Thursday, September 3, 2015

ကိုလံဘီယာနိုင်ငံသားများအား ပြည်နှင်ဒဏ်ပေး



ဘိုကိုတာ၊ စက်တင်ဘာ ၂

ဗင်နီဇွဲလားနိုင်ငံမှ ကိုလံဘီယာနိုင်ငံသားများကို နှင်ထုတ်ခဲ့သည့်အတွက် ကလေးငယ် ၂၉၉ ဦး မိဘများနှင့် 
ကွဲကွာခဲ့ကြောင်း ကိုလံဘီယာ အာဏာပိုင်များက ပြောသည်။
လူသားချင်းစာနာထောက်ထားမှုအတွက် ဖွင့်လှစ်ထားသော ယာယီစခန်းများတွင် ကလေးငယ်
၈၉၀ ကို လက်ခံထားပြီး ၎င်းတို့ထံမှ ၂၃၂ ဦးမှာ ငါးနှစ်အောက် ကလေးငယ်များ ဖြစ်သည်ဟု
ကိုလံဘီယာ မိသားစုသက်သာချောင်ချိရေး အဖွဲ့အစည်းမှ  ပြောကြားသည်။
လက်ရှိ အရေးကြီးသောအချက်မှာ မိဘများနှင့် ကွဲကွာနေသော ကလေးငယ်များကို ကိုလံဘီယာရှိ ကလေးသူငယ်
ရောဂါများဆိုင်ရာ ဆေးပညာရပ်ခွဲ ဖွံ့ဖြိုးရေးဗဟိုဌာနသို့ ရွှေ့ပြောင်းနိုင်ရေးပင် ဖြစ်သည် ဟု သိရပြီး
နယ်စပ်ပိတ်ပင်ခြင်းနှင့် ပြည်နှင်ဒဏ်ပေးခြင်းတို့ကြောင့် ကွဲကွာနေသော မိသားစု ၁၅၄ စု ပြန်လည်ပေါင်းစည်းနိုင်ရေး
ကိုလံဘီယာ နိုင်ငံခြားရေးဝန်ကြီးဌာန၏ တောင်းဆိုမှုကို ဗင်နီဇွဲလားနိုင်ငံမှ လစ်လျူရှုခဲ့သည်ဟု ဆိုသည်။
ကိုလံဘီယာ အပြည်အပြည်ဆိုင်ရာ ကြက်ခြေနီအသင်းကလည်း မိသားစုပေါင်း ၄၂၆၀ သည် လူသားချင်း
စာနာထောက်ထားမှုဆိုင်ရာ အခက်အခဲများကြောင့် ကိုလံဘီယာသို့ ပြန်လာလိုကြောင်း တင်ပြခဲ့သည်။
ဗင်နီဇွဲလားနိုင်ငံနယ်စပ် ဗာချီရာပြည်နယ်တွင် အထောက်အထား မပြည့်စုံသည့် ကိုလံဘီယာလူဦးရေး ၁၀၀၀ ကို
ပြန်လည်ပို့ဆောင်ရာတွင် လူ့အခွင့်အရေးကို ချိုးဖောက်ခဲ့ခြင်းမရှိဟု ဗင်နီဇွဲလားနိုင်ငံဘက်မှ ပြောကြားသည်။
ဗင်နီဇွဲလားနိုင်ငံဘက်မှ နယ်စပ်ပိတ်ဆို့လိုက်သည့်အတွက် ကိုလံဘီယာနှင့် ဗင်နီဇွဲလား နှစ်နိုင်ငံဆက်ဆံရေးမှာ
လက်ရှိတွင် တင်းမာလျက်ရှိသည်။




Ref: NHK News / Myanma Alinn Daily

MFM

No comments:

Post a Comment

Popular Posts