ဖိတ်ကြားခံရ၍ တက်ရောက်လာသော အာဆီယံအဖွဲ့ဝင် ခေါင်းဆောင်များ ဆိုသည်က အများ အားဖြင့် မျက်နှာနှစ်ခုနှင့် လူများဖြစ်နေ သောကြောင့်ပင်။
တစ်ခုသော မျက်နှာက အာရှဒေသမှ တစ်ခုတည်းသော အင်အားကြီး တရုတ်နိုင်ငံကိုပြုံးပြ၊ မျက်နှာချိုသွေးပြ နေရသည့် လာအို၊ မြန်မာ၊ ကမ္ဘောဒီးယားကဲ့သို့ သော  နိုင်ငံများ။ ထိုနိုင်ငံများ၏ နိုင်ငံရေး ပုံစံက လည်း သတ်သတ်မှတ်မှတ် ပြော၍မရ၊ နှုတ်ဖျား က ဒီမို ကရေစီ တွင်တွင်ပြောနေပြီး လက်တွေ့ ၌ အာဏာရှင်ပမာပြုမူနေတတ်သူများ။
စင်ကာပူ၊ ကမ္ဘောဒီးယား၊ ထိုင်းနိုင်ငံတို့က အာဏာရှင်တစ်ပိုင်း ဆိုရှယ်လစ်တစ်စိတ်၊ စစ် အာဏာရှင် အပြည့်နိုင်ငံများ ဖြစ်နေသည်။
အခြားမျက်နှာတစ်ခုကား ထိုနိုင်ငံများကို ရှေးတစ်ချိန်က အခြေခံအချက်က အိပ်မက်တစ္ဆေပမာ ခြောက်လှန့်လျက်ရှိသည့် တရုတ် နိုင် ငံ။
လွန်ခဲ့သည့် နှစ် ၆ဝ ခန့်က တရုတ်နိုင်ငံသည် အာရှဒေသ၌ တစ်ခုတည်းသော ကွန်မြူနစ်နိုင်ငံ အဖြစ်သို့ ရောက်နေချိန်၊ ကမ္ဘာ ပေါ် ရှိနိုင်ငံ အားလုံး ကွန်မြူနစ် စနစ်လွှမ်းမိုးပြီး နိုင်ငံတကာ ကွန် မြူနစ်ဝါဒ ပျံ့နှံ့ပြီး၊ ကွန်မြူနစ် နိုင်ငံများ ဖြစ်ရမည်ဆိုသော ရည် ရွယ်ချက်ဖြင့် သူ့အိမ်နီးချင်း နိုင်ငံ များရှိ အစိုးရ၏ အတိုက်အခံ ကွန် မြူနစ်များကို အားပေးအားမြှောက် ပေါ်ပေါ်ထင်ထင်ပြုခဲ့သည်။
တရုတ်နိုင်ငံနှင့် အနီးကပ်ဆုံး ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ မြန်မာ၊ အင်ဒိုနီးရှား နိုင်ငံများ၌ ကွန်မြူနစ်  လှုပ်ရှားမှုများ အားလုံး တရုတ်နိုင်ငံ ကြီးက နောက်ကွယ်မှ ကြိုးကိုင်ခဲ့ သည်။ လက်နက်များပံ့ပိုးပေးခဲ့ သည်။
ထိုရန်အစွယ်စွယ်ကို ထိုစဉ်က အရှေ့တောင်အာရှဒေသမှ နိုင်ငံခေါင်းဆောင်များက သဘော ပေါက်ကာ တို့အားလုံး တစ်စုတည်း တစ်စည်း တည်းဖြစ်မှ အင်အားရှိ မည်။ အားလုံး ညီညီညွတ်ညွတ်ဖြင့် ကွန်မြူနစ်ရန်ကို တွန်းလှန်ကြမည် ဟု ကြံရွယ်ခဲ့ကြသည်။
ထိုအချိန်က အရှေ့တောင် အာရှဒေသရှိ နိုင်ငံခေါင်းဆောင် များ တရုတ်နိုင်ငံကို စိုးရိမ်ပုံမှာ ယခုစိုးရိမ်သည့် ပုံသဏ္ဌာန်နှင့် လား လားမှ မတူသည်က လုံးဝသေချာပါ ၏။
ကွန်မြူနစ်ဝါဒ ကြီးစိုးကာ ဒေသတစ်ခုလုံး ပျံ့နှံ့သွားမည်။ နိုင်ငံအားလုံး၌ ကွန်မြူနစ် လှုပ်ရှား သူများ လှုပ်ရှားခွင့်ရလာမည်ဟူ သော စိုးရိမ်ပူပန်မှုသာ  ထိုစဉ်က ရှိခဲ့၏။
