မော်စကို၊
စက်တင်ဘာ ၃၀
ဆီးရီးယားတွင်
ရုရှားတပ်များ ဖြန့်ကြက်ရေး သမ္မတပူတင်၏ တောင်းဆိုမှုအပေါ် ရုရှားပါလီမန်က
ဗုဒ္ဓဟူးနေ့တွင် တစ်ညီတစ်ညွတ်တည်း
သဘောတူလိုက်ပြီဖြစ်ကြောင်း ကရင်မလင်ထိပ်တန်း
လက်ထောက်တစ်ဦးက ပြောကြားလိုက်သည်။
ရုရှားနိုင်ငံအနေဖြင့်
အိုင်အက်စ်စစ်သွေးကြွများနှင့် အနောက်အုပ်စုကျောထောက်နောက်ခံပြုသူများ၏
တိုက်ခိုက်မှု ပဋိပက္ခအတွင်း
သမ္မတအာဆတ် အစိုးရတပ်များကို ထောက်ပံ့ကူညီရေး ဆီးရီးယား၌
တပ်များဖြန့်ကြက်ရန် ကြိုးစားလျက်ရှိသည်။
ဆီးရီးယားသမ္မတက
မိမိတို့နိုင်ငံသို့ စစ်ရေးကူညီပေးရန် တောင်းဆိုခဲ့မှုအပေါ် ရုရှားပါလီမန်က မဲခွဲ
ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း
ကရင်မလင် အုပ်ချုပ်ရေး အကြီးအကဲ ဆာဂျီအိုင်ဗန်နော့်ဗ်က ပြောဆိုလိုက်သည်။
သို့သော်ရုရှားမြေပြင်တပ်များ
ဆီးရီးယား ပဋိပက္ခတွင် ပါဝင်မည်ဟု ဆိုခြင်း မဟုတ်ဘဲ လေတပ်ကိုသာ
အသုံးပြုမည်ဟု
ဆိုလိုက်ခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
ဆီးရီးယားရှိ
ရုရှားတပ်များအနေဖြင့် အာဆတ်၏ အကြမ်းဖက်တိုက်ဖျက်ရေးကိုသာ
ကူညီပေးဖွယ်ရှိသည်ဟု ဆိုသည်။
Ref: Reuters News / Myanma Alinn Daily

No comments:
Post a Comment