ဒမတ်စကတ်၊
သြဂုတ် ၂၆
ဆီးရီးယားရှေးဟောင်းမြို့တော်
ပါလ်မိုင်ရာရှိ ရောမခေတ် ဘုရားကျောင်းတစ်ကျောင်းအား ဖျက်ဆီးပုံကို
ပြသနေသော
ဓာတ်ပုံငါးပုံကို အိုင်အက်စ် စစ်သွေးကြွအုပ်စုက ထုတ်ပြန်ခဲ့သည်။
သြဂုတ်
၂၅ ရက်နေ့က ဖြန့်ဝေလိုက်သည့် အဆိုပါဓာတ်ပုံများတွင်
အိုင်အက်စ် စစ်သွေးကြွများက
ဘယ်လ်ရှာမင်ဘုရားကျောင်းထဲသို့
ဖောက်ခွဲရေးပစ္စည်းများ ယူဆောင်ပြီး ဖောက်ခွဲခဲ့သည့်အတွက်
မီးခိုးများထွက်ပေါ်လာပြီး
အုတ်ကျိုးအုတ်ပဲ့များ စုပုံသွားပုံကို ပြသသည်။
အေဒီ
ပထမရာစုတွင် တည်ဆောက်ခဲ့သော အဆိုပါ ဘုရားကျောင်းမှာ ပါလ်မိုင်ရာရှိ အကောင်းမွန်ဆုံး
ထိန်းသိမ်းစောင့်ရှောင့်ထားသည့်
ယဉ်ကျေးမှုအမွေအနှစ်များအနက် တစ်ခုအဖြစ် လူသိများသည်။
အိုင်အက်စ်အုပ်စုက
ဘုရားကျောင်းကို ပြီးခဲ့သည့် သြဂုတ် ၂၃ ရက်နေ့က ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း
ဆီးရီးယားအစိုးရက
ပြောကြားသည်။
အိုင်အက်စ်စစ်သွေးကြွများက
၎င်းတို့၏ အစွန်းရောက် ယူဆမှုကြောင့် အခြားယဉ်ကျေးမှုပစ္စည်း အများအပြားကို ဖြိုဖျက်ခဲ့ကြသည်။
နာမည်ကျော်ကြားသော ကမ္ဘာ့အမွေအနှစ် စာရင်းဝင် နေရာအား ဖျက်ဆီးခြင်းအားဖြင့်
၎င်းတို့၏
သြဇာအာဏာကို သရုပ်ဖော်ပြသရန် အိုင်အက်စ်စစ်သွေးကြွများက ကြိုးစားခြင်းဖြစ်သည်ဟု
ယုံကြည်ရသည်။
၎င်းတို့က ပါလ်မိုင်ရာမြို့ရှိ ယဉ်ကျေးမှုပစ္စည်းများအား ထပ်မံဖျက်ဆီးပစ်မည်ကို
စိုးရိမ်ပူပန်မှုများ
ကြီးထွားလျက်ရှိသည်။
Ref:
NHK / The Mirror