ဆိုလိုသည့် အဓိပ္ပာယ်မှာ ယနေ့ တရုတ်နိုင်ငံက တောင် တရုတ်ပင်လယ်သည် သူတစ်ဦး တည်းပိုင်သည်ဆိုသည့် နယ်ချဲ့ နိုင်ငံ၏ စကားမျိုး ပြောလိမ့်မည်ဟု ထိုစဉ်က အာရှခေါင်းဆောင်များ ကြိုတင် သိရှိခြင်း မရှိသည်က သေ ချာလှပါ၏။
သို့ဖြစ်၍ ထိုစဉ်က အရှေ့ တောင်အာရှဒေသ၌ ဖိလစ်ပိုင် နိုင်ငံတစ်ခုတည်း၌သာရှိသော အမေရိကန်တို့ စစ်စခန်း ဆူဘစ် ဘေး Subic Bay နှင့် ကလပ် Clark လေတပ်စခန်းကဲ့သို့သော စစ်စခန်းများကို ဖယ်ရှားပေးရန် အခြား နိုင်ငံများက သာမက ဖိ လစ်ပိုင် ပြည်သူများကပါ တောင်း ဆိုခဲ့ကြသည်။
ဆိုလိုသည်မှာ ထိုစစ်စခန်း နှစ်ခုကိုအကြောင်းပြု၍ တရုတ်နိုင်ငံရှိ ကွန်မြူနစ်များက ရန်ရှာမည်ကို စိုးရိမ်၍ အာရှဒေသ မှ ခေါင်းဆောင် များသည် ရန်ကို ကြို တင်ရှောင်ခဲ့သည်။
ထိုထက် တစ်ဆင့်တိုး၍ အ ရှေ့တောင်အာရှဒေသ ကျွန်းဆွယ် ရှိ နိုင်ငံများ စုစည်း၍ အာဆီယံ Asean ဆိုသော အဖွဲ့ကြီး တစ် ခုဖွဲ့ကာ နိုင်ငံ ၁ဝ နိုင်ငံ စုပေါင်း၍  တရုတ်နိုင်ငံကို လက်တွဲမဖြုတ်ဘဲ ရင်ဆိုင်ကြမည်ဟု ရည်ရွယ်ခဲ့ကြ သည်။
တစ်ချိန်က ဖိလစ်ပိုင်နိုင်ငံ၌ အမေရိကန်တို့ စစ်စခန်းများတည် ရှိရာ ဆူဘစ်ဘေးနှင့် ကလပ်တို့ နေရာကို တရုတ်တို့က ယခုအခါ သူပိုင်သည်ဟု တောင်းဆိုနေပေပြီ။
ယခုသော် ဖိလစ်ပိုင်နိုင်ငံက အမေရိကန် ရေတပ်အကူအညီကို ပြန်ခေါ်နေရသည်။
ထိုသို့သော အရှုပ်အထွေးကာလ၌ တစ်နိုင်ငံတစ်မျိုးဖြစ်နေသော အရှေ့တောင်အာရှဒေသမှ နိုင်ငံ ခေါင်းဆောင်များကို ဒီမိုကရေ စီ ရှေ့ဆောင် အမေရိကန်နိုင်ငံမြို့ကြီးတစ်ခု၌ ထိုနိုင်ငံ၏ သမ္မတက နွေးထွေးစွာ ကြိုဆိုဧည့်ခံနေသည်ကို မြင်ရသည့် သတင်း သမားများ၊ သုတေသီများ၊ အမေရိကန် ပြည် သူများ၏ မျက်စိထဲ၌ စနိုးစနောင့် ဖြစ်မည်က သေချာပါ၏။
အောက်ခြေလူတန်းစားများ၏ ဆန္ဒပြမှု
အချို့သော အမေရိကန်နိုင်ငံ သားများကလည်း အမေရိကန် အ စိုးရ၏ ထိုသို့သော ရပ်တည်နေမှု ပုံစံမျိုးကို လက်သင့်မခံကြပေ။
အမေရိကန် သမ္မတနှင့် အာ ရှဒေသမှ နိုင်ငံခေါင်းဆောင်များဟု အမည်ခံထားသော ပုဂ္ဂိုလ်ကြီးများ တို့ တွေ့ဆုံဆွေးနွေးရာ နေရာနှင့် ကီလိုမီတာ အနည်းငယ် ကွာဝေး သောနေရာ၊ သာမန်အရပ်သား မော်တော်ယာဉ်များ သွားလာ ခွင့် ပြုထားသည့် နေရာအနီးမှနေ၍ ရာဂဏန်းမျှရှိသောလူအနည်းငယ် ခန့်က စုဝေးပြီး ဆန္ဒပြနေခဲ့ကြ သည်။
