Thursday, July 2, 2015

တရုတ်ရေငုပ်သင်္ဘောသုံးစင်း ၀ယ်ယူရန် ထိုင်းရေတပ် စီစဉ်


ဗန်ကောက် ဇူလိုင် ၂
ထိုင်းရေတပ်က အစိုးရအချင်းချင်း သဘောတူညီချက်တစ်ခုအရ တရုတ်နိုင်ငံထံမှ ရေငုပ်သင်္ဘောသုံးစင်း ၀ယ်ယူရန် စီစဉ်နေကြောင်း ထိုင်းရေတပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ကရိုင်ဆုန်ချန်ဆုဗာနစ်က ပြောကြားသည်။
ကရိုင်ဆုန်၏ အဆိုအရ အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၉ ဘီလီယံ အကုန်အကျခံ၍ အသစ်တည်ဆောက်မည့် တရုတ် ရေငုပ်သင်္ဘောသုံးစင်းအား ရက်သတ္တပတ်တစ်ပတ်ကြာမျှသာ ငုပ်လျှိုးနိုင်သော ဂျာမန် ( သို့မဟုတ် ) ဆွီဒင်နိုင်ငံလုပ် ရေငုပ်သင်္ဘောများနှင့် နှိုင်းယှဉ်ကြည့်ပါက ပင်လယ်ပြင်တွင် ရက်သတ္တပတ် သုံးပတ်ကြာ ငုပ်လျှိုးနိုင်ကြောင်း သိရသည်။ အဖွဲ့ဝင် ၁၇ ပါ ရေတပ်ဝယ်ယူရေးကော်မတီက အစိုးရအချင်းချင်း သဘောတူညီချက်အရ ခုနစ်နှစ်မှ ၁၀ နှစ်အတွင်း အရစ်ကျငွေချေစနစ်ဖြင့် ၀ယ်ယူမည့် တရုတ်ရေငုပ်သင်္ဘောများကို ရွေးချယ်ရန် တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ရေငုပ်သင်္ဘောတွင် တပ်ဆင်ထားသော နည်းပညာ လက်နက်စနစ်များနှင့် ကျင့်သားရနေစေရန် တရုတ်နိုင်ငံ၌ နှစ်အနည်းငယ်ကြာ နေထိုင်ရမည့် ထိုင်းရေတပ်မှ တပ်ဖွဲ့ဝင်များအတွက် အဆိုပါ တရုတ်ရေငုပ်သင်္ဘောများ တည်ဆောက်ရန် ငါးနှစ်မှ ခြောက်နှစ်ထိ ကြာမြင့်မည် ဖြစ်သည်။ ထိုင်းရေတပ်၏ တရုတ်ရေငုပ်သင်္ဘောများ ၀ယ်ယူမည့် အစီအစဉ်ကို ၀န်ကြီးချုပ် ပရာယွတ်ချန်အိုချာ အစိုးရအဖွဲ့၏ အတည်ပြုချက်ရရှိရန် ဒုတိယ၀န်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ပရာဝက်ဝမ်ဆုထံ ယခုချိန်ထိ မတင်သွင်းရသေးကြောင်း သိရသည်။

Ref: Shinhwa news / The Mirror

No comments:

Post a Comment

Popular Posts