Monday, July 6, 2015

အခွင့်အရေးတန်းတူညီမျှမှုနှင့် အပြန်အလှန်လေးစားမှုအပေါ် အခြေခံသည့် ဆွေးနွေးပွဲတစ်ရပ်လိုအပ်ကြောင်း အိုဘားမားအား ပူတင်ပြောကြား


မော်စကို၊ ဇူလိုင် ၎

တန်းတူညီမျှမှုနှင့် အပြန်အလှန်လေးစားမှုအပေါ် အခြေခံသည့် ညှိုနှိုင်းဆွေးနွေးပွဲတစ်ရပ် အမေရိကန်ပြည်ထောင်စုနှင့် 
ကျင်းပရန် ဆန္ဒရှိကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ဇူလိုင် ၄ ရက်နေ့တွင် ကျရောက်သည့် အမေရိကန် ပြည်ထောင်စု၏ လွတ်လပ်ရေးနေ့အခါသမယတွင် သမ္မတဘားရက်အိုဘားမားထံသို့ ပေးပို့သည့် ၀မ်းမြောက်ကြောင်း သ၀ဏ်လွှာတွင်
 ရေးသားဖော်ပြထားသည်။
အမေရိကန်ပြည်ထောင်စုနှင့် ရုရှားနိုင်ငံတို့သည် ယူကရိန်းပဋိပက္ခ ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ဒီမိုကရေစီရေး 
စသည့် နယ်ပယ်များတွင် အမြင်ချင်းကွဲလွဲခဲ့သော်လည်း နှစ်နိုင်ငံ၏ ဆက်ဆံရေးမှာ နိုင်ငံတကာတည်ငြိမ်အေးချမ်းရေးနှင့် 
လုံခြုံရေးနယ်ပယ်များ အပါအ၀င် ကမ္ဘာလုံးဆိုင်ရာ အကျပ်အတည်းများ ဖြေရှင်းနိုင်ရေးအတွက် အရေးပါလျက်ရှိကြောင်း
သမ္မတပူတင်က အဆိုပါ ၀မ်းမြောက်ကြောင်း သ၀ဏ်လွှာတွင် ရေးသားဖော်ပြထားသည်ဟု ရုရှားသမ္မတအိမ်တော်က 
သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။
အကယ်၍ အမေရိကန်ပြည်ထောင်စုနှင့် ရုရှားနိုင်ငံတို့အနေဖြင့် ၎င်းတို့၏ ဆက်ဆံရေးကို နှစ်နိုင်ငံအကျိုးစီးပွားများအတွက် 
အခြေခံတန်းတူအခွင့်အရေးနှင့် အပြန်အလှန်လေးစားမှုအပေါ် အခြေခံပါက နိုင်ငံတကာရေးရာ ပဋိပက္ခများကို အတူတကွ
ဖြေရှင်းနိုင်မည် ဖြစ်သကဲ့သို့ ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှုနှင့် စိန်ခေါ်မှုများကိုလည်း အတူတကွ ကျော်လွှားနိုင်မည်
ဖြစ်ကြောင်း သမ္မတပူတင်က အခိုင်အမာရေးသားဖော်ပြခဲ့သည်ဟု သမ္မတအိမ်တော်က သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။
သို့သော် အဆိုပါထုတ်ပြန်ချက်တွင် အနောက်နိုင်ငံများက ယူကရိန်းအရေးအခင်းအပေါ် ရုရှား၏အခန်းကဏ္ဍအပါအ၀င် 
၂၀၁၄ ခုနှစ်က ခရိုင်းမီးယားကျွန်းဆွယ်ကို ရုရှားနိုင်ငံ၏ ကျူးကျော်မှုများနှင့် ပတ်သက်ပြီး ရုရှားနိုင်ငံအပေါ် အရေးယူပိတ်ဆို့ခဲ့ခြင်းများနှင့် ပတ်သက်ပြီး အသေးစိတ်ဖော်ပြခြင်း မရှိပေ။ သမ္မတပူတင်၏ ယခုနှစ် သ၀ဏ်လွှာသည် ယမန်နှစ်က အိုဘားမားထံ
ပေးပို့သည့် သ၀ဏ်လွှာနှင့် ဆိုလိုရင်းအဓိပ္ပါယ်မှာ အတူတူပင်ဖြစ်ကြောင်း သိရသည်။

Ref: Reuters News 



No comments:

Post a Comment

Popular Posts