Saturday, June 27, 2015

အိုဘားမားနှင့် ပူတင် ဖုန်းဆက်ဆွေးနွေး


ဝါရှင်တန်၊ ဇွန် ၂၆
အမေရိကန်သမ္မတ ဘာရက်အိုဘားမာသည် ရုရှားသမ္မတ ဗလာဒီမာပူတင်အား ဖုန်းဆက်သွယ်၍ ယူကရိန်းနိုင်ငံမှ ရုရှားတပ်ဖွဲ့ဝင်များနှင့် ရုရှားစစ်လက်နက်များကို ဖယ်ရှားရန် ပြောဆိုခဲ့ကြောင်း ယနေ့သတင်းများတွင် ဖော်ပြသည်။
နိုင်ငံ့ခေါင်းဆောင်နှစ်ဦးသည် အိုင်အက်စ် တိုက်ခိုက်ရေးသမားများကို တုံ့ပြန်ရန်လိုအပ်ကြောင်း၊ အီရန်နိုင်ငံအား နူကလီးယားလက်နက် ပိုင်ဆိုင်ခြင်းမရှိရေးအတွက် ကာကွယ်ရန်လိုအပ်ကြောင်းနှင့် အရှေ့အလယ်ပိုင်းအခြေအနေတို့ကို
ဆွေးနွေးခဲ့ကြသည်ဟု ယမန်နေ့က အိမ်ဖြူတော်မှ ထုတ်ပြန်သောကြေညာချက်တွင် ဖော်ပြထားသည်။
ဖေဖော်ဝါရီလနောက်ပိုင်း အိုဘားမားနှင့်ပူတင်အကြား ဖုန်းဖြင့်ဆွေးနွေးခြင်းကို ပထမဆုံးအကြိမ် လူသိရှင်ကြား ထုတ်ပြန်ကြေညာခြင်း ဖြစ်သည်။

လွန်ခဲ့သည်လတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနှင့် ပူတင်တို့ တွေ့ဆုံဆွေးနွေးပြီး ယခုကဲ့သို့ ခေါင်းဆောင်နှစ်ဦး ဆွေးနွေးခြင်း ဖြစ်သည်။

Ref: Reuters News / The Mirror

No comments:

Post a Comment

Popular Posts