Thursday, June 25, 2015

နီပေါမြေငလျင် ပြန်လည်ထူထောင်ရေး ဒေါ်လာ သန်း ၅၀၀ ကမ္ဘာ့ဘဏ် ကူညီမည်



နီပေါနိုင်ငံ၌ ဧပြီလနှင့် မေလအတွင်းက မြေငလျင်နှစ်ခု လှုပ်ခဲ့ခြင်းကြောင့် လူပေါင်း ၉၀၀၀ နီးပါး
သေဆုံးခဲ့ရပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရေးအတွက်
ဒေါ်လာ သန်း ၅၀၀ အကူအညီပေးရန် ကမ္ဘာ့ဘဏ်က အတည်ပြုလိုက်ကြောင်း ရိုက်တာ
သတင်းဌာနတွင် ဖော်ပြသည်။
နီပေါနိုင်ငံ၏ ကျေးလက်ဒေသများ၌ နေအိမ်များ ပြန်လည်ထူထောင်နိုင်ရေးအတွက် ဒေါ်လာ သန်း ၂၀၀ ထောက်ပံ့မည့်အပြင် အစိုးရအဖွဲ့ထံ ဒေါ်လာ သန်း ၁၀၀ တိုက်ရိုက်ထောက်ပံ့ပေးမည် ဖြစ်ကြောင်း အမေရိကန် ပြည်ထောင်စု ၀ါရှင်တန်အခြေစိုက် ကမ္ဘာ့ဘဏ်က ပြောကြားသည်။
ပြန်လည်ထူထောင်ရေးလုပ်ငန်းကို အလေးထားလုပ်ဆောင်နိုင်ရေးအတွက် နီပေါနိုင်ငံ၌ လက်ရှိ အကောင်အထည်ဖော်နေသော စီမံကိန်းများမှ ရန်ပုံငွေ သန်း ၁၀၀ မှ သန်း ၂၀၀ အထိကို လွှဲပြောင်းပေးမည် ဖြစ်သည်။
နီပေါနိုင်ငံ၏ သမိုင်းတွင် အဆိုးရွားဆုံးသော သဘာဝ ဘေးအန္တရာယ်ဖြစ်သည့် မြေငလျင်လှုပ်မှုကြောင့် အကြီးအကျယ် ထိခိုက်ခဲ့ရပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် ဒေါ်လာ ၆.၆ ဘီလီယံအထိ ကျခံသုံးစွဲရမည်ဟု အစိုးရက ခန့်မှန်းထားသည်။

Ref: Reuters News


MFM


No comments:

Post a Comment

Popular Posts