တရုတ်နှင့် အမေရိကန်ကြား ညပ်နေသော နိုင်ငံများ
တောက်ပသော နေရောင်အောက်
အမေရိကန်နိုင်ငံ မိုဟာဗီ Mojave သဲကန္တာရအစွန် ရန်ချို မီရတ် Rancho Mirage မြို့ရှိ Sunng Lands အပန်း ဖြေစခန်း တစ်ခုသို့ အမေရိကန်သမ္မတ ရောက်လာကာ ဓာတ်ပုံသမားများဘက်သို့ လှည့်၍ ပြုံးပြ၏။
ထိုနေရာ၌ သမ္မတအိုဘားမားက ပထမဦးဆုံးအနေနှင့် အိမ်ရှင်အဖြစ်လက်ခံကာ အရှေ့တောင်အာရှဒေသနိုင်ငံ များ၏ ခေါင်းဆောင် များနှင့် ထိပ်သီးအစည်းအဝေးကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့၌ ကျင်းပခဲ့ခြင်းဖြစ်သည်။
ယင်းထိပ်သီးတွေ့ဆုံမှုသည် ထုံးတမ်းစဉ်လာ မဟုတ် သော လုပ်ရပ်ဖြစ်သည်နှင့်အညီ တွေ့မြင်နေရသည့် မြင်ကွင်း ကလည်း အံဝင် ခွင်ကျဖြစ်မနေပေ။ အဘယ်ကြောင့်ဆို သော် ဒီမိုကရေစီ ထိပ်တန်းအဆင့်နိုင်ငံကြီးတစ်ခု၏ ခေါင်း ဆောင်ဆိုသူက အချို့က အရွေး ချယ် ခံ၊ အချို့က အာဏာ ရှင် ပုံသဏ္ဌာန်နိုင်ငံမှ ခေါင်းဆောင်များကို နွေးထွေးစွာ ကြို ဆိုဧည့်ခံနေ၍ ဖြစ်ပါ၏။
သတင်းသမားများသာမက သတင်းဆောင်းပါးရေးနေ သည့် သုတေသီများပင် မျက်စိလည်စရာ မြင်ကွင်း။
သို့လော သို့လော ဖြစ်စရာအကြောင်းကလည်း ရှိပါ ၏။
အဆိုပါ ထိပ်သီးအစည်းအဝေးသို့ ဖိတ်ကြားခံရ၍ တက်ရောက်လာသော အာဆီယံအဖွဲ့ဝင် ခေါင်းဆောင်များ ဆိုသည်က အများ အားဖြင့် မျက်နှာနှစ်ခုနှင့် လူများဖြစ်နေ သောကြောင့်ပင်။
တစ်ခုသော မျက်နှာက အာရှဒေသမှ တစ်ခုတည်းသော အင်အားကြီး တရုတ်နိုင်ငံကိုပြုံးပြ၊ မျက်နှာချိုသွေးပြ နေရသည့် လာအို၊ မြန်မာ၊ ကမ္ဘောဒီးယားကဲ့သို့ သော နိုင်ငံများ။ ထိုနိုင်ငံများ၏ နိုင်ငံရေး ပုံစံက လည်း သတ်သတ်မှတ်မှတ် ပြော၍မရ၊ နှုတ်ဖျား က ဒီမို ကရေစီ တွင်တွင်ပြောနေပြီး လက်တွေ့ ၌ အာဏာရှင်ပမာပြုမူနေတတ်သူများ။
စင်ကာပူ၊ ကမ္ဘောဒီးယား၊ ထိုင်းနိုင်ငံတို့က အာဏာရှင်တစ်ပိုင်း ဆိုရှယ်လစ်တစ်စိတ်၊ စစ် အာဏာရှင် အပြည့်နိုင်ငံများ ဖြစ်နေသည်။
အခြားမျက်နှာတစ်ခုကား ထိုနိုင်ငံများကို ရှေးတစ်ချိန်က အခြေခံအချက်က အိပ်မက်တစ္ဆေပမာ ခြောက်လှန့်လျက်ရှိသည့် တရုတ် နိုင် ငံ။
လွန်ခဲ့သည့် နှစ် ၆ဝ ခန့်က တရုတ်နိုင်ငံသည် အာရှဒေသ၌ တစ်ခုတည်းသော ကွန်မြူနစ်နိုင်ငံ အဖြစ်သို့ ရောက်နေချိန်၊ ကမ္ဘာ ပေါ် ရှိနိုင်ငံ အားလုံး ကွန်မြူနစ် စနစ်လွှမ်းမိုးပြီး နိုင်ငံတကာ ကွန် မြူနစ်ဝါဒ ပျံ့နှံ့ပြီး၊ ကွန်မြူနစ် နိုင်ငံများ ဖြစ်ရမည်ဆိုသော ရည် ရွယ်ချက်ဖြင့် သူ့အိမ်နီးချင်း နိုင်ငံ များရှိ အစိုးရ၏ အတိုက်အခံ ကွန် မြူနစ်များကို အားပေးအားမြှောက် ပေါ်ပေါ်ထင်ထင်ပြုခဲ့သည်။
