Friday, July 10, 2015

နှစ်နိုင်ငံပိုင်နက် ပင်လယ်ပြင်ရှိ လှေစီးသွားလာသူ ကိစ္စရပ်များ တပ်မတော်နှစ်ရပ် ပူးပေါင်းမှု ပိုမိုဆောင်ရွက်နိုင်ရေး ဆွေးနွေး


 
Myanmar Navy

နေပြည်တော်၊ ဇူလိုင် ၉

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နေပြည်တော်၌ ကျင်းပသည့် 
4th  Myanmar Thailand Senior Staff Talk အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် ထိုင်းဘုရင့်တပ်မတော်မှ 
ပူးတွဲစစ်ဆင်ရေးဆိုင်ရာ ညွှန်ကြားရေးမှူး Lt.Gen. Wanlop Rugsanaoh ဦးဆောင်သော ကိုယ်စားလှယ်အဖွဲကို
 ဇေယျာသီရိဗိမာန်တွင် လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲတွင် ဆွေးနွေးမှု၏ ရလဒ်ကောင်းများကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ TBC,RBC,SSt,HLC စသည့် နှစ်နိုင်ငံဆွေးနွေးပွဲ အဆင့်ဆင့်ဖြင့် ထိတွေ့ဆက်ဆံမှုများ၏ ရလဒ်ကောင်းများမှ တဆင့်
 ဒေသအတွင်း တည်ငြိမ်အေးချမ်းမှုကိုပါ အထောက်အကူပြုသည်အထိ စံနမူနာပြ ပူးပေါင်းဆောင်ရွက်ရေး၊ မူးယစ်ဆေးဝါး 
တားဆီးနှိမ်နင်းရေး ကိစ္စရပ်များနှင့် နှစ်နိုင်ငံပိုင်နက် ပင်လယ်ပြင်ရှိ လှေစီးသွားလာသူ ကိစ္စရပ်များတွင် တပ်မတော်နှစ်ရပ် 
ပူးပေါင်းမှုကို ယခုထက် ပိုမိုဆောင်ရွက်နိုင်ရေး အပြန်အလှန် ဆွေးနွေးကြသည်။


Ref: Myawady

No comments:

Post a Comment

Popular Posts