Thursday, October 15, 2015

ဥပဒေကခွင့်ပြုနေသမျှ အမေရိကန်သင်္ဘောများ လွတ်လပ်စွာသွားလာနေမည်ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီးပြောကြား





ဝါရှင်တန်၊ အောက်တိုဘာ ၁၄

တောင်တရုတ်ပင်လယ်တွင် တရုတ်တို့၏ ပိုင်နက်အငြင်းပွားမှုများ ရှိနေသော်လည်း နိုင်ငံတကာ
ဥပဒေက ခွင့်ပြုနေသမျှ ကာလပတ်လုံး အမေရိကန်သင်္ဘောများမှာတားဆီးပိတ်ပင်ခြင်းမရှိဘဲ လွတ်လပ်စွာခုတ်မောင်းသွားလာနေမည်ဖြစ်ကြောင်းအမေရိကန်ကာကွယ်ရေးဝန်ကြီး 
အက်ရှ်ကာတာက ပြောသည်။
အောက်တိုဘာ ၁၃ ရက်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနှင့် သြစတြေးလျ
ကာကွယ်ရေးနှင့် နိုင်ငံခြားရေးဝန်ကြီးများ ပူးတွဲသတင်းစာ ရှင်းလင်းပွဲ၌ ကာတာက ထိုသို့ မှတ်ချက်ပြု
 ပြောဆိုခဲ့ခြင်း ဖြစ်သည်။ နိုင်ငံတကာဥပဒေခွင့်ပြုနေသမျှ ကာလပတ်လုံး အမေရိကန်လေယာဉ်နှင့် 
ရေယာဉ်များ အတားအဆီးမရှိ ပျံသန်း၊ ခုတ်မောင်နေမည်ဖြစ်ကြောင်း၊ တောင်တရုတ်ပင်လယ်သည်
 ခြွင်းချက်တစ်ခု မဟုတ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
တောင်တရုတ်ပင်လယ်တွင် တရုတ်က တည်ဆောက်ခဲ့သော ကျွန်းများအနီး ရေမိုင် ၁၂ မိုင်ထဲသို့ 
သင်္ဘောများ စေလွှတ်ရန် အမေရိကန်က ဆုံးဖြတ်ခဲ့ပြီးနောက် ထိုသို့ ကာကွယ်ရေးဝန်ကြီး တာတာ၏ 
မှတ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ အငြင်းပွားဖွယ်ကျွန်းသည် တရုတ်(တိုင်ပေ)၊ မလေးရှား၊ 
ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့် ဘရူနိုင်းတို့လည်း သက်ဆိုင်မှုရှိကြောင်း သိရသည်။

အဆိုပါလူလုပ်ကျွန်းများသည် ရေပိုင်နက်များ တည်ဆောက်သတ်မှတ်ရာတွင် အဓိကကျသော 
ကိစ္စများမဟုတ်ကြောင်း အမေရိကန်အစိုးရက ပြောသည်။ အမေရိကန် ပစိဖိတ်စစ်ဌာနချုပ်ခေါင်းဆောင်
 ရေတပ်ဗိုလ်ချုပ်ကြီးက ရေတပ်သင်္ဘောစုကို အငြင်းပွားရေပိုင်နက်သို့ စေလွှတ်ရန်စီစဉ်နေကြောင်း
NHK သတင်းတစ်ရပ်သို့ ပြောကြားခဲ့သည်။
ထို့အပြင် အမေရိကန်မီဒီယာများကလည်း အမေရိကန်အစိုးရသည် အငြင်းပွားကျွန်းရှိရာသို့
ရေတပ်သင်္ဘောများ စေလွှတ်မည်ဖြစ်ကြောင်းဖော်ပြခဲ့သည်။

Ref: NHK News / Myanma Alinn


MFM




No comments:

Post a Comment

Popular Posts