တရုတ်နိုင်ငံနှင့် အနီးကပ်ဆုံး ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ မြန်မာ၊ အင်ဒိုနီးရှား နိုင်ငံများ၌ ကွန်မြူနစ် လှုပ်ရှားမှုများ အားလုံး တရုတ်နိုင်ငံ ကြီးက နောက်ကွယ်မှ ကြိုးကိုင်ခဲ့ သည်။ လက်နက်များပံ့ပိုးပေးခဲ့ သည်။
ထိုရန်အစွယ်စွယ်ကို ထိုစဉ်က အရှေ့တောင်အာရှဒေသမှ နိုင်ငံခေါင်းဆောင်များက သဘော ပေါက်ကာ တို့အားလုံး တစ်စုတည်း တစ်စည်း တည်းဖြစ်မှ အင်အားရှိ မည်။ အားလုံး ညီညီညွတ်ညွတ်ဖြင့် ကွန်မြူနစ်ရန်ကို တွန်းလှန်ကြမည် ဟု ကြံရွယ်ခဲ့ကြသည်။
ထိုအချိန်က အရှေ့တောင် အာရှဒေသရှိ နိုင်ငံခေါင်းဆောင် များ တရုတ်နိုင်ငံကို စိုးရိမ်ပုံမှာ ယခုစိုးရိမ်သည့် ပုံသဏ္ဌာန်နှင့် လား လားမှ မတူသည်က လုံးဝသေချာပါ ၏။
ကွန်မြူနစ်ဝါဒ ကြီးစိုးကာ ဒေသတစ်ခုလုံး ပျံ့နှံ့သွားမည်။ နိုင်ငံအားလုံး၌ ကွန်မြူနစ် လှုပ်ရှား သူများ လှုပ်ရှားခွင့်ရလာမည်ဟူ သော စိုးရိမ်ပူပန်မှုသာ ထိုစဉ်က ရှိခဲ့၏။
ဆိုလိုသည့် အဓိပ္ပာယ်မှာ ယနေ့ တရုတ်နိုင်ငံက တောင် တရုတ်ပင်လယ်သည် သူတစ်ဦး တည်းပိုင်သည်ဆိုသည့် နယ်ချဲ့ နိုင်ငံ၏ စကားမျိုး ပြောလိမ့်မည်ဟု ထိုစဉ်က အာရှခေါင်းဆောင်များ ကြိုတင် သိရှိခြင်း မရှိသည်က သေ ချာလှပါ၏။
သို့ဖြစ်၍ ထိုစဉ်က အရှေ့ တောင်အာရှဒေသ၌ ဖိလစ်ပိုင် နိုင်ငံတစ်ခုတည်း၌သာရှိသော အမေရိကန်တို့ စစ်စခန်း ဆူဘစ် ဘေး Subic Bay နှင့် ကလပ် Clark လေတပ်စခန်းကဲ့သို့သော စစ်စခန်းများကို ဖယ်ရှားပေးရန် အခြား နိုင်ငံများက သာမက ဖိ လစ်ပိုင် ပြည်သူများကပါ တောင်း ဆိုခဲ့ကြသည်။
ဆိုလိုသည်မှာ ထိုစစ်စခန်း နှစ်ခုကိုအကြောင်းပြု၍ တရုတ်နိုင်ငံရှိ ကွန်မြူနစ်များက ရန်ရှာမည်ကို စိုးရိမ်၍ အာရှဒေသ မှ ခေါင်းဆောင် များသည် ရန်ကို ကြို တင်ရှောင်ခဲ့သည်။
ထိုထက် တစ်ဆင့်တိုး၍ အ ရှေ့တောင်အာရှဒေသ ကျွန်းဆွယ် ရှိ နိုင်ငံများ စုစည်း၍ အာဆီယံ Asean ဆိုသော အဖွဲ့ကြီး တစ် ခုဖွဲ့ကာ နိုင်ငံ ၁ဝ နိုင်ငံ စုပေါင်း၍ တရုတ်နိုင်ငံကို လက်တွဲမဖြုတ်ဘဲ ရင်ဆိုင်ကြမည်ဟု ရည်ရွယ်ခဲ့ကြ သည်။
တစ်ချိန်က ဖိလစ်ပိုင်နိုင်ငံ၌ အမေရိကန်တို့ စစ်စခန်းများတည် ရှိရာ ဆူဘစ်ဘေးနှင့် ကလပ်တို့ နေရာကို တရုတ်တို့က ယခုအခါ သူပိုင်သည်ဟု တောင်းဆိုနေပေပြီ။
ယခုသော် ဖိလစ်ပိုင်နိုင်ငံက အမေရိကန် ရေတပ်အကူအညီကို ပြန်ခေါ်နေရသည်။
