ဆာနား၊
ဇူလိုင် ၆
ဆော်ဒီဦးဆောင်၍
ယီမင်သမ္မတဟောင်း အလီအဗ္ဗဒူလာဆာလေ၏ အထွေထွေပြည်သူ့ကွန်ဂရက်ပါတီ
ဆာနားဌာနချုပ်ကို လေကြောင်းမှ
တိုက်ခိုက်ရာ လူအတော်များများ သေဆုံးဒဏ်ရာရရှိကြောင်း
မျက်မြင်တွေ့ရှိသူ ပါတီဝင်တစ်ဦးမှ ပြောကြားသည်။
အဆိုပါတိုက်ခိုက်မှုသည်
ယီမင်ဆိုင်ရာ ကုလသမဂ္ဂအထူး ကိုယ်စားလှယ် ရောက်ရှိသည့်အချိန်တွင် တိုက်တိုက်ဆိုင်ဆိုင်
ဖြစ်ပွားခဲ့ခြင်း
ဖြစ်သည်။
ဆာလေသည်
နိုင်ငံကို လွှမ်းမိုးထားသော ဟူသီ လှုပ်ရှားမှုအဖွဲ့၏ မဟာမိတ် ဖြစ်သည်။
ဆော်ဒီဦးဆောင်သော
မဟာမိတ်အဖွဲ့သည် ဖြုတ်ချခံသမ္မတ မန်ဆောဟာဒီကို သမ္မတပြန်တင်ရန် ဟူသီတိုက်ခိုက်ရေးသမားများနှင့်
ဆာလေသစ္စာတော်ခံတပ်များကို သုံးလကျော်ကြာ ဆန့်ကျင်တိုက်ခိုက်မှုများ အဆက်မပြတ် ပြုလုပ်ခဲ့သည်။
အထွေထွေ
ပြည်သူ့ကွန်ဂရက်ပါတီ၏ လက်ထောက်အတွင်းရေးမှူးချုပ်က ဆာနားဌာနချုပ် ပျက်စီးသွားကြောင်း
ပြောခဲ့သည်။
ယင်းတိုက်ခိုက်မှုသည်
ကုလသမဂ္ဂနှင့် တွေ့ဆုံဆွေးနွေးမှု ပျက်ပြားအောင်ပြုလုပ်ရန် ကြိုးစားမှုဖြစ်ကြောင်း လက်ထောက်
အတွင်းရေးမှူးချုပ်က
ပြောခဲ့သည်။ ထို့ပြင် အလုပ်သမားအတော်များများနှင့် အခြားသူများလည်း ယင်းတိုက်ခိုက်မှုကြောင့်
သေဆုံးခဲ့ကြောင်း ၎င်းက ပြောကြားသည်။
“ဒီလိုတိုက်ခိုက်မှုက
ကျွန်ုပ်တို့ရဲ့ ကြိုးစားမှုကို နောက်ဆုတ်သွားစေမှာ မဟုတ်ပါဘူး။ ကုလသမဂ္ဂနဲ့ ပူးပေါင်းပြီး
ကောင်းမွန်တဲ့
ပတ်ဝန်းကျင်တစ်ခု ဖန်တီးသွားမှာပါ” ဟု ပါတီလက်ထောက်အတွင်းရေးမှူးချုပ်က
ပြောခဲ့သည်။
Ref: Reuters News



No comments:
Post a Comment