ဝါရှင်တန်
ဇွန် ၂၉
လူလိုက်ပါခြင်းမရှိသော
Space X ဒုံးပျံတစ်စင်း ယမန့်နေ့က ဖလော်ရီဒါတွင် လွှတ်တင်ပြီးနောက်
နှစ်မိနစ်ခန့်အကြာ၌ ပေါက်ကွဲမှု ဖြစ်ပွားရော နိုင်ငံတကာ အာကာသစခန်းအတွက် ထောက်ပံ့ရေးပစ္စည်းများ ပို့ဆောင်ရန် စီစဉ်ထားသော အာကာယာဉ်တစ်စင်း ပျက်စီးသွားခဲ့သည်။ ၂၁၀ ပေ ( ၆၃ မီတာ ) အမြင့်ရှိသော အဆိုပါ Fatcon 9 အမျိုးအစား ဒုံးကျည်သည် ၂၀၁၀ ပြည့်နှစ်ကစ၍ ၁၈ ကြိမ် အောင်မြင်စွာ ပျံသန်းခဲ့ပြီး ဖြစ်သည်။ NASA ၏ အာကာသစခန်း ခြောက်ခုအတွက် ထောက်ပံ့ရေးပစ္စည်းများ ပေးပို့ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။

သမုဒ္ဒရာမျက်နှာပြင်ပေါ်၌
ဒုံးပျံဆင်းသက်ရန် နေရာစမ်းသပ်ပြုလုပ်မှုတစ်ခုမှာ မအောင်မြင်ဘဲ ယခင်က
နှစ်ကြိမ်ကြိုးစား ပြုလုပ်ခဲ့ကြောင်း နည်းပညာကုမ္ပဏီတစ်ခုမှ သိရသည်။ တနင်္ဂနွေနေ့က ဖြစ်ပွားသော
အဆိုပါ မတော်တဆမှုမှာ ဒုံးကျည်သည် ကနာဗီရာလေတပ်စခန်းမှ အာကာသစခန်းသို့ ဒုတိယအကြိမ်
ထောက်ပံ့ရေးပစ္စည်း ပေးပို့ရန်အတွက် ဆင်းသက်ခဲ့ပြီးနောက် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ပေါက်ကွဲမှု အကြောင်းရင်းကို မသိရသေးကြောင်း သက်ဆိုင်ရာက ပြောသည်။
ကနဦးစစ်ဆေးမှုအရ
ဒုံးပျံထိပ်ပိုင်းရှိ အင်ဂျင်ပိုင်းဆိုင်ရာ ချို့ယွင်းချက်တစ်ခုကို တွေ့ရကြောင်း သိရှိရသည်။နှစ်ကြိမ်ကြိုးစား ပြုလုပ်ခဲ့ကြောင်း နည်းပညာကုမ္ပဏီတစ်ခုမှ သိရသည်။ တနင်္ဂနွေနေ့က ဖြစ်ပွားသော
အဆိုပါ မတော်တဆမှုမှာ ဒုံးကျည်သည် ကနာဗီရာလေတပ်စခန်းမှ အာကာသစခန်းသို့ ဒုတိယအကြိမ်
ထောက်ပံ့ရေးပစ္စည်း ပေးပို့ရန်အတွက် ဆင်းသက်ခဲ့ပြီးနောက် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ပေါက်ကွဲမှု အကြောင်းရင်းကို မသိရသေးကြောင်း သက်ဆိုင်ရာက ပြောသည်။
Ref: Reuters News

No comments:
Post a Comment