ထိုသို့သော အရှုပ်အထွေးကာလ၌ တစ်နိုင်ငံတစ်မျိုးဖြစ်နေသော အရှေ့တောင်အာရှဒေသမှ နိုင်ငံ ခေါင်းဆောင်များကို ဒီမိုကရေ စီ ရှေ့ဆောင် အမေရိကန်နိုင်ငံမြို့ကြီးတစ်ခု၌ ထိုနိုင်ငံ၏ သမ္မတက နွေးထွေးစွာ ကြိုဆိုဧည့်ခံနေသည်ကို မြင်ရသည့် သတင်း သမားများ၊ သုတေသီများ၊ အမေရိကန် ပြည် သူများ၏ မျက်စိထဲ၌ စနိုးစနောင့် ဖြစ်မည်က သေချာပါ၏။
အောက်ခြေလူတန်းစားများ၏ ဆန္ဒပြမှု
အချို့သော အမေရိကန်နိုင်ငံ သားများကလည်း အမေရိကန် အ စိုးရ၏ ထိုသို့သော ရပ်တည်နေမှု ပုံစံမျိုးကို လက်သင့်မခံကြပေ။
အမေရိကန် သမ္မတနှင့် အာ ရှဒေသမှ နိုင်ငံခေါင်းဆောင်များဟု အမည်ခံထားသော ပုဂ္ဂိုလ်ကြီးများ တို့ တွေ့ဆုံဆွေးနွေးရာ နေရာနှင့် ကီလိုမီတာ အနည်းငယ် ကွာဝေး သောနေရာ၊ သာမန်အရပ်သား မော်တော်ယာဉ်များ သွားလာ ခွင့် ပြုထားသည့် နေရာအနီးမှနေ၍ ရာဂဏန်းမျှရှိသောလူအနည်းငယ် ခန့်က စုဝေးပြီး ဆန္ဒပြနေခဲ့ကြ သည်။
ထိပ်သီးအစည်းအဝေးကျင်း ပသည့် နေရာသို့ သူတို့၏ သမ္မတ များ တက်ရောက်ခြင်းကို မကျေ နပ်ကြောင်း ဆန္ဒပြနေကြသည်။
အစည်းအဝေးလာတက်သော သူတို့နိုင်ငံခေါင်းဆောင်သည် လူ့ အခွင့်အရေး ချိုးဖောက်သည်ဟု ကမ္ဘောဒီးယား၊ ထိုင်း၊ ဗီယက်နမ်မှ ဆန္ဒပြသူများက ပြောကြသည်။
ထိုသို့ ဆန္ဒလာရောက်ပြသကြ သူများသည် ရွှေ့ပြောင်းလာသူများ နှင့် အရှေ့တောင်အာရှနိုင်ငံများမှ ထွက်ပြေးလာသူများဖြစ်သည်။
လူ့အခွင့်အရေးစောင့်ကြည့် ရေးအဖွဲ့ အာရှရေးရာ ဥပဒေဆိုင် ရာ အကြံပေး ဂျွန်စစ်တွန် John Sifton က ''ဒီ Sunnyland ထိပ် သီး အစည်းအဝေးက သိပ်အန္တရာယ် ကြီးပါတယ်။ ဘာကြောင့်လဲဆို တော့ တချို့နိုင်ငံတွေမှာ အာဏာ သိမ်းပြီး ဒီမိုကရက်တစ် လူ့အဖွဲ့အ စည်းကို အလုပ်မလုပ်နိုင်အောင် လုပ်တဲ့ ခေါင်းဆောင်တွေ၊ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်တဲ့ လူတွေကို ဖြိုခွင်းရိုက်နှက် ခဲ့တဲ့ ခေါင်းဆောင် တွေ၊ သတင်းသမားတွေကို ထောင်သွင်း အကျဉ်းချတဲ့ ခေါင်းဆောင် တွေဖြစ်တဲ့ အာရှဒေသ အာဆီယံ အဖွဲ့ က ခေါင်းဆောင်တွေကို ဒီထိပ် သီး အစည်းအဝေးက အာဏာရှိ ခေါင်းဆောင်အဖြစ် အသိအမှတ် ပြုလိုက်သလို ဖြစ်သွားမှာ စိုးလို့ ပါ''ဟု သူအစီရင် ခံစာ၌ ဖော်ပြခဲ့ ၏။
သမ္မတ အိုဘားမားအနေနှင့် အထက်ပါအကြောင်းအရာများကို ကောင်းကောင်း သဘောပေါက်ပြီး ဖြစ်ပါလိမ့်မည်။ ထို့ပြင် ယင်းကဲ့ သို့ ခေါင်းဆောင်များကို ဖိတ်ခေါ်ရ ခြင်း၏ နောက်ကွယ်၌ ခိုင်လုံသော အကြောင်းပြချက်ကလည်း ရှိကိုရှိ ပါလိမ့်မည်။
