ရှန်ဟိုင်း၊
အောက်တိုဘာ ၁၀
အငြင်းပွားတောင်တရုတ်ပင်လယ်အတွင်း
တရုတ်တို့၏ မီးပြတိုက်နှစ်ခု တည်ဆောက်မှုမှာ
ပြီးစီးသွားပြီဖြစ်ကြောင်း
ဆင်ဟွာသတင်းအေဂျင်စီက ဖော်ပြသည်။
အဆိုပါကျွန်းရှိ
ကာတာရွန်သန္တာကျောက်တန်းနှင့် ဂျွန်ဆင်သန္တာကျောက်တန်း တောင်ပိုင်းတို့၌
မီးပြတိုက်တည်ဆောက်ပြီးစီးမှု
အခမ်းအနားများ ကျင်းပခဲ့ကြောင်း သောကြာနေ့နှောင်းပိုင်းတွင်
ဆင်ဟွာသတင်းဌာနက
ဖော်ပြသည်။
အမေရိကန်နှင့်
ဖိလစ်ပိုင်နိုင်ငံတို့က အဆိုပါမီးပြတိုက်များ တည်ဆောက်မှုကို ကန့်ကွက်နေလင့်ကစား
တရုတ်တို့က
ပြီးစီအောင် တည်ဆောက်ခဲ့သည်။
နှစ်စဉ်ပင်လယ်ရေကြောင်း
ကုန်သွယ်မှုဖြင့် အမေရိကန်ဒေါ်လာ ငါးထရီလီယံ ရရှိနိုင်သော
အဆိုပါ
အငြင်းပွားကျွန်းစု တောင်တရုတ်ပင်လယ်ကို တရုတ်တို့က အများဆုံးပိုင်ဆိုင်လိုကြောင်း
တောင်းဆိုထားသည်။
ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှား၊ ထိုင်ဝမ်နှင့် ဘရူနိုင်းတို့ကလည်း
ယင်းအငြင်းပွာ
ပိုင်နက်တစ်ခုနှင့်တစ်ခု ထပ်နေသည်ဟု ဆိုသည်။
အမေရိကန်တို့က
အဆိုပါ အငြင်းပွားရေပိုင်နက်မှ ၁၂ မိုင်အတွင်း စစ်သင်္ဘောများ ဦးတည်
ခုတ်မောင်းရန်
ပြင်ဆင်နေစဉ် တရုတ်တို့က ရေကြောင်းလွတ်လပ်ခွင့်ကို အကြောင်းပြု၍
ခုတ်မောင်းရန်
ပြင်ဆင်နေသော အမေရိကန်စစ်သင်္ဘောများ ယင်းပိုင်နက်အတွင်း ရပ်တန့်ခွင့်
မပေးနိုင်ကြောင်း
တရုတ်နိုင်ငံက သောကြာနေ့တွင် ပြောကြားလိုက်သည်။
Ref: Reuters News / Myanma Alinn Daily

No comments:
Post a Comment