Thursday, June 25, 2015

ရုရှားနှင့် စစ်လက်နက်ပြိုင်ဆိုင်မှုပြုလုပ်မည် မဟုတ်ဟု နေတိုးတပ်ဖွဲ့ပြောကြား





မဟာမိတ်တပ်ဖွဲ့များအနေဖြင့် ရုရှားနှင့် စစ်လက်နက်ပြိုင်ဆိုင်မှုများ ပြုလုပ်လိမ့်မည် မဟုတ်ဟု နေတိုးတပ်ဖွဲ့ 
အကြီးအကဲကပြောကြားခဲ့သော်လည်း ယူကရိန်းအပေါ် ရုရှား၏ ရန်လိုမှုက ၎င်း၏ကာကွယ်ရေးအင်အားကို 
ပိုမိုခိုင်မာအောင် လှုံ့ဆော်စေခဲ့သည်။
ရုရှားသမ္မတ ဗလာဒီမာပူတင်က မော်စကိုရှိ ၎င်း၏ နူကလီးယားလက်နက်ရုံ၌ ဒုံးကျည်အစင်း ၄၀ ကို ထပ်မံ ဖြည့်သွင်းသွားမည်ဟု ပြောဆိုပြီးနောက် မကြာမီ အမေရိကန်က ရှရှားနယ်စပ်ရှိ နေတိုးတပ်ဖွဲ့ဝင် နိုင်ငံများတွင်
တင့်ကားများနှင့် လက်နက်ကြီးများကို တပ်ဆင်ထားရှိရန် စီစဉ်နေကြောင်း ယခုအပတ်၌ ကြေညာခဲ့သည်။
ရုရှားအနေဖြင့် ၎င်း၏ နယ်စပ်တစ်ဝိုက်ဖြစ်သည့် ဘောလ်တစ်ဒေသများတွင်း စစ်ရေးလှုပ်ရှားမှုများကို အရှိန်အဟုန်မြှင့် 
လုပ်ဆောင်လျက် စစ်လက်နက်ပြိုင်ဆိုင်မှုများ ပြုလုပ်လာစေရန် နေတိုးတပ်ဖွဲများက တွန်းအားပေးနေသည်ဟု
 ရှရှားအာဏာပိုင်များက ပြီးခဲ့သည့် အပတ်က စွပ်စွဲခဲ့သည်။
ဘောလ်တစ်ဒေသများဖြစ်သည့် အက်စတိုးနီးယား၊ လစ်သူယေးနီးယား၊ လက်ဘီးယားဒေသများသာမက ဘူလ်ဂေးရီးယား၊
 ရိုမေးနီးယားနှင့် ပိုလန်တို့ကလည်း အမေရိကန်တို့၏ စစ်လက်နက်နှင့် လက်နက်ကြီးများ တပ်ဆင်မှုကို လက်ခံဆောင်ရွက်ရန် သဘောတူညီကြောင်း အမေရိကန်ကာကွယ်ရေး ၀န်ကြီး အက်ရှ်ကတာ က နေတိုးအဖွဲ့ဝင် ၀န်ကြီးများ အစည်းအဝေးတွင်
 ပြောကြားခဲ့သည်။


Ref: Reuters News


No comments:

Post a Comment

Popular Posts