အိုဘားမားသည် သူ၏ ပထမ သမ္မတသက်တမ်းကာလ၌ အာရှ ဒေသနှင့် ပတ်သက်၍ အမေ ရိကန်၏ နိုင်ငံခြားရေး မူဝါဒကို ချိန်ခွင်လျှာပြန်ညှိမည်။ သို့မဟုတ် အဓိကျသော နေရာဖြစ်စေရန်မူကို ပြန်ပြုပြင်မည်ဟု ဆိုခဲ့သော်လည်း သိသာထင်ရှားသောပြောင်း လဲမှု တစ်စုံတစ်ရာ မလုပ်ပေးနိုင်ခဲ့သည့် အတွက် ယခုသူ၏ ကျန်ရှိသော သမ္မတ သက်တမ်းကာလအတွင်း ယင်းဒေသနှင့် မဟာ မိတ် ပြုလုပ် ရန် အကြောင်းတစ်စုံတစ်ရာ မရှိ မည်စိုးရိမ်၍ ဖြစ်ပါ၏။
နောက်တစ်ချက်က အာရှဒေသတစ်ခွင်၌ အမေရိကန်နိုင်ငံသည် အင်အားမရှိသည့် အနေအ ထားသို့ ရောက်နေသည့် အဖြစ် ကြောင့် အိုဘားမားအစိုးရအပေါ် လွှတ်တော်နှင့် ပြည်သူများက ဖိအားပေးသည့် အခြေအနေများ ဖြစ်နေ၏။
တစ်ချိန်တည်းမှာပင် အခြား တစ်ဖက်မှ တရုတ်နိုင်ငံ၏ လွှမ်းမိုး နေမှုကလည်း အင်အားကြီးသ ထက်ကြီးလာနေသည်။
ထိုသို့ အခြေအနေ၌ပင် အို ဘားမားသည် အရှေ့အာရှထိပ်သီး အစည်းအဝေးနှင့် အာရှပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု APEC အစည်းအဝေး၊ ၂ဝ၁၃ ခုနှစ် ထိပ်သီးအစည်းအဝေးများသို့ တက် ရောက်ရန် ပျက်ကွက်ခဲ့သည်များ လည်း ရှိခဲ့ဖူးသည်။
အာရှဒေသရှိ ခေါင်းဆောင်များအမြင်၌ စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ရသည်။ သူတို့အတွေးထဲ၌ မေးခွန်းများ အစီအရီပေါ်ပေါက် လာ ပါ၏။ အိုဘားမားပြောခဲ့သော အမေရိကန်နိုင်ငံ၏ အာရှဒေသ သည် အဓိကဆိုသော ပေါ်လစီသည် ပျက်ပြယ်သွားပြီလား၊ အ ကောင် အထည် မပေါ်တော့ပြီလား ဆိုသော လားပေါင်းများစွာ ဖြစ် ပေါ်ခဲ့၏။
နောက်ထပ် ပေါ်ပေါက်လာ သည့် ဖြစ်ရပ်တစ်ခုကလည်း ရှိပါ ၏။ တရုတ်နိုင်ငံက ဦးဆောင်ပြု လုပ်မည့် အာရှဒေသဖွံ့ဖြိုးရေးအ တွက် ရင်းနှီးမြှုပ်နှံမည့် ဘဏ်လုပ်ငန်း၌ အမေရိကန်နိုင်ငံက ပူး ပေါင်းဆောင်ရွက်ရန် ငြင်းဆန်လိုက်ခြင်းကြောင့် အဆိုပါ ဒေသ၌ တရုတ် သြဇာအာဏာက ပို၍ကြီး သွားပြန်သည်။
ပမာအားဖြင့် ကမ္ဘောဒီးယား နိုင်ငံ ဝန်ကြီးချုပ် ဟွန်ဆန်သည် ရှေးတစ်ချိန်က တရုတ်နိုင်ငံ၏ လုပ်ရပ်များကြောင့် တရုတ်နိုင်ငံကို ဆန့်ကျင်ခဲ့သည်များရှိ၏။ အဘယ် ကြောင့်ဆိုသော် ကမ္ဘောဒီးယားနိုင်ငံ အတိုက်အခံ အင်အားစုဖြစ်သော ခမာနီများကို လက်နက် အပါအဝင် တရုတ်နိုင်ငံက အဓိကထောက်ပံ့ ပေးခဲ့ခြင်းကြောင့်ဖြစ်သည်။ ယခုအခါ၌ ဟွန်ဆန်သည် စိတ်ပြောင်း သွားခဲ့သည့် စကားများ ကိုပင် ပြောလာခဲ့သည်။ တရုတ်နိုင်ငံက တည်ဆောက်နေသော တံတားများ၊ လမ်းများ၌ လူ့အခွင့်အရေးချိုး ဖောက်မှု မရှိ ဟုပင် ထုတ်ဖော်ပြော လာသည့် အနေအထားသို့ ရောက် နေသည်။