ထိပ်သီးအစည်းအဝေးကျင်း ပသည့် နေရာသို့ သူတို့၏ သမ္မတ များ တက်ရောက်ခြင်းကို မကျေ နပ်ကြောင်း ဆန္ဒပြနေကြသည်။
အစည်းအဝေးလာတက်သော သူတို့နိုင်ငံခေါင်းဆောင်သည် လူ့ အခွင့်အရေး ချိုးဖောက်သည်ဟု ကမ္ဘောဒီးယား၊ ထိုင်း၊ ဗီယက်နမ်မှ ဆန္ဒပြသူများက ပြောကြသည်။
ထိုသို့ ဆန္ဒလာရောက်ပြသကြ သူများသည် ရွှေ့ပြောင်းလာသူများ နှင့် အရှေ့တောင်အာရှနိုင်ငံများမှ ထွက်ပြေးလာသူများဖြစ်သည်။
လူ့အခွင့်အရေးစောင့်ကြည့် ရေးအဖွဲ့ အာရှရေးရာ ဥပဒေဆိုင် ရာ အကြံပေး ဂျွန်စစ်တွန် John Sifton က ''ဒီ Sunnyland ထိပ် သီး အစည်းအဝေးက သိပ်အန္တရာယ် ကြီးပါတယ်။ ဘာကြောင့်လဲဆို တော့ တချို့နိုင်ငံတွေမှာ အာဏာ သိမ်းပြီး ဒီမိုကရက်တစ် လူ့အဖွဲ့အ စည်းကို အလုပ်မလုပ်နိုင်အောင် လုပ်တဲ့ ခေါင်းဆောင်တွေ၊ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်တဲ့ လူတွေကို ဖြိုခွင်းရိုက်နှက် ခဲ့တဲ့ ခေါင်းဆောင် တွေ၊ သတင်းသမားတွေကို ထောင်သွင်း အကျဉ်းချတဲ့ ခေါင်းဆောင် တွေဖြစ်တဲ့ အာရှဒေသ အာဆီယံ အဖွဲ့ က ခေါင်းဆောင်တွေကို ဒီထိပ် သီး အစည်းအဝေးက အာဏာရှိ ခေါင်းဆောင်အဖြစ် အသိအမှတ် ပြုလိုက်သလို ဖြစ်သွားမှာ စိုးလို့ ပါ''ဟု သူအစီရင် ခံစာ၌ ဖော်ပြခဲ့ ၏။
သမ္မတ အိုဘားမားအနေနှင့် အထက်ပါအကြောင်းအရာများကို ကောင်းကောင်း သဘောပေါက်ပြီး ဖြစ်ပါလိမ့်မည်။ ထို့ပြင် ယင်းကဲ့ သို့ ခေါင်းဆောင်များကို ဖိတ်ခေါ်ရ ခြင်း၏ နောက်ကွယ်၌ ခိုင်လုံသော အကြောင်းပြချက်ကလည်း ရှိကိုရှိ ပါလိမ့်မည်။
အိုဘားမားသည် သူ၏ ပထမ သမ္မတသက်တမ်းကာလ၌ အာရှ ဒေသနှင့် ပတ်သက်၍ အမေ ရိကန်၏ နိုင်ငံခြားရေး မူဝါဒကို ချိန်ခွင်လျှာပြန်ညှိမည်။ သို့မဟုတ် အဓိကျသော နေရာဖြစ်စေရန်မူကို ပြန်ပြုပြင်မည်ဟု ဆိုခဲ့သော်လည်း သိသာထင်ရှားသောပြောင်း လဲမှု တစ်စုံတစ်ရာ မလုပ်ပေးနိုင်ခဲ့သည့် အတွက် ယခုသူ၏ ကျန်ရှိသော သမ္မတ သက်တမ်းကာလအတွင်း ယင်းဒေသနှင့် မဟာ မိတ် ပြုလုပ် ရန် အကြောင်းတစ်စုံတစ်ရာ မရှိ မည်စိုးရိမ်၍ ဖြစ်ပါ၏။
