Thursday, July 2, 2015

တရုတ်နိုင်ငံလေယာဉ်ပြေးလမ်းတည်ဆောက်မှု ပြီးစီးတော့မည်ဟုဆို


တောင်တရုတ်ပင်လယ်ရှိ ပိုင်နက်နယ်မြေ အငြင်းပွားလျက်ရှိသော ရေပြင်အတွင်း ကျောက်တန်းတစ်ခုပေါ်၌ တရုတ်နိုင်ငံ 
တည်ဆောက်လျက်ရှိသည့် လေယာဉ်ပြေးလမ်းတစ်ခုမှာ ပြီးစီးလုနီး အနေအထားတွင် ရှိနေပြီဖြစ်ကြောင်း အမေရိကန် 
သုတေသနဌာနတစ်ခုက ပြောကြားသည်။
ဖာရီခရော့စ် ကျောက်တန်းအမည်ရှိ ကျွန်းတန်ပေါ်တွင် မီတာ ၃၀၀၀ ( ပေ ၉၀၀၀ ) အရှည်ရှိ လေယာဉ်ပြေးလမ်း 
တည်ဆောက်ထားပုံကို ဂြိုလ်တုဓာတ်ပုံတစ်ပုံတွင် တွေ့ရှိရကြောင်း အမေရိကန်မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေး
ဌာနက ပြောကြားသည်။
စပရက်လီကျွန်းစုဒေသရှိ ကျောက်တန်းများကို အခြေပြုကာ တရုတ်နိုင်ငံက ကျွန်းတုများ ဖော်ထုတ်သည့် စီမံကိန်းတစ်ရပ်နှင့် 
ပက်သတ်၍ မကြာသေးမီက လူသိရှင်ကြား သတင်းပေါ်ထွက်လာခဲ့သော်လည်း လေယာဉ် ပြေးလမ်း တည်ဆောက်မှုကို 
လျင်မြန်စွာ ပြုလုပ်ခဲ့ကြောင်း တရုတ်နိုင်ငံ၏ ယင်းလုပ်ဆောင်ချက်နှင့် ပက်သတ်၍ အိမ်နီးချင်းနိုင်ငံများနှင့်သာမက 
အမေရိကန်ပြည်ထောင်စုနှင့်ပါ တင်းမာမှုများ ပေါ်ထွက်ခဲ့ကြောင်း အမေရိကန်ပြည်ထောင်စုသည် တရုတ်နိုင်ငံ၏ 
ကျွန်းတုတည်ရာနယ်မြေရှိ ရေမိုင် ၁၂ မိုင်အကွာအဝေးအတွင်း စစ်သင်္ဘောများ စေလွှတ်ရန်နှင့် ကင်းထောက်
စစ်လေယာဉ်များ စေလွှတ်ရန် စီစဉ်လျက်ရှိကြောင်းကိုလည်း ဖော်ပြထားသည်။
ဖာရီခရော့စ် ကျောက်တန်းဒေသအလယ်ရှိ ရေအိုင်တစ်အိုင်ကို မြေဖို့ကာ ပင်လယ်ဆိပ်ကမ်းတစ်ခုကို တစိတ်တစ်ဒေသ
ဖော်ထုတ်ထားကြောင်း ကုန်အတင်အချ ပြုလုပ်နိုင်သော ယာယီဆိပ်ခံတတား ကိုးစင်းလည်း တွေ့ရကြောင်း ဖော်ပြထားသည်။


Rer: PTI / The Mirror

No comments:

Post a Comment

Popular Posts