Saturday, June 27, 2015

ပြင်သစ်ခေါင်းဆောင်များကို သူလျှိုပြုလုပ်ခဲ့သည်ဆိုမှုကြောင့် အမေရိကန် သံအမတ်ကြီးအား ဆင့်ခေါ်ကာ ကန့်ကွက်



ပြင်သစ်နိုင်ငံ၏ ခေါင်းဆောင်များအား အမေရိကန်အစိုးရက သူလျှိုပြုလုပ်ခဲ့သည်ဆိုသော စွပ်စွဲချက်များနှင့်
ပတ်သက်၍ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန်သံအမတ်ကြီးအား ဆင့်ခေါ်ကာ ကန့်ကွက်ခဲ့ကြောင်း
ရိုက်တာသတင်းဌာနက ဇွန်လ ၂၄ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
ပြင်သစ်နိုင်ငံ၏ သမ္မတအဆက်ဆက်ကို အမေရိကန်က သူလျှိုပြုလုပ်ခဲ့သည်ဆိုသော စွပ်စွဲချက်များနှင့် ပတ်သက်၍
သမ္မတ ဖရန်ဆွာဟော်လန်းက လက်ခံနိုင်မည်မဟုတ်ကြောင်း တာဝန်ရှိသူတစ်ဦက ပြောကြားသည်။
ပွင့်လင်းမြင်သာမှုရှိရေးဘက်မှ လှုံ့ဆော်သော ၀ီကီလိခ်အုပ်စုက ဖွင့်ဟကြော်ညာရာတွင် အမေရိကန်နိုင်ငံက ပြင်သစ်သမ္မတ အဆက်ဆက်ကို သူလျှိုပြုလုပ်ခဲ့သည်ဟု ဖော်ပြထားသည်။
အမေရိကန်အမျိုးသားလုံးခြုံရေးအေဂျင်စီ ( NSA ) က ဂျာမဏီနိုင်ငံကို သူလျှိုပြုလုပ်ခဲ့ကြောင်း ဂျာမဏီနိုင်ငံရှိ ထောက်လှမ်းရေး အေဂျင်စီကလည်း NSA နှင့် ပူးပေါင်းကာ ဥရောပနိုင်ငံများရှိ အစိုးရအဖွဲ့ခေါင်းဆောင်များနှင့် ကုမ္မဏီများအား သူလျှိုပြုလုပ်ခဲ့ကြောင်း ယခင်က သတင်းများထွက်ပေါ်ခဲ့ပြီး သူလျှိုလုပ်မှု အရှုပ်တော်ပုံသစ် ထပ်မံထပ်ပေါ်လာခြင်း ဖြစ်သည်။
ပြင်သစ်နိုင်ငံ၌ နောက်ဆုံးအာဏာရရှိခဲ့သော သမ္မတ သုံးဆက်စလုံးတွင် အမေရိကန်အမျိုးသားလုံခြုံရေး အေဂျင်စီက သူလျှိုပြုလုပ်ခဲ့သည်ဟု ၀ီကီလိခ်အုပ်စုက ဖွင့်ဟကြော်ညာခဲ့သည်။ ယင်းသည် စီးပွားရေးအရ အကျိုးအမြတ်မယူဘဲ
သတင်းမှန်ဖော်ထုတ်ပေးရန် ရည်ရွယ်သော နိုင်ငံတကာအုပ်စုတစ်စုဖြစ်ပြီး အင်တာနက်တွင် ၀က်ဘ်ဆိုက်တင်ထားသည်။

Ref: Reuters News / The Mirror



No comments:

Post a Comment

Popular Posts