 နောက်တစ်ချက်က အာရှဒေသတစ်ခွင်၌ အမေရိကန်နိုင်ငံသည် အင်အားမရှိသည့် အနေအ ထားသို့ ရောက်နေသည့် အဖြစ် ကြောင့် အိုဘားမားအစိုးရအပေါ် လွှတ်တော်နှင့် ပြည်သူများက ဖိအားပေးသည့် အခြေအနေများ ဖြစ်နေ၏။
တစ်ချိန်တည်းမှာပင် အခြား တစ်ဖက်မှ တရုတ်နိုင်ငံ၏ လွှမ်းမိုး နေမှုကလည်း အင်အားကြီးသ ထက်ကြီးလာနေသည်။
ထိုသို့ အခြေအနေ၌ပင် အို ဘားမားသည် အရှေ့အာရှထိပ်သီး အစည်းအဝေးနှင့် အာရှပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု APEC အစည်းအဝေး၊ ၂ဝ၁၃ ခုနှစ် ထိပ်သီးအစည်းအဝေးများသို့ တက် ရောက်ရန် ပျက်ကွက်ခဲ့သည်များ လည်း ရှိခဲ့ဖူးသည်။
အာရှဒေသရှိ ခေါင်းဆောင်များအမြင်၌ စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ရသည်။ သူတို့အတွေးထဲ၌ မေးခွန်းများ အစီအရီပေါ်ပေါက် လာ ပါ၏။ အိုဘားမားပြောခဲ့သော အမေရိကန်နိုင်ငံ၏ အာရှဒေသ သည် အဓိကဆိုသော ပေါ်လစီသည် ပျက်ပြယ်သွားပြီလား၊ အ ကောင် အထည် မပေါ်တော့ပြီလား ဆိုသော လားပေါင်းများစွာ ဖြစ် ပေါ်ခဲ့၏။
 နောက်ထပ် ပေါ်ပေါက်လာ သည့် ဖြစ်ရပ်တစ်ခုကလည်း ရှိပါ ၏။ တရုတ်နိုင်ငံက ဦးဆောင်ပြု လုပ်မည့် အာရှဒေသဖွံ့ဖြိုးရေးအ တွက် ရင်းနှီးမြှုပ်နှံမည့် ဘဏ်လုပ်ငန်း၌ အမေရိကန်နိုင်ငံက ပူး ပေါင်းဆောင်ရွက်ရန် ငြင်းဆန်လိုက်ခြင်းကြောင့် အဆိုပါ ဒေသ၌ တရုတ် သြဇာအာဏာက ပို၍ကြီး သွားပြန်သည်။
ပမာအားဖြင့် ကမ္ဘောဒီးယား နိုင်ငံ ဝန်ကြီးချုပ် ဟွန်ဆန်သည် ရှေးတစ်ချိန်က တရုတ်နိုင်ငံ၏ လုပ်ရပ်များကြောင့် တရုတ်နိုင်ငံကို ဆန့်ကျင်ခဲ့သည်များရှိ၏။ အဘယ် ကြောင့်ဆိုသော် ကမ္ဘောဒီးယားနိုင်ငံ အတိုက်အခံ အင်အားစုဖြစ်သော ခမာနီများကို လက်နက် အပါအဝင် တရုတ်နိုင်ငံက အဓိကထောက်ပံ့ ပေးခဲ့ခြင်းကြောင့်ဖြစ်သည်။ ယခုအခါ၌ ဟွန်ဆန်သည် စိတ်ပြောင်း သွားခဲ့သည့် စကားများ ကိုပင် ပြောလာခဲ့သည်။ တရုတ်နိုင်ငံက တည်ဆောက်နေသော တံတားများ၊ လမ်းများ၌ လူ့အခွင့်အရေးချိုး ဖောက်မှု မရှိ ဟုပင် ထုတ်ဖော်ပြော လာသည့် အနေအထားသို့ ရောက် နေသည်။
အိုဘာမားသည် ထို့သို့သော သဘောထားပြောင်းနေသည့် အာ ရှဒေသ၏ အခြေအနေ အရပ်ရပ် ကို နားလည်လာဟန်ရှိပါ၏။
သူသည် ဆုံးဖြတ်ချက်တစ်ခု ကို ချလိုက်သည်။
