Saturday, June 27, 2015

စစ်ရေးထိပ်တိုက်တွေ့ရာတွင် လိုက်နာရမည့်နည်းလမ်းများ တရုတ်နှင့်ဂျပန် သဘောတူ


တိုကျို ၊ ဇွန် ၂၆

ထိပ်တိုက်ရင်ဆိုင်တွေ့ရာမှ ပေါ်ပေါက်လာမည့် အန္တရာယ်များကို လျှော့ချရန်အတွက် မမျှော်လင့်ဘဲ တွေ့ဆုံကြစဉ်
၎င်းတို့၏ ရေတပ်သင်္ဘောများနှင့် စစ်လေယာဉ်များအကြား ဆက်သွယ်သည့်အခါ လိုက်နာကျင့်သုံးရမည့် နည်းလမ်းများ ပြဋ္ဌာန်းရေး သဘောတူညီချက်ကို ဂျပန်နှင့် တရုတ်နိုင်ငံတို့က နောက်လတွင် အပြီးသတ်မည်ဟု သတင်းအရင်းအမြစ်တစ်ခုက ရိုက်တာသို့ ယနေ့ပြောကြားသည်။
တရုတ်နိုင်ငံ၏ စစ်အင်အားကြီးမားလာနေပြီ ဖြစ်သကဲ့သို့ ဂျပန်နိုင်ငံကလည်း ၎င်း၏ ကာကွယ်ရေးတပ်ဖွဲ့ကို ၎င်းပိုင်နက် ရေပြင်၏ အပြင်ဘက် တောင်တရုတ်ပင်လယ်ကဲ့သို့သော ဒေသများတိုင်အောင် လှုပ်ရှားမှုတိုးချဲ့နေစဉ် ၎င်းတို့၏ လက်နက်ကိုင် တပ်ဖွဲ့များအကြား မမျှော်လင့်ဘဲ တွေ့ဆုံကြခြင်းမှာ များပြားလာလျက် ရှိသည်။
အဆိုပါ ဆက်သွယ်ရေးစည်းမျဉ်းများကို နိုင်ငံတကာရေပြင်နှင့် ဝေဟင်တွင် မမျှော်လင့်ဘဲ တွေ့ဆုံကြသည့်အခါ
လိုက်နာရမည်ဖြစ်ကြောင်း တရုတ်နိုင်ငံက နိုင်ငံပိုင်ရေပိုင်နက်များကိုလည်း သဘောတူညီချက်တွင် တိုးချဲ့ပါဝင်စေရန် အလိုရှိကြောင်း ဖော်ပြခဲ့သည်။
ပေကျင်းမြို့တော်၌ ဇွန်လ ၁၉ ရက်နေ့တွင် သဘောတူညီချက်အချို့ ရရှိခဲ့ပြီးဖြစ်ကြောင်း၊ ယင်းသဘောတူညီချက်ကို မြန်ဆန်စွာ အကောင်အထည်ဖော်ရန် လိုအပ်သည်ဟု ယုံကြည်ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး
နာကာတာနီက ယနေ့သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

Ref: Reuters News / The Mirror

No comments:

Post a Comment

Popular Posts