Monday, June 29, 2015

အိုင်အက်စ်များက ဗြိတိန်ကိုအကြမ်းဖက်တိုက်ခိုက်ရန် ကြံစည်လျက်ရှိကြောင်း ကင်မရွန်းသတိပေး


လန်ဒန် ဇွန် ၂၉
အီရတ်နှင့် ဆီးရီးယားရှိ အိုင်အက်စ်စစ်သွေးကြွများသည် ဗြိတိန်ကို ဆန့်ကျင်တိုက်ခိုက်ရန်အတွက် အတိအကျ အစီအစဉ် 
ဆွဲခဲ့ခြင်း ဖြစ်ကြောင်း၊ ၎င်းတို့သည် အနောက်နိုင်ငံများကို ဦးတည်ချက်ထား တိုက်ခိုက်ခြင်းဖြစ်ကြောင်း ဗြိတိန် 
ဝန်ကြီးချုပ်ဒေးဗစ် ကင်မရွန်းက တနင်္လာနေ့တွင် သတိပေး ပြောကြားခဲ့သည်။
အစ္စလာမ္မစ်နိုင်ငံတော် တည်ထောင်ရန်အတွက် အီရတ်နှင့်ဆီးရီးယားရှိ လူများသည် ဗြိတိန်နှင့် အခြားနိုင်ငံများအပေါ် 
အကြမ်းဖက်လုပ်ရပ်များ ပြုမူဆောင်ရွက်ရန် ကြံစည်လျက်ရှိကြောင်းကို ကင်မရွန်းက BBC အသံလွှင့်ဌာနသို့ ပြောကြားသည်။ ၂၀၀၅ ခုနှစ်၊ လန်ဒန်မြေအောက်ရထား ဗုံးခွဲခံရမှုသည် နိုင်ငံသားများအတွက် အဆိုးဆုံးဖြစ်ရပ်တစ်ခု ဖြစ်ကြောင်း ဗြိတိသျှ
ရဲများက ဖော်ပြခဲ့ပြီး သောကြာနေ့က အိုင်အက်စ်သေနတ်သမားတစ်ဦးက တိုက်ခိုက်မှုကြောင့် ဗြိတိသျှခရီးသွား 
အယောက် ၃၀ သေဆုံးခဲ့ရကြောင်း ၀န်ကြီးချုပ်က ပြောကြားခဲ့သည်။

Ref: Reuters News 




No comments:

Post a Comment

Popular Posts