အာရှဒေသအတွက် ထိပ်သီး အစည်းအဝေးတစ်ခုကို အမေရိ ကန်နိုင်ငံ၌၊ ကယ်လီဖိုးနီးယား ဒေသ၌ ပြုလုပ်ရန်ဖြစ်၏။ ထိုအ စည်း အဝေး ကို အမေရိကန်နိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပမည်။
ထိုနေရာသည် အိုဘားမားနှင့် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်းတို့ ၂ဝ၁၃ ခုနှစ်က တွေ့ဆုံ ဆွေးနွေးခဲ့ သည့် နေရာလည်းဖြစ်ပါ၏။
အားထုတ်ကြိုးပမ်းမှု အရှိန်အဟုန်
 ဒေသတွင်း အခြေအနေကမူ  စိတ်အားတက်ကြွဖွယ် အခွင့်အ လမ်းကား မမြင်ရပေ။
ပမာအားဖြင့် တရုတ်နိုင်ငံ၏ အားထုတ်ကြိုးပမ်းနေမှု အရှိန်အ ဟုန်က မြင့်မားကာ၊ ရှေ့သို့ အ တော် ကလေးနေရာယူထားပြီး ဖြစ် နေ သည်။
သူ၏ အပြုအမူကို အမေရိ ကန်အပါအဝင် သူ၏ မဟာမိတ် များကပါ ကန့်ကွက်နေသည့် ကြား မှ သူက ပြောင်ပြောင်တင်းတင်းပင် လက်ဦးမှုရယူသည်အနေဖြင့် တောင်တရုတ်ပင်လယ် တစ်ခုလုံး ကို သူ့သဘောဆန္ဒတစ်ခုတည်း နှင့် အပိုင်စီး နေရာယူထားလိုက် ပြီ ဖြစ်၏။
တရုတ်နိုင်ငံ၏ ယင်းသို့သော သဘောထားကို ဖော်ပြနေသည့် ဖြစ်ရပ်မှာ အရှေ့တောင်အာရှ ခြောက်နိုင်ငံက သူတို့လည်း တစ် စိတ်တစ်ပိုင်း ပိုင်ဆိုင်သည်၊ သူတို့ ရေပိုင်နက်အတွင်းရှိ ကျွန်းများ သည် သူတို့အပိုင်ဖြစ်သည်ဟု ပြောဆိုနေသည့် စကားများ၊ တောင်း ဆိုနေမှု များအားလုံးကို မျက်ကွက်ပြုကာ သူပိုင်၊ ငါပိုင် အငြင်းပွားနေသော ဝူဒွျှီသသိပ ကျွန်းပေါ်၌ အဆင့်မြင့် မြေပြင်မှ  ဝေဟင်ပစ် ဒုံးလက်နက်စခန်းကို ဖွင့်လှစ်လိုက်ခြင်းပင်ဖြစ်သည်။
တရုတ်နိုင်ငံက ထိုဒုံးလက်နက်စခန်းဖွင့်လှစ်သည့်နေ့ကလည်း တမင်တိုက်တိုက်ဆိုင်စွာပင် အမေရိကန်နိုင်ငံနှင့် အာဆီ ယံ ခေါင်းဆောင် များ၏ Sunyland ထိပ်သီးအစည်းအဝေး၏ နောက် ဆုံးနေ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ ဖြစ်နေပြန်သည်။
တရုတ်နိုင်ငံ၏ ကြိုးပမ်းအား ထုတ်မှုများကား ထိုမျှနှင့် မရပ် တန့်၊ ရှေ့တစ်ဆင့်တက် တိုးလာ ပြန်၏။
အရှေ့တောင် အာရှဒေသ တစ်ခွင်သို့ အိုဘားမားက ရှေ့တိုး နေသည့် ဟန်ပန်မြင်နေရ၍ သူက တန်ပြန်ပြုမူသည့် လုပ်ရပ်တစ်ခုကို တရုတ်နိုင်ငံက လုပ်ပြလိုက်ပြန် သည်။
အရှေ့တောင်အာရှတစ်ခွင် ရှိနိုင်ငံအတော်များများသို့ တရုတ် နိုင်ငံမှ သံတမန်များ တစ်ယောက် ပြီး တစ်ယောက် စေလွှတ်ခြင်းပင် မဟုတ်ဘဲ၊ တစ်ချိန်တည်း တစ်ပြိုင် တည်း သံတမန်အများအပြားကို ထိုဒေသတွင်းရှိ နိုင်ငံများသို့ ရောက် သွားစေခဲ့ခြင်းဖြစ်သည်။
