Monday, July 6, 2015

အစ္စရေးသို့ ဒုံးကျည်များပစ်ခတ်မှု အီဂျစ်ရှိ အိုင်အက်စ် အဖွဲ့ဝင်များလက်ချက်ဟုဆို




ဂျေရုဆင်လင်၊ ဇူလိုင် ၎

အီဂျစ်နိုင်ငံ ဆိုင်းနိုင်းကျွန်းဆွယ်ရှိ စစ်သွေးကြွများသည် သောကြာနေ့က အစ္စရေးတောင်ပိုင်းကို ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့သည်။
အဆိုပါဖြစ်စဉ်တွင် အသေအပျောက် မရှိသော်လည်း အစ္စလာ မ္မစ်စစ်သွေးကြွများနှင့် အီဂျစ်လုံခြုံရေး အင်အားစုများအကြား
 ဖြစ်ပွားနေသော တိုက်ပွဲများနှင့် ဆက်စပ်မှုရှိကြောင်း သိရသည်။
ဆိုင်းနိုင်းရှိ အိုင်အက်စ်အဖွဲ့ဝင် အပေါင်းအပါများက Grad ဒုံးကျည်သုံးစင်းကို အသိမ်းပိုက်ခံ ပါလက်စတိုင်းမြေသို့ ပစ်လွှတ်
ခဲ့သည်ဟု ပြောကြောင်း ၎င်းတို့ကို ထောက်ခံသူများက တွစ်တာ၌ ဖော်ပြထားသည်။
အစ္စရေးစစ်ဘက်ဆိုင်ရာများက ဒုံးကျည်များသည် အစ္စရေး ဂါဇာကမ်းမြှောင်ဒေသနှင့် စူးအက်တူးမြောင်းတို့ကို နယ်နိမိတ်ခြားထားသည့် ဆိုင်းနိုင်းကျွန်းဆွယ်မှ ပစ်ခတ်လာခြင်းဖြစ်သည်ဟု ဆိုသည်။ ဒုံးကျည်အကြွင်းအကျန် အစအနများကို
တွေ့မြင်ရကြောင်း အစ္စရေးရဲများက ပြောသည်။ ထိခိုက်မှုနှင့် သေကြေပျက်စီးမှု မရှိပေ။



အစ္စရေးစစ်ဘက်ဆိုင်ရာ ဇူလိုင် ၃ ရက်နေ့က အီဂျယ်နယ်စပ်တစ်လျှောက် တောင်ပိုင်းရှိ အမြန်လမ်းကို ပိတ်ခဲ့သည်။
အီဂျစ်လုံခြုံရေး အင်အားစုများက အီဂျစ်တို့ ပိုင်နက်နယ်မြေမှ ဒုံးကျည်ပစ်ခတ်လိုက်သည်ဟူသော ခိုင်မာသည့် 
အထောက်အထားဖော်ပြချက် မရှိသေးကြောင်း ပြောဆိုခဲ့သည်။

ဆိုင်းနိုင်းမြောက်ပိုင်းတွင် ဇူလိုင် ၁ ရက်နေကတည်းကစ၍ တိုက်ပွဲများဖြစ်ပွားလျက်ရှိရာ အနည်းဆုံး အီဂျစ်တပ်ဖွဲ့ဝင်
၁၇ ဦးနှင့် အိုင်အက်စ်စစ်သွေးကြွ ၁၀၀ သေဆုံးခဲ့သည်။ ဂါဇာကို အုပ်ချုပ်လျက်ရှိသော ဟားမတ်စ်အဖွဲ့က ဆိုင်းနိုင်းပြည်နယ်
အိုင်အက်စ်အဖွဲ့ခွဲကို အထောက်အကူပေးလျက်ရှိသည်ဟု အစ္စရေးက စွပ်စွဲသည်။
ပါလက်စတိုင်းအုပ်စုက မဟုတ်မှန်ကြောင်း ငြင်းဆိုသည်။ အစ္စရေးနိုင်ငံသည် အီဂျစ်နိုင်ငံ ဆိုင်းနိုင်းကျွန်းဆွယ်နှင့် 
မိုင် ၁၅၀ နယ်စပ်ချင်း ထိစပ်လျက်ရှိသည်။

Ref: Reuters News 

  

No comments:

Post a Comment

Popular Posts