ဆိုးလ်၊
ဇူလိုင် ၎
စစ်ရေးလျှို့ဝှက်ချက်များကို
တရုတ်နိုင်ငံသို့ တိတ်တဆိတ် ပေါက်ကြားစေမှုဖြင့် တောင်ကိုရီးယား ရေတပ်အရာရှိတစ်ဦးကို
ဖမ်းဆီးလိုက်ကြောင်း
ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
ကာကွယ်ရေးဆိုင်ရာ
လုံခြုံရေးစစ်တိုင်း ဗိုလ်မှူးသည် တရုတ်နိုင်ငံ၌ ၎င်းပညာသင်ကြားနေစဉ် ၂၀၀၉ မှ ၂၀၁၂ ခုနှစ်အတွင်း
လုံခြုံရေးအဆင့် သတ်မှတ်ထားသော သတင်းအချက်အလက်များအား တရုတ်သူလျှိုတစ်ဦးထံ ပေးအပ်ခဲ့သည့်အတွက်
အရေးယူခံရသည်ဟု သိရသည်။
၎င်းသည်
ငွေကြေးအတွက် တက္ကသိုလ်ကျောင်းသားတစ်ဦးထံ စစ်သုံးပစ္စည်းများ တိတ်တဆိတ်ပေးပို့ခဲ့သည်။
အဆိုပါ တရုတ်ကျောင်းသားမှာ သူလျှိုတစ်ဦးဟု တောင်ကိုရီးယားအာဏာပိုင်များက ယူဆသည်။
ပြီးခဲ့သည့်လကလည်း
ကာကွယ်ရေးဆိုင်ရာ လုံခြုံရေးစစ်တိုင်းမှ အရာရှိနှစ်ဦးအား လက်နက်ကုန်သည်များကို လျှို့ဝှက်သတင်းပေးပို့ခဲ့သည့်အတွက်
တစ်ဦးကို ထောင်ဒဏ်ခြောက်နှစ်နှင့် နောက်တစ်ဦးကို လေးနှစ် အသီးသီး ချမှတ်ခဲ့သည်။
အဆိုပါဖြစ်ရပ်သည်
သူလျှိုဆောင်ရွက်မှုကို တားဆီးကာကွယ်ရေးနှစ် စစ်တပ်အတွင်း စည်းကမ်းကောင်းမွန်စေရေးကို
ဆောင်ရွက်နေသော ကာကွယ်ရေးဆိုင်ရာ လုံခြုံရေးစစ်တိုင်းကို ထိန့်လန့်တုန်လှုပ်စေခဲ့သည်။
Ref:
PTI News

No comments:
Post a Comment