အပြုအမူ၌ တရုတ်နိုင်ငံက အမေရိကန်နိုင်ငံ၏ သဘောထား အတိုင်း မလိုက်နာကြရန် ဆွဲ ဆောင်ခြင်း မဟုတ်သည့် ဖိအား ပေးသည့် သဘောထားများ ပြောင် ပြောင်တင်းတင်းပင်  ပြသလာကြ သည်။
အထူးသဖြင့် ထိုဒေသရှိ ဝင် ငွေအနည်းဆုံး ဖွံ့ဖြိုးမှု၊ အနည်းဆုံး Less Developed Country LDC (မြန်မာနိုင်ငံကဲ့သို့) နိုင်ငံအပေါ် ပိုမို ဖိအားပေးသည့် သဘောထားများ ပြသလာသည်။ ဆိုလိုသည့် အဓိပ္ပာယ်မှာ ထိုနိုင်ငံများသည် တရုတ်နိုင်ငံ၏ အကူအညီ၊ အ ထောက် အပံ့နှင့် လုံးဝမှီခိုနေရန် ကြိုးပမ်းခြင်းဖြစ်သည်။
အရှေ့တောင်အာရှနိုင်ငံများ၏ တိုးပွားလာသော လူ့အခွင့်အရေး ချိုးဖောက်မှုများ
တစ်ချိန်တည်း၌ အခြားတစ် ဖက်ကကြည့်၍ သုံးသပ်ပါလျှင် ကမ္ဘောဒီးယား၊ မလေးရှားနှင့် ထိုင်း နိုင်ငံများ၏ လူ့အခွင့်အရေးရရှိမှု အခြေအနေသည် တိုးတက်မလာ ဘဲ ဆုတ်ယုတ်လျက်သာရှိနေ သည်။
ပမာအားဖြင့် အမေရိကန် နိုင်ငံနှင့် အချိန်ကြာမြင့်စွာ မဟာ မိတ်နိုင်ငံဖြစ်ခဲ့သော ထိုင်းနိုင်ငံ၌ ပင် လွန်ခဲ့သည့် တစ်နှစ်က ထိုင်း နိုင်ငံ ကို အာဏာသိမ်းကာ အုပ် ချုပ်နေသော ဗိုလ်ချုပ်ကြီး ပရာ ယွတ်ချန်အိုချာ Prayuth Chan Ocha က သူ့ကိုဝေဖန်သည့် လူအ များအပြား ကို ထပ်မံ၍ပင်  ဖမ်းဆီး နေသည်။
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက ထိုင်းရဲများက ထိုင်းနိုင်ငံရှိ အမေ ရိကန်နိုင်ငံ သံအမတ် ဂလင်းဒေဗီး Glyn Davies က လူထုကို ပြော သည့် စကား၌ အာဏာပိုင်ကို စော်ကားသည့် စကားများ ပါဝင် ကြောင်း စွပ်စွဲခဲ့သည်။ သံအမတ် ကြီးက သံတမန်တို့ သုံးသည့် ယဉ် ကျေးဖွယ် စကားလုံးများနှင့်ပြော ခြင်းကိုပင် အာဏာပိုင်က လက် သင့်မခံသည့် သဘောမျိုးရှိနေ သည်။ သံအမတ်ကြီး အသုံးပြု သော စကားလုံးများ၌ စစ်တပ်က ကျောင်းသားနှင့် အများပြည်သူများ အပေါ်အရေးယူမှုကြောင့် စိတ် ပျက်ရသည် ဆိုသည့် စကားပါဝင် သွားခဲ့၍ ဖြစ်ပါ၏။
 ဖေဖော်ဝါရီ ၉ ရက်နေ့တွင် အမေရိကန်နှင့် ထိုင်းနိုင်ငံတို့အတူ ပူးတွဲစစ်ရေးလေ့ကျင့်သည့် Cobra Gold ဖွင့်ပွဲ အခမ်းအနား၌ သံအ မတ်ကြီးဒေဗီးက ထိုစကားကို ပြည် သူများကြား၌ ပြောသောအဖွင့်မိန့် ခွန်း၌ ထည့်သွင်း၍ ပြောခဲ့သည်။