အိုဘာမားသည် ထို့သို့သော သဘောထားပြောင်းနေသည့် အာ ရှဒေသ၏ အခြေအနေ အရပ်ရပ် ကို နားလည်လာဟန်ရှိပါ၏။
သူသည် ဆုံးဖြတ်ချက်တစ်ခု ကို ချလိုက်သည်။
အာရှဒေသအတွက် ထိပ်သီး အစည်းအဝေးတစ်ခုကို အမေရိ ကန်နိုင်ငံ၌၊ ကယ်လီဖိုးနီးယား ဒေသ၌ ပြုလုပ်ရန်ဖြစ်၏။ ထိုအ စည်း အဝေး ကို အမေရိကန်နိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပမည်။
ထိုနေရာသည် အိုဘားမားနှင့် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်းတို့ ၂ဝ၁၃ ခုနှစ်က တွေ့ဆုံ ဆွေးနွေးခဲ့ သည့် နေရာလည်းဖြစ်ပါ၏။
အားထုတ်ကြိုးပမ်းမှု အရှိန်အဟုန်
ဒေသတွင်း အခြေအနေကမူ စိတ်အားတက်ကြွဖွယ် အခွင့်အ လမ်းကား မမြင်ရပေ။
ပမာအားဖြင့် တရုတ်နိုင်ငံ၏ အားထုတ်ကြိုးပမ်းနေမှု အရှိန်အ ဟုန်က မြင့်မားကာ၊ ရှေ့သို့ အ တော် ကလေးနေရာယူထားပြီး ဖြစ် နေ သည်။
သူ၏ အပြုအမူကို အမေရိ ကန်အပါအဝင် သူ၏ မဟာမိတ် များကပါ ကန့်ကွက်နေသည့် ကြား မှ သူက ပြောင်ပြောင်တင်းတင်းပင် လက်ဦးမှုရယူသည်အနေဖြင့် တောင်တရုတ်ပင်လယ် တစ်ခုလုံး ကို သူ့သဘောဆန္ဒတစ်ခုတည်း နှင့် အပိုင်စီး နေရာယူထားလိုက် ပြီ ဖြစ်၏။
တရုတ်နိုင်ငံ၏ ယင်းသို့သော သဘောထားကို ဖော်ပြနေသည့် ဖြစ်ရပ်မှာ အရှေ့တောင်အာရှ ခြောက်နိုင်ငံက သူတို့လည်း တစ် စိတ်တစ်ပိုင်း ပိုင်ဆိုင်သည်၊ သူတို့ ရေပိုင်နက်အတွင်းရှိ ကျွန်းများ သည် သူတို့အပိုင်ဖြစ်သည်ဟု ပြောဆိုနေသည့် စကားများ၊ တောင်း ဆိုနေမှု များအားလုံးကို မျက်ကွက်ပြုကာ သူပိုင်၊ ငါပိုင် အငြင်းပွားနေသော ဝူဒွျှီသသိပ ကျွန်းပေါ်၌ အဆင့်မြင့် မြေပြင်မှ ဝေဟင်ပစ် ဒုံးလက်နက်စခန်းကို ဖွင့်လှစ်လိုက်ခြင်းပင်ဖြစ်သည်။
တရုတ်နိုင်ငံက ထိုဒုံးလက်နက်စခန်းဖွင့်လှစ်သည့်နေ့ကလည်း တမင်တိုက်တိုက်ဆိုင်စွာပင် အမေရိကန်နိုင်ငံနှင့် အာဆီ ယံ ခေါင်းဆောင် များ၏ Sunyland ထိပ်သီးအစည်းအဝေး၏ နောက် ဆုံးနေ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ ဖြစ်နေပြန်သည်။
တရုတ်နိုင်ငံ၏ ကြိုးပမ်းအား ထုတ်မှုများကား ထိုမျှနှင့် မရပ် တန့်၊ ရှေ့တစ်ဆင့်တက် တိုးလာ ပြန်၏။
အရှေ့တောင် အာရှဒေသ တစ်ခွင်သို့ အိုဘားမားက ရှေ့တိုး နေသည့် ဟန်ပန်မြင်နေရ၍ သူက တန်ပြန်ပြုမူသည့် လုပ်ရပ်တစ်ခုကို တရုတ်နိုင်ငံက လုပ်ပြလိုက်ပြန် သည်။
