Friday, July 10, 2015

တပ်ဖွဲ့ဝင်အင်အား ၄၀၀၀၀ နီးပါးလျှော့ချရန် အမေရိကန်ကြည်းတပ် စီစဉ်


ဝါရှင်တန်၊ ဇူလိုင် ၈

USA Today သတင်းစာ၏အဆိုအရ အမေရိကန်ကြည်းတပ်က လာမည့်နှစ်အတွင်း ပြည်တွင်းနှင့် နိုင်ငံရပ်ခြား အခြေစိုက်
စခန်းများရှိ တပ်ဖွဲ့ဝင်အင်အား ၄၀၀၀၀ လျှော့ချရန် စီစဉ်နေကြောင်း သိရသည်။
အဆိုပါအစီအစဉ်အရ အမေရိကန်ကြည်းတပ်က လက်ရှိတာဝန်ထမ်းဆောင်နေသည့် တပ်ဖွဲ့ဝင်အင်အား ၄၉၀၀၀၀ နီးပါးမှ ၂၀၁၇ ခုနစ် စက်တင်ဘာ ၃၀ ရက်မတိုင်မီ အင်အား ၄၅၀၀၀၀ နီးပါးသို့ လျှော့ချမည်ဖြစ်ပြီး အရန်တပ်ဖွဲဝင် အရပ်သား ၁
၇၀၀၀ ကိုလည်း ထပ်မံလျှော့ချမည်ဖြစ်သည်။ အစီအစဉ်နှင့် ပတ်သက်သော အသေးစိတ်အချက်အလက်များကို ယခု 
ရက်သတ္တပတ်နှောင်းပိုင်းတွင် တရားဝင်ကြေညာရန် မျှော်မှန်းထားသည်။ ယခုကဲ့သို့  အင်အားလျှော့ချမည့် အစီအစဉ်ကို 
ပင်တဂွန်က ၂၀၁၆ ခုနှစ် ဘတ်ဂျက်တွင် ထည့်သွင်းထားပြီး ဖြစ်သည်။
ပင်တဂွန်၏ စစ်ရေးအင်အားလျှော့ချရန် ဆုံးဖြတ်ချက်သည် စစ်ရေးအသုံးစရိတ်လျှော့ချမှုနှင့် ဆက်စပ်နေခြင်း ဟုတ်၊ မဟုတ် 
မသိရသေးသော်လည်း တရားဝင်အချက်အလက်အား ကိုးကားထားသော USA Today ၏ အဆိုအရ အလိုအလျောက် 
ဘတ်ဂျက်ဖြတ်တောက်မှုကို လာမည့် အောက်တိုဘာလတွင် စတင်ပါက အမေရိကန်ကြည်းတပ်က နောက်ထပ် တပ်ဖွဲ့ဝင်
အင်အား ၃၀၀၀၀ လျှော့ချရမည်ဖြစ်ကြောင်း ပြောကြားသည်။
အီရတ်နှင့် အာဖဂန်နစ္စတန်နိုင်ငံ တိုက်ပွဲကာလအတွင်း ၂၀၁၂ ခုနှစ်က အမေရိကန် ကြည်းတပ်မှာ မြေပြင်
တပ်ဖွဲဝင်များနေရာတွင် မောင်းသူမဲ့ လေယာဉ်များ၊ အခြားတိုက်ခိုက်မှု ပုံစံများနှင့် အစားထိုးနိုင်ကြောင်း ကာလရှည်
ကန့်ကွက်ခဲ့သောကြောင့် ကြည်းတပ်အင်အားကို လျှော့ချရန် ပင်တဂွန်အပေါ် ဖိအားရှိလာခြင်း ဖြစ်သည်။
အင်အားလျှော့ချလိုက်သော်လည်း အမေရိကန်ကြည်းတပ်မှာ အင်အားအကြီးမားဆုံး လက်နက်ကိုင်တပ်ဖွဲ့အဖြစ်
ဆက်လက်ရှိနေမည် ဖြစ်သည်။


Ref: Shinhwa news 

No comments:

Post a Comment

Popular Posts