ဆွစ်ဇာလန်အာဏာပိုင်များက
ဘော့စနီးယားတပ်မှူးဟောင်းတစ်ဦးဖြစ်သူ နာဆာအော်ရစ်အား ပြစ်မှုကျူးလွန်ခဲ့ရာ နိုင်ငံများသို့
လွှဲပြောင်းပေးအပ်လိုက်ပြီးနောက် ၎င်းမှာ ဇွန် ၂၆ ရက်နေ့က ဘော့စနီးယားနိုင်ငံမြို့တော်
ဆာရာယေဗိုသို့
ရောက်ရှိလာပြီ ဖြစ်သည်။
၁၉၉၁
ခုနှစ်များက ဘော့စနီးယားစစ်ပွဲအတွင်း ကျူးလွန်ခဲ့သော စစ်ဘက်ရာဇ၀တ်မှုများနှင့် ဆက်နွယ်၍
ဆားဘီးယား အာဏာပိုင်များက ဖမ်းဝရမ်းတစ်ရပ် ထုတ်ထားသောကြောင့် ဆွစ်ဇာလန်နိုင်ငံတွင်
ဖမ်းဆီးခံခဲ့ရသည့် အော်ရစ် ကို ဘော့စနီးယားနှင့် ဟာဇီဂိုးဗီးနားနှင့် ဆားဘီးယားနိုင်ငံ
နှစ်နိုင်ငံလုံးက အလိုရှိကြောင်း အခိုင်အမာ တောင်းဆိုခဲ့ကြသည်။
ဆာရာယေဗိုမြို့တော်တွင်
သူ့အား ဘော့စနီးယား ဟာဇီဂိုးဗီးနား (BiH )
အစိုးရ ရှေ့နေများထံ လွှဲပြောင်းပေးအပ်ခဲ့သည်။
အဆိုပါ ဖမ်းဆီးမှုက ဘော့စနီးယား ဟာဇီဂိုးဗီးနား (BiH ) နိုင်ငံနှင့် ဆားဘီးယားနိုင်ငံကြား
တင်းမာမှုများ ဖြစ်စေခဲ့ပြီး ဆားဘီးယားသမ္မတ တိုမီဆလဗ်နီကိုလစ်၏ ဘော့စနီးယားနှင့် ဟာဇီဂိုးဗီးနား
(BiH ) နိုင်ငံသို့ သွားရောက်လည်ပတ်ရန် စီစဉ်ထားသည့် ခရီးစဉ်ကို ပြီးခဲ့သည့် ရက်သတ္တပတ်က
ဖျက်သိမ်းခဲ့ရသည်။
ဆားဘီးယားနိုင်ငံသို့
ပြန်လည်လွှဲပြေားပေးရန် အော်ရစ်၏ ငြင်းဆန်မှုကြောင့် ဆွစ်ဇာလန်နိုင်ငံက သူ့အား ဘော့စနီးယား
ဟာဇီဂိုးဗီးနား (BiH ) နိုင်ငံသို့ ပို့ဆောင်ရန် ဆုံးဖြတ်ခဲ့သည်။ သူ့အား ယူဂိုဆလားဗီးယားပြည်ထောင်စုဟောင်း
ဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်ခုံရုံး ICTY က ရုံးတင်စစ်ဆေးခဲ့ပြီး ၁၉၉၀ ခုနှစ်များ
စစ်ပွဲကာလအတွင်း ဆာဘ့်လူမျိုး များအပေါ် ကျူးလွန်ခဲ့သော စစ်ရာဇ၀တ်မှုများအတွက် ၂၀၀၆ ခုနှစ်က
သူ့အား ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့သည်။
နောက်
၂ နှစ်အကြာတွင်း ၎င်းအား အယူခံဖြင့် အမှုမှ တရားသေ လွှတ်ပေးခဲ့သည်။
Ref: Shinhwa news / The Mirror
MFM


No comments:
Post a Comment