သူ၏ မိန့်ခွန်း၌ ထိုင်းနိုင်ငံ၏ နိုင်ငံရေး ဖွံ့ဖြိုးတိုးတက်မှုကို သုံး သပ်၍ စစ်ရေးလေ့ကျင့်မှုများ လျှော့ချရမည်ဟု ဖြည့်စွက်ပြောခဲ့ သည်။
ထိုင်းနိုင်ငံ စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်တို့သည် နိုင်ငံတကာက ချ မှတ်ထားသော စည်းမျဉ်း၊ စည်း ကမ်းများကို မျက်ကွယ်ပြုကာ ထပ် မံ၍ ဆုံးဖြတ်ပြန်သည်။ ဒုက္ခသည် များနှင့် နိုင်ငံရေး ခိုလှုံခွင့်တောင်း ခံသူများကို ခွင့်မပြုဘဲ ဝီဂါ Uighur မျိုးနွယ်စုဝင် ဒုက္ခသည်များ ကို တရုတ်ပြည်သို့ ပြန်ပို့ပေးခဲ့ခြင်း ဖြစ်သည်။
 ဟောင်ကောင်ကျွန်းမှ စာအုပ် ထုတ်ဝေသူ တစ်ဦးသည် ထိုင်းနိုင်ငံ ပတ္တယား၌ လွန်ခဲ့သည့် အောက် တိုဘာလက ပျောက်ဆုံး သွားသည်။ ထိုသူ့ကိုလည်း ရဲကဖမ်းမိပြီး တရုတ်နိုင်ငံသို့ ပို့ပေးခဲ့သည်။ ထို သူသည်မည် သည့်နိုင်ငံကိုမှ ဖြတ် သန်းခဲ့ခြင်းမရှိပါဘဲနှင့် ယခုကဲ့သို့ ထိုင်းနိုင်ငံက ပြုလုပ်ခဲ့၏။
ထိုင်းနိုင်ငံမှ ရဲများသည် စာ အုပ်ထုတ်ဝေသူအနေနှင့် သူနေ ထိုင်ရာ အရပ်၌ ဥပဒေအကြောင်း အရ ရင်ဆိုင်ရမည်ဆိုခြင်းကို ထည့် မတွက်ခဲ့ကြသလို ထိုသူ ရင်ဆိုင်ရ တော့မည့် ကံကြမ္မာကိုပင် မကြည့် ခဲ့ကြပေ။
မည်သို့ပင်ဆိုစေကာမူ လူ့အ ခွင့်အရေး လိုအပ်နေသော လူတစ် ယောက်အဖို့ လူ့အခွင့်အရေးကို ကာကွယ်ပေးမှု လုံးဝမရှိ သည့် နိုင်ငံ သည် ထိုင်းနိုင်ငံဖြစ်နေပါ တော့သည်။
နိဂုံး
ယခုအချိန်အခါ၌ ကွန်မြူနစ် ဝါဒသည် စိုးရိမ်စရာ ဝါဒတစ်ခုဟူ ၍ မဟုတ်တော့ဘဲ အာဆီယံနိုင်ငံ များအနေနှင့် တရုတ်နိုင်ငံ၏ နိုင်ငံ ကြီး၊ အင်အားကြီး စိတ်ဓာတ်ဖြင့် နယ်ချဲ့လိုခြင်း အပြုအမူကို ကြံ့ ကြံ့ခိုင်နိုင်စေရန် ရင်ဆိုင်ဖြေရှင်း ရမည့် အခြေအနေသို့ ရောက်နေ ပြီဖြစ်သည်။ ဤသို့ရင်ဆိုင်ရာ၌ အာဆီယံ ၁ဝ နိုင်ငံတည်းနှင့် မဖြစ် နိုင်၍ အနောက်အင်အားစု အပါ အဝင် အမေရိကန်နိုင်ငံ၏ ပံ့ပိုးမှု သည် မရှိမဖြစ် လိုအပ်နေမည်သာ ဖြစ်ပါ၏။ ဤအချက်ကိုကား မည် သူမျှ ငြင်းဆန်၍ ရမည်မဟုတ် တော့ပါ။

Asean ဒေသရှိ နိုင်ငံများ၏ နိုင်ငံရေးအခင်းအကျင်း
လာအိုနိုင်ငံ
တစ်ပါတီ ကွန်မြူနစ်စနစ် ကျင့်သုံးသည့် နိုင်ငံ၊ လာအိုပြည်သူ့ တော်လှန်ရေးပါတီက အာဏာကို လုံးဝ ချုပ်ကိုင်ထားသည်။

ကမ္ဘောဒီးယားနိုင်ငံ
