ဗန်ကောက်၊
ဒီဇင်ဘာ ၎
ရုရှား၏
အကျိုးစီးပွားများကို တိုက်ခိုက်ရန် အောက်တိုဘာလ
အတွင်းက
ထိုင်းနိုင်ငံအတွင်း အိုင်အက်စ်နှင့် ဆက်နွယ်သော
ဆီးရီးယားများဝင်ရောက်လာခဲ့ကြောင်း
ရုရှားဖက်ဒရယ်လုံခြုံရေး
ဌာနမှ
သတင်းပေါက်ကြားမှုကိုကိုးကားလျက် ထိုင်းရဲတပ်ဖွဲ့က
ပြောဆိုလိုက်သည်။
ဆီးရီးယားရှိ
အိုင်အက်စ်စစ်သွေးကြွများအား ပါဝင်တိုက်ခိုက်သည့်
ရုရှားတို့၏
အကျိုးစီးပွားနေရာများကို ပစ်မှတ်ထား တိုက်ခိုက်
လာနိုင်ကြောင်း
အထူးရဲတပ်ဖွဲ့၏ မှတ်တမ်းတွင် ဖော်ပြသည်။
ရုရှားနိုင်ငံက
စက်တင်ဘာ ၃၀ ရက်တွင် ဆီးရီးယားလေကြောင်း
တိုက်ခိုက်မှုစတင်ကာ
လွန်ခဲ့သည့် သီတင်းပတ်များက
တိုက်ခိုက်မှုများ
အရှိန်အဟုန်မြှင့်တင် လုပ်ဆောင်လာကြသည်။
အောက်တိုဘာလအတွင်းက
လူပေါင်း ၂၂၄ ဦး သေဆုံးခဲ့သော
ရုရှားလေကြောင်းလိုင်းပိုင်
လေယာဉ် အီဂျစ်နိုင်ငံအတွင်း ပစ်ချ
ခံရခြင်းမှာ
အိုင်အက်စ်တို့က ၎င်းတို့လက်ချက်ဖြစ်ကြောင်း
ပြောဆိုခဲ့သည်။
အမျိုးသားလုံခြုံရေး
ကိုင်တွယ်ဆောင်ရွက်နေသော ထိုင်းအထူး
ရဲတပ်ဖွဲ့
အဆိုပါ သတင်းပေါက်ကြားမှုဆိုင်ရာ မှတ်တမ်းကို အခြား
ရဲတပ်ဖွဲ့ဌာနများသို့လည်း
ဖြန့်ဝေပေးခဲ့ကြောင်း ထိပ်တန်းရဲအရာရှိ
နှစ်ဦးက
ရိုက်တာသို့ ပြောသည်။ အောက်တိုဘာ ၁၅ ရက်နေ့နှင့်
၃၁
ရက်အကြား ထိုင်းနိုင်ငံအတွင်း ၀င်ရောက်လာသော ဆီးရီးယား
နိုင်ငံသား
၁၀ ဦးအား ရုရှားထောက်လှမ်းရေးက သတိပေးထားကြောင်း
ထိုင်းအထူးရဲတပ်ဖွဲ့က
နိုဝင်ဘာ ၂၇ ရက် ရက်စွဲဖြင့် ကြေညာချက်
ထုတ်ပြန်ခဲ့သည်။
အဆိုပါ မှတ်တမ်းအား ကြာသာပတေးနေ့က လူမှု
မီဒီယာများသို့
ဖြန့်ဝေခဲ့သည်ဟု ဆိုသည်။
Ref: Reuters News / Myanma Alinn Daily

No comments:
Post a Comment