Monday, June 29, 2015

စစ်ရေးလေ့ကျင့်မည့် အမေရိကန်စစ်သင်္ဘော ဂျော်ဂျီယာနိုင်ငံဆိပ်ကမ်းမြို့သို့ရောက်ရှိ




အမေရိကန် စစ်သင်္ဘောတစ်စင်းသည် ဂျော်ဂျီယာနိုင်ငံ၏ ပင်လယ်နက်ဆိပ်ကမ်းမြို့ ဘာတူမီသို့ စစ်ရေးလေ့ကျင့်ရန်အတွက်
 တနင်္ဂနွေနေ့တွင် ရောက်ရှိလာကြောင်း အမေရိကန်သံရုံးက ပြောကြားသည်။
ယူကရိန်းနိုင်ငံ၌ ပဋိပက္ခဖြစ်ပွားနေစဉ်တွင် မြောက်အတ္တလန္တိ စာချုပ်အဖွဲ့ (နေတိုး ) ၏ ရည်ရွယ်ချက်များကို ထောက်ခံကြောင်း ၀ါရှင်တန်က အချက်ပြခြင်း ဖြစ်သည်ဟု ဆိုသည်။

အမေရိကန်အမှတ် ( ၆ ) ရေတပ်မှ ပဲ့ထိန်းဒုံးကျည်များ 
တပ်ဆင်ထားသည့် ဖျက်သင်္ဘောယူအက်စ်အက်စ် 
လာဘွန်းသည် ပြုလုပ်မြဲအတိုင်း ဂျော်ဂျီယာကမ်းခြေစောင့်
တပ်ဖွဲ့နှင့် ပူးတွဲစစ်ရေးလေ့ကျင့်မည် ဖြစ်ကြောင်း 
အမေရိကန်သံရုံးက ပြောသည်။
ယင်းကဲ့သို့ ဆိပ်ကမ်းသို့ရောက်ရှိလာခြင်းသည်
ဂျော်ဂျီယာနိုင်ငံကဲ့သို့သော မိတ်ဆွေများ နေတိုးမဟာမိတ်များနှင့် ခိုင်မာသော ဆက်ဆံရေးဖြစ်စေရမည်ဟု 
အမေရိကန်ပြည်ထောင်စု၏ အာမခံချက်ကို ထပ်မံ
အတည်ပြုပေးခြင်းဖြစ်ကြောင်း 
ပင်လယ်နက်ဒေသအတွင်း လုံခြုံရေးနှင့် တည်ငြိမ်ရေး တိုးတက်လိုသော ရည်မှန်းချက်ကို အကောင်အထည်ဖော်ခြင်း
ဖစ်ကြောင်း သံရုံး၏ ကြေညာချက်တွင် ဖော်ပြသည်။
မော်စကိုက ကိယဗ်၏ ခရိုင်းမီးယားကို သိမ်းယူလိုက်ခြင်းနှင့် ယူကရိန်းခွဲထွက်ရေး သူပုန်များအား ထောက်ခံခြင်းတို့သည် 
၂၀၀၈ ခုနှစ်၌ ရုရှားနှင့်ကာလတို စစ်ပွဲတစ်ပွဲ တိုက်ခိုက်ခဲ့သည့် ဂျော်ဂျီယာကို သတိပေးလိုက်ခြင်း ဖြစ်သည်။

ဂျော်ဂျီယာက နေတိုးနှင့် ဥရောပသမဂ္ဂတို့တွင် အဖွဲ့ဝင်အဖြစ် ၀င်ရောက်ရန် ကြိုးပမ်းမှုသည် ရုရှားနိုင်ငံအား ဒေါသ
ထွက်စေခဲ့သည်။ နေတိုးက ယခင် ဆိုဗီယက်ပြည်ထောင်စုတွင် ပါဝင်ခဲ့သော နိုင်ငံများနှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှုကို 
ရုရှားက ခါးခါးသီးသီးဆန့်ကျင်သည်။


Ref: Reuters News 


No comments:

Post a Comment

Popular Posts