အရှေ့တောင်အာရှတစ်ခွင် ရှိနိုင်ငံအတော်များများသို့ တရုတ် နိုင်ငံမှ သံတမန်များ တစ်ယောက် ပြီး တစ်ယောက် စေလွှတ်ခြင်းပင် မဟုတ်ဘဲ၊ တစ်ချိန်တည်း တစ်ပြိုင် တည်း သံတမန်အများအပြားကို ထိုဒေသတွင်းရှိ နိုင်ငံများသို့ ရောက် သွားစေခဲ့ခြင်းဖြစ်သည်။
အပြုအမူ၌ တရုတ်နိုင်ငံက အမေရိကန်နိုင်ငံ၏ သဘောထား အတိုင်း မလိုက်နာကြရန် ဆွဲ ဆောင်ခြင်း မဟုတ်သည့် ဖိအား ပေးသည့် သဘောထားများ ပြောင် ပြောင်တင်းတင်းပင် ပြသလာကြ သည်။
အထူးသဖြင့် ထိုဒေသရှိ ဝင် ငွေအနည်းဆုံး ဖွံ့ဖြိုးမှု၊ အနည်းဆုံး Less Developed Country LDC (မြန်မာနိုင်ငံကဲ့သို့) နိုင်ငံအပေါ် ပိုမို ဖိအားပေးသည့် သဘောထားများ ပြသလာသည်။ ဆိုလိုသည့် အဓိပ္ပာယ်မှာ ထိုနိုင်ငံများသည် တရုတ်နိုင်ငံ၏ အကူအညီ၊ အ ထောက် အပံ့နှင့် လုံးဝမှီခိုနေရန် ကြိုးပမ်းခြင်းဖြစ်သည်။
အရှေ့တောင်အာရှနိုင်ငံများ၏ တိုးပွားလာသော လူ့အခွင့်အရေး ချိုးဖောက်မှုများ
တစ်ချိန်တည်း၌ အခြားတစ် ဖက်ကကြည့်၍ သုံးသပ်ပါလျှင် ကမ္ဘောဒီးယား၊ မလေးရှားနှင့် ထိုင်း နိုင်ငံများ၏ လူ့အခွင့်အရေးရရှိမှု အခြေအနေသည် တိုးတက်မလာ ဘဲ ဆုတ်ယုတ်လျက်သာရှိနေ သည်။
ပမာအားဖြင့် အမေရိကန် နိုင်ငံနှင့် အချိန်ကြာမြင့်စွာ မဟာ မိတ်နိုင်ငံဖြစ်ခဲ့သော ထိုင်းနိုင်ငံ၌ ပင် လွန်ခဲ့သည့် တစ်နှစ်က ထိုင်း နိုင်ငံ ကို အာဏာသိမ်းကာ အုပ် ချုပ်နေသော ဗိုလ်ချုပ်ကြီး ပရာ ယွတ်ချန်အိုချာ Prayuth Chan Ocha က သူ့ကိုဝေဖန်သည့် လူအ များအပြား ကို ထပ်မံ၍ပင် ဖမ်းဆီး နေသည်။
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက ထိုင်းရဲများက ထိုင်းနိုင်ငံရှိ အမေ ရိကန်နိုင်ငံ သံအမတ် ဂလင်းဒေဗီး Glyn Davies က လူထုကို ပြော သည့် စကား၌ အာဏာပိုင်ကို စော်ကားသည့် စကားများ ပါဝင် ကြောင်း စွပ်စွဲခဲ့သည်။ သံအမတ် ကြီးက သံတမန်တို့ သုံးသည့် ယဉ် ကျေးဖွယ် စကားလုံးများနှင့်ပြော ခြင်းကိုပင် အာဏာပိုင်က လက် သင့်မခံသည့် သဘောမျိုးရှိနေ သည်။ သံအမတ်ကြီး အသုံးပြု သော စကားလုံးများ၌ စစ်တပ်က ကျောင်းသားနှင့် အများပြည်သူများ အပေါ်အရေးယူမှုကြောင့် စိတ် ပျက်ရသည် ဆိုသည့် စကားပါဝင် သွားခဲ့၍ ဖြစ်ပါ၏။
ဖေဖော်ဝါရီ ၉ ရက်နေ့တွင် အမေရိကန်နှင့် ထိုင်းနိုင်ငံတို့အတူ ပူးတွဲစစ်ရေးလေ့ကျင့်သည့် Cobra Gold ဖွင့်ပွဲ အခမ်းအနား၌ သံအ မတ်ကြီးဒေဗီးက ထိုစကားကို ပြည် သူများကြား၌ ပြောသောအဖွင့်မိန့် ခွန်း၌ ထည့်သွင်း၍ ပြောခဲ့သည်။
