Monday, July 6, 2015

ဂျမေကာရှိ တောင်များကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးနယ်မြေအဖြစ် သတ်မှတ်



ကင်စတန်၊ ဇူလိုင် ၎
ယူနက်စကိုအဖွဲ့မှ ဂျမေကာနိုင်ငံ၏ ဘလူးနှင့် ဂျွန်ခရိုး တောင် အမျိုးသားဥယျာဉ်ကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ်
သောကြာနေ့က သတ်မှတ်ခဲ့သည်။ ဂျမေကာနိုင်ငံအတွက် ပထမဆုံးအကြိမ် ကမ္ဘာ့အမွေအနှစ် ထိန်းသိမ်းရေးနယ်မြေ
အဖြစ် အသိအမှတ်ပြုခံရခြင်းဖြစ်ပြီး ကယ်ရီဘီယန်ဒေသ၏ ယဉ်ကျေးမှုနှင့် သဘာဝအလှတရားတို့ ပေါင်းစပ်ထားခြင်းလည်း
 ဖြစ်ကြောင်း ဂျမေကာလူငယ်နှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ သိရသည်။
ဘလူးနှင့် ဂျွန်ခရိုးတောင် အမျိုးသားဥယျာဉ်သည် ဂျမေကာအရှေ့ဘက်ပိုင်းတွင် တည်ရှိသည်။ ဘလူးမောင်တိန်သည် 
ကမ္ဘာတ၀န်းဈေးအကြီးဆုံး ဂျမေကာ ဘလူးမောင်တိန်ကော်ဖီထွက်ရှိရာ ဒေသဖြစ်ပြီး ဂျွန်ခရိုးတောင်သည် ကိုလိုနီစနစ်ကို ဆန့်ကျင်သည့် သမိုင်းဝင်နေရာအဖြစ် ကျော်ကြားသည်။



ဂျွန်ခရိုးတောင်ဒေသ၌ အခြေချနေထိုင်သော အာဖရိကလုပ်သားများ လွတ်မြောက်လာခဲ့သည့် ၁၆ ရာစုတွင် ဂျမေကာ 
ကိုလိုနီစနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပေါ်ပေါက်ခဲ့သည်။ နှစ်ပေါင်း ၈၀ ကျော်ကြာ စစ်ပွဲဆင်နွှဲပြီးနောက် ၁၇၃၉ ခုနှစ်၌ ဗြိတိသျှ 
ကိုလိုနီများနှင့် ဒေသခံများကြား ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုနိုင်ခဲ့သည်။

Ref: Shinhwa news 

No comments:

Post a Comment

Popular Posts