ဂျီနီဗာ၊ အောက်