![]() |
| Add caption |
ဝါရှင်တန် ဇူလိုင် ၂
စနေနေ့တွင်
ကျရောက်မည့် အမေရိကန်ပြည်ထောင်စု လွတ်လပ်ရေးနေ့၌ အိုင်အက်စ်အစွန်းရောင် ထောက်ခံသူများ၏
တိုက်ခိုက်ခံရနိုင်ဖွယ်ရှိကြောင်း ပင်တဂွန်ဌာနချုပ်မှ သတိပေးထားသည်။
အိုင်အက်စ်နှင့်
အယ်လ်ခိုင်ဒါအဖွဲ့ နှစ်ဖွဲ့ကို ယှဉ်ကြည့်ပြီး ဗုဒ္ဓဟူးနေ့က ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင်
အမေရိကန်
ကာကွယ်ရေး ဒုဝန်ကြီး အက်ရှ်တန်တာကာက လာမည့် အားလပ်ရက်များအတွင်း အိုင်အက်စ်တိုက်ခိုက်ရေး
သမားများ
ရန်ပြုလာနိုင်ကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။
လူမှုမီဒီယာခေတ်တွင်
အိုင်အက်စ်အိုင်အယ်လ် အဖွဲ့သည် ယခင်က အယ်လ်ခိုင်ဒါအဖွဲ့နှင့် မတူသောအချက်မှာ ဖြစ်ရပ်ကို
သွေးထိုးလှုံ့ဆော်ပေးသူနှင့် အဖွဲ့အစည်းအကြား အမိန့်နာခံမှုနှင့် ထိန်းချုပ်မှု မရှိခြင်းပင်
ဖြစ်ကြောင်း ကာတာက အစွန်ရောက်
အဖွဲ့များ၏ အခြားအဖွဲ့များကို ရည်ညွှန်းလျက် ပြောဆိုသည်။
ပင်တဂွန်မှ
သတိပေးမှုမပြုခင် စုံစမ်းစစ်ဆေးရေးအဖွဲ့နှင့် ပြည်နယ်လုံခြုံရေးဌာနတို့သည် ဇူလိုင် ၎
ရက် အားလပ်ရက်တွင်
လုံခြုံရေးကို တိုးမြှင့်ချထားရန် သတင်းထုတ်ပြန်ထားပြီး ဖြစ်သည်။
လွတ်လပ်ရေးနေ့ အားလပ်ရက်အတွင်း နိုးနိုးကြားကြား
ရှိနေကြရန် သတိပေးထားသည်။
သောကြာနေ့က
ပြင်သစ်၊ တူနီးရှား၊ ကူဝိတ်တို့တွင် လူပေါင်း ၆၀ ကျော် သေဆုံးခဲ့ရသည့် တိုက်ခိုက်ခံရမှုတိုင်းတွင်
အိုင်အက်စ်တို့ ပတ်သက်မှုရှိသည်။ ၎င်းတို့အဖွဲ့အဓိက ခြေကုပ်ရယူထားသော အီရတ်နှင့် ဆီးရီးယားအပြင်ဘက်သို့
ထိအောင်ပင်
ခြိမ်းခြောက်မှုများ ပျံ့နှံ့လာနေပြီ ဖြစ်သည်။
ဖြစ်ရပ်သုံးခုကြား
တိုက်ရိုက်ဆက်နွှယ်မှုကို အမေရိကန်ထောက်လှမ်းရေးအဖွဲ့မှ အစပိုင်းတွင် အတိအကျမပြောနိုင်သော်လည်း
အိုင်အက်စ်တို့က ဥပုသ်ကာလအတွင်း တိုက်ခိုက်မှုများပြုလုပ်ရန် ချမှတ်ထားသည့် အချက်များနှင့်
သက်ဆိုင်မှုရှိနေကြောင်း
ဖော်ပြထားသည်။
Ref: Shinhwa news / The Mirror

No comments:
Post a Comment