Monday, July 13, 2015

နေတိုးစခန်းအနီး အသေခံ ဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွား


အာဖဂန်နစ္စတန် ၊ ဇူလိုင် ၁၃

ခိုစ့်ပြည်နယ်၌ တနင်္ဂနွေနေ့က အသေခံ ကားဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ သေဆုံးသူ ၃၃ ဦးရှိပြီး ဒဏ်ရာရသူ ၂၃ ဦးရှိကြောင်း
 ပြည်နယ်အစိုးက တနင်္လာနေ့က ပြောကြားသည်။
တနင်္ဂနွေနေ့ ညနေပိုင်းက ဖြစ်ပွားခဲ့သော အဆိုပါ ကားဗုံးခွဲတိုက်ခိုက်မှုကြောင့် သေဆုံးသူ အရေအတွက်သည်
၃၃ ဦးအထိ ရှိလာကြောင်း၊ သေဆုံးသူများတွင် အရပ်သား ၂၇ ဦးနှင့် အာဖဂန်လုံခြုံရေးတပ်ဖွဲ့ဝင် ၆ ဦး ပါဝင်ကြောင်း
ကြေညာချက်တွင် ဖော်ပြထားသည်။
အဆိုပါတိုက်ခိုက်မှုသည် စစ်သွေးကြွတစ်ဦးက နေတိုးဦးဆောင်သော ထောက်ပံ့ရေးမစ်ရှင်တပ်ဖွဲ့ဝင်များနေထိုင်ရာ စခန်း
အ၀င်ဂိတ်အနီး၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း လုံခြုံရေးသတင်းရပ်ကွက်က ပြောဆိုသည်။
အဆိုပါတိုက်ခိုက်မှုအတွင်း နိုင်ငံခြားသားတပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာရရှိမှု မရှိဟု ဆိုသည်။
 သေဆုံးသူများအထဲတွင် အမျိုးသမီး သုံးဦးနှင့် ကလေး ၁၂ ဦး ပါဝင်ကြောင်း၊ ဒဏ်ရာရရှိသူ ၂၃ ဦးတွင် အရပ်သား
၁၂ ဦးနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၁ ဦး ပါဝင်ကြောင်း ကြေညာချက်တွင် ထပ်လောင်းဖော်ပြထားသည်။

သို့ရာတွင် ယင်းတိုက်ခိုက်မှုသည် မည်သည့်အဖွဲ့အစည်းက တိုက်ခိုက်သည်ကို မသိရသေးကြောင်း ဆိုသည်။


Ref: Shinhwa news / AFP

No comments:

Post a Comment

Popular Posts