ဖွဲ့စည်းပုံ ပဒေသရာဇ်စနစ်။ ဝန်ကြီးချုပ် ဟွန်ဆန် က ကာလရှည်ကြာစွာ အုပ်ချုပ်သည်။ နန်းဆက်မရှိပါ ဘဲလျက် အုပ်ချုပ်နေသည့် အာရှမှနိုင်ငံ ဖြစ်၏။

ဗီယက်နမ်နိုင်ငံ
တစ်ပါတီ ကွန်မြူနစ်စနစ် နိုင်ငံ။

ဘရူနိုင်းနိုင်ငံ
လုံးဝဘုရင် စနစ်ဖြစ်သည်။ ဘုရင်ဆူလ်တန်သည် သြဇာအာ ဏာလုံးဝ အပြည့်အဝရှိ၏။ သက်ဦးဆံပိုင် ဘုရင်စနစ်ဖြစ်သည်။

မြန်မာနိုင်ငံ
အမျိုးသားဒီမိုက ရေစီဖွဲ့ချုပ် NLD ပါတီက ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲ၌ အနိုင်ရသည်။ ဒီမိုကရေစီ အစစ် အမှန်ရမည်ဟု ဆိုသည်။ ၁ဝ စုနှစ်များစွာ စစ်အုပ်ချုပ် ရေးနှင့် အုပ်ချုပ်ခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံ
ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေနှင့်  အုပ်ချုပ်သည့် ဒီမိုက ရေစီနိုင်ငံ။ပြည်ထောင်စုနိုင်ငံရေး ပုံစံဖြစ်ပြီး နိုင်ငံရေး ပါတီအများအပြားရှိ သည်။ လုံးဝလွတ်လပ်စွာ ပြောဆို ခွင့် ရေးသားပုံနှိပ်ခွင့်ရှိသည်။

ထိုင်းနိုင်ငံ
ဖွဲ့စည်းအုပ်ချုပ်ပုံနှင့် ဘုရင် စနစ်ဖြစ်သည်။ အကြိမ်များစွာ အာဏာသိမ်းမှု ဖြစ်ခဲ့သည်။ အုပ်ချုပ်ရေးတစ်ခုတည်းသာ အာဏာ သိမ်းခြင်း ဖြစ်၏။ လက်ရှိစစ်အုပ်ချုပ်သူက ရွေးကောက် ပွဲဖြင့် ဒီမိုကရေစီစနစ်ပြန်ပေးမည်ဟုဆိုထား ၏။

စင်ကာပူနိုင်ငံ
ပါလီမန် လွှတ်တော်ကိုယ်စား လှယ်များဖြင့် ဒီမိုကရေစီကျကျ အုပ်ချုပ်သည့်နိုင်ငံ ဖြစ်သည်။
People's Action Party -PAP  ပြည်သူ့လှုပ်ရှားမှု ပါတီက နိုင်ငံရေးကို လုံးဝလွှမ်းမိုးထားသည်မှာ ၁၉၅၉ ခုနှစ်ကတည်းက ဖြစ် ၏။ ရွေးကောက် ပွဲ ကျင်းပပေးသည်။

မလေးရှားနိုင်ငံ
ဖယ်ဒရယ်ဖွဲ့ စည်းပုံနှင့် စည်းမျဉ်းခံ ဘုရင် စနစ်။ United Molay National Organization -UMNO ပါတီကသာ ၁၉၅၇ ခုနှစ် လွတ် လပ်ရေးရကတည်းက အုပ်ချုပ်ခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံ
သမ္မတ၏ ကိုယ်စားလှယ်များဖြင့် ဒီမိုက ရက်တစ် ပြည်သူသမ္မတ နိုင်ငံ။ လွတ်လပ်စွာ ပြောဆိုရေး သားခွင့်ရှိသည်။
စိုးမင်းဦး


Soe Min Oo
Source:  : by kan koyanagi (Nikkei Asian Review) Region will Face Closer Serutiny as US booststies 

Ref: Myanmar Market Special Report Categories 

MFM News & Media

Popular Posts