သူ၏ မိန့်ခွန်း၌ ထိုင်းနိုင်ငံ၏ နိုင်ငံရေး ဖွံ့ဖြိုးတိုးတက်မှုကို သုံး သပ်၍ စစ်ရေးလေ့ကျင့်မှုများ လျှော့ချရမည်ဟု ဖြည့်စွက်ပြောခဲ့ သည်။
ထိုင်းနိုင်ငံ စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်တို့သည် နိုင်ငံတကာက ချ မှတ်ထားသော စည်းမျဉ်း၊ စည်း ကမ်းများကို မျက်ကွယ်ပြုကာ ထပ် မံ၍ ဆုံးဖြတ်ပြန်သည်။ ဒုက္ခသည် များနှင့် နိုင်ငံရေး ခိုလှုံခွင့်တောင်း ခံသူများကို ခွင့်မပြုဘဲ ဝီဂါ Uighur မျိုးနွယ်စုဝင် ဒုက္ခသည်များ ကို တရုတ်ပြည်သို့ ပြန်ပို့ပေးခဲ့ခြင်း ဖြစ်သည်။
ဟောင်ကောင်ကျွန်းမှ စာအုပ် ထုတ်ဝေသူ တစ်ဦးသည် ထိုင်းနိုင်ငံ ပတ္တယား၌ လွန်ခဲ့သည့် အောက် တိုဘာလက ပျောက်ဆုံး သွားသည်။ ထိုသူ့ကိုလည်း ရဲကဖမ်းမိပြီး တရုတ်နိုင်ငံသို့ ပို့ပေးခဲ့သည်။ ထို သူသည်မည် သည့်နိုင်ငံကိုမှ ဖြတ် သန်းခဲ့ခြင်းမရှိပါဘဲနှင့် ယခုကဲ့သို့ ထိုင်းနိုင်ငံက ပြုလုပ်ခဲ့၏။
ထိုင်းနိုင်ငံမှ ရဲများသည် စာ အုပ်ထုတ်ဝေသူအနေနှင့် သူနေ ထိုင်ရာ အရပ်၌ ဥပဒေအကြောင်း အရ ရင်ဆိုင်ရမည်ဆိုခြင်းကို ထည့် မတွက်ခဲ့ကြသလို ထိုသူ ရင်ဆိုင်ရ တော့မည့် ကံကြမ္မာကိုပင် မကြည့် ခဲ့ကြပေ။
မည်သို့ပင်ဆိုစေကာမူ လူ့အ ခွင့်အရေး လိုအပ်နေသော လူတစ် ယောက်အဖို့ လူ့အခွင့်အရေးကို ကာကွယ်ပေးမှု လုံးဝမရှိ သည့် နိုင်ငံ သည် ထိုင်းနိုင်ငံဖြစ်နေပါ တော့သည်။
နိဂုံး
ယခုအချိန်အခါ၌ ကွန်မြူနစ် ဝါဒသည် စိုးရိမ်စရာ ဝါဒတစ်ခုဟူ ၍ မဟုတ်တော့ဘဲ အာဆီယံနိုင်ငံ များအနေနှင့် တရုတ်နိုင်ငံ၏ နိုင်ငံ ကြီး၊ အင်အားကြီး စိတ်ဓာတ်ဖြင့် နယ်ချဲ့လိုခြင်း အပြုအမူကို ကြံ့ ကြံ့ခိုင်နိုင်စေရန် ရင်ဆိုင်ဖြေရှင်း ရမည့် အခြေအနေသို့ ရောက်နေ ပြီဖြစ်သည်။ ဤသို့ရင်ဆိုင်ရာ၌ အာဆီယံ ၁ဝ နိုင်ငံတည်းနှင့် မဖြစ် နိုင်၍ အနောက်အင်အားစု အပါ အဝင် အမေရိကန်နိုင်ငံ၏ ပံ့ပိုးမှု သည် မရှိမဖြစ် လိုအပ်နေမည်သာ ဖြစ်ပါ၏။ ဤအချက်ကိုကား မည် သူမျှ ငြင်းဆန်၍ ရမည်မဟုတ် တော့ပါ။
Asean ဒေသရှိ နိုင်ငံများ၏ နိုင်ငံရေးအခင်းအကျင်း
Asean ဒေသရှိ နိုင်ငံများ၏ နိုင်ငံရေးအခင်းအကျင်း
လာအိုနိုင်ငံ
တစ်ပါတီ ကွန်မြူနစ်စနစ် ကျင့်သုံးသည့် နိုင်ငံ၊ လာအိုပြည်သူ့ တော်လှန်ရေးပါတီက အာဏာကို လုံးဝ ချုပ်ကိုင်ထားသည်။
ကမ္ဘောဒီးယားနိုင်ငံ
ကမ္ဘောဒီးယားနိုင်ငံ
ဖွဲ့စည်းပုံ ပဒေသရာဇ်စနစ်။ ဝန်ကြီးချုပ် ဟွန်ဆန် က ကာလရှည်ကြာစွာ အုပ်ချုပ်သည်။ နန်းဆက်မရှိပါ ဘဲလျက် အုပ်ချုပ်နေသည့် အာရှမှနိုင်ငံ ဖြစ်၏။
