တိုကျို၊
ဆိုမာလီကမ်းလွန်ပင်လယ်ပြင်တွင် ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့၏
ပင်လယ်ဓားပြ
တိုက်ဖျက်နှိမ်နင်းရေးလုပ်ငန်းကို လာမည့်နှစ်တွင် တိုးချဲ့သွားမည်ဖြစ်ကြောင်း
ဂျပန်အစိုးရက
ဆုံးဖြတ်ချက်ချခဲ့သည်။
လက်ရှိဆောင်ရွက်မှုသည် ဇူလိုင်လနှောင်းပိုင်းတွင် ပြီးဆုံးမည်ဖြစ်သည်။
ဂျပန်နိုင်ငံသည် ၂၀၀၉ ခုနှစ်ကတည်းက ကုန်သွယ်ရေကြောင်း သင်္ဘောများကို ပင်လယ်ဓားပြရန်မှ
ကာကွယ်မှုပြုလုပ်နိုင်ရန်
ကင်းလှည့်လေယာဉ်နှင့် အစောင့်အကြပ် သင်္ဘောများကို ယင်းကမ်းလွန်ပင်လယ်ပြင်၌
တပ်ဖြန့်ချ
ထားခဲ့သည်။ ၂၀၁၅ ခုနှစ် မေလက ပင်လယ်ဓားပြများကို နှိမ်နင်းရာတွင် နိုင်ငံပေါင်းစုံ
ပထမဆုံး
ပူးပေါင်းဆောင်ရွက်မှု ပင်လယ်ရေကြောင်း ကာကွယ်ရေးတပ်ဖွဲ့ အကြီးအကဲတစ်ဦးက တာဝန်ယူခဲ့သည်။
ဇူလိုင် ၇ ရက်တွင် ဂျပန်လွှတ်တော်က ပင်လယ်ဓားပြနှိမ်နင်းရေးကို
အတည်ပြုပြီးနောက် ကာကွယ်ရေး
ဝန်ကြီး ဗိုလ်ချုပ်ကြီး နာဂါတနီ က ပင်လယ်ဓားပြ ခြိမ်းခြောက်မှုရန်သည်
အဆိုပါဒေသတွင် ဆက်လက်ဖြစ်ပွားနေပြီး ဆိုမာလီကို ဆင်းရဲတွင်းပိုမိုနက်အောင် ပြုလုပ်သကဲ့သို့
ဖြစ်နေကြောင်း၊ ထို့ပြင် ၎င်းသည်ပင်လျှင် ပြသ၁နာ၏ ရင်းမြစ်ဖြစ်ပြီး အမြစ်ပြတ်ချေမှုန်းမှု
မလုပ်ဆောင်နိုင်သေးကြောင်း ပြောကြားခဲ့သည်။
ဂျပန်နိုင်ငံသည်အခြားနိုင်ငံများမှ ပင်လယ်ဓားပြချေမှုန်းရေး
တပ်ဖွဲ့များနှင့် ပူးပေါင်းပြီး အဓိက
ပင်လယ်ရေလမ်းကြောင်းဖြစ်သော ဆိုမာလီကမ်းလွန်
ပင်လယ်ပြင်တွင် ပင်လယ်ဓားပြရန်မှ
အန္တရာယ်ကင်း လုံခြုံစိတ်ချမှု ရှိရန် ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း
ကာကွယ်ရေးဝန်ကြီးက
ပြောခဲ့သည်။
Ref: NHK News
Find us on facebook MFM

No comments:
Post a Comment