Saturday, July 4, 2015

ဝန်ကြီးချုပ်နေရာရာထူးအတွက် ယှဉ်ပြိုင်ရန် သီရိလင်္ကာသမ္မတဟောင်း ရွေးကောက်ပွဲဝင်မည်ဟုဆို



သီရိလင်္ကာ၊ ဇူလိုင် ၃
သီရိလင်္ကာဝန်ကြီးချုပ် ရာထူးအတွက် ၀င်ရောက်ယှဉ်ပြိုင်ရန် လာမည့်လတွင် ကျင်းပမည့် ပါလီမန်ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင် 
ရွေးချယ်ခံမည်ဟု သမ္မတဟောင်း ရာဂျာပက်ဆေးက ပြောကြားသည်။
ရာဂျာပက်ဆေး ရွေးကောက်ပွဲဝင်ခြင်းဖြင့် သီရိလင်္ကာပြည်တွင်းစစ်ပွဲကာလအတွင်း စစ်ရာဇ၀တ်မှုများ ကျူးလွန်ခဲ့သည်ဟု ၎င်းအား 
စွပ်စွဲပြစ်တင်ခဲ့သော လူ့အခွင့်အရေး အုပ်စုများက ဒေါသအမျက်ထွက်စေဖွယ်ရှိသည်။
ရွေးကောက်ပွဲဝင်ရန် ၎င်းအားတောင်းဆိုလာမှုကို လက်ခံကြောင်း သီရိလင်္ကာသမ္မဟောင်းက ဇူလိုင် ၁ ရက်နေ့တွင် ပြောကြားခဲ့သည်။
သီရိလင်္ကာသမ္မတ မေသရီပါလာ သည် သီရိလင်္ကာ လွတ်မြောက်ရေးပါတီကို ဦးဆောင်လျက်ရှိပြီး ၎င်းပါတီ၏ ၀န်ကြီးချုပ်လောင်းအဖြစ်
၎င်းအား ရွေးချယ်သတ်မှတ်ရန် သမ္မတဟောင်း၏ တောင်းဆိုမှုကို ပယ်ချထားပြီး ဖြစ်သည်။
သမ္မတဟောင်း ရာဂျာပက်ဆေးသည် သီရိလင်္ကာတွင် ဆယ်စုနှစ်တစ်ခုကြာမျှ အာဏာကိုင်စွဲထားခဲ့ပြီး ယခုနှစ်အတွင်း 
ကျင်းပလျက်ရှိသော ရွေးကောက်ပွဲ၌ အရှုံးနှင့် ရင်ဆိုင်ခဲ့ရသည်။

Ref: Reuters News 

No comments:

Post a Comment

Popular Posts