ဗီယက်နမ်နိုင်ငံ
ဗီယက်နမ်နိုင်ငံ
တစ်ပါတီ ကွန်မြူနစ်စနစ် နိုင်ငံ။
ဘရူနိုင်းနိုင်ငံ
ဘရူနိုင်းနိုင်ငံ
လုံးဝဘုရင် စနစ်ဖြစ်သည်။ ဘုရင်ဆူလ်တန်သည် သြဇာအာ ဏာလုံးဝ အပြည့်အဝရှိ၏။ သက်ဦးဆံပိုင် ဘုရင်စနစ်ဖြစ်သည်။
မြန်မာနိုင်ငံ
မြန်မာနိုင်ငံ
အမျိုးသားဒီမိုက ရေစီဖွဲ့ချုပ် NLD ပါတီက ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲ၌ အနိုင်ရသည်။ ဒီမိုကရေစီ အစစ် အမှန်ရမည်ဟု ဆိုသည်။ ၁ဝ စုနှစ်များစွာ စစ်အုပ်ချုပ် ရေးနှင့် အုပ်ချုပ်ခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံ
ဖိလစ်ပိုင်နိုင်ငံ
ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေနှင့် အုပ်ချုပ်သည့် ဒီမိုက ရေစီနိုင်ငံ။ပြည်ထောင်စုနိုင်ငံရေး ပုံစံဖြစ်ပြီး နိုင်ငံရေး ပါတီအများအပြားရှိ သည်။ လုံးဝလွတ်လပ်စွာ ပြောဆို ခွင့် ရေးသားပုံနှိပ်ခွင့်ရှိသည်။
ထိုင်းနိုင်ငံ
ထိုင်းနိုင်ငံ
ဖွဲ့စည်းအုပ်ချုပ်ပုံနှင့် ဘုရင် စနစ်ဖြစ်သည်။ အကြိမ်များစွာ အာဏာသိမ်းမှု ဖြစ်ခဲ့သည်။ အုပ်ချုပ်ရေးတစ်ခုတည်းသာ အာဏာ သိမ်းခြင်း ဖြစ်၏။ လက်ရှိစစ်အုပ်ချုပ်သူက ရွေးကောက် ပွဲဖြင့် ဒီမိုကရေစီစနစ်ပြန်ပေးမည်ဟုဆိုထား ၏။
စင်ကာပူနိုင်ငံ
စင်ကာပူနိုင်ငံ
ပါလီမန် လွှတ်တော်ကိုယ်စား လှယ်များဖြင့် ဒီမိုကရေစီကျကျ အုပ်ချုပ်သည့်နိုင်ငံ ဖြစ်သည်။
People's Action Party -PAP ပြည်သူ့လှုပ်ရှားမှု ပါတီက နိုင်ငံရေးကို လုံးဝလွှမ်းမိုးထားသည်မှာ ၁၉၅၉ ခုနှစ်ကတည်းက ဖြစ် ၏။ ရွေးကောက် ပွဲ ကျင်းပပေးသည်။
မလေးရှားနိုင်ငံ
People's Action Party -PAP ပြည်သူ့လှုပ်ရှားမှု ပါတီက နိုင်ငံရေးကို လုံးဝလွှမ်းမိုးထားသည်မှာ ၁၉၅၉ ခုနှစ်ကတည်းက ဖြစ် ၏။ ရွေးကောက် ပွဲ ကျင်းပပေးသည်။
မလေးရှားနိုင်ငံ
ဖယ်ဒရယ်ဖွဲ့ စည်းပုံနှင့် စည်းမျဉ်းခံ ဘုရင် စနစ်။ United Molay National Organization -UMNO ပါတီကသာ ၁၉၅၇ ခုနှစ် လွတ် လပ်ရေးရကတည်းက အုပ်ချုပ်ခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံ
အင်ဒိုနီးရှားနိုင်ငံ
သမ္မတ၏ ကိုယ်စားလှယ်များဖြင့် ဒီမိုက ရက်တစ် ပြည်သူသမ္မတ နိုင်ငံ။ လွတ်လပ်စွာ ပြောဆိုရေး သားခွင့်ရှိသည်။
စိုးမင်းဦး
Soe Min Oo
Source: : by kan koyanagi (Nikkei Asian Review) Region will Face Closer Serutiny as US booststies
Ref: Myanmar Market Special Report Categories

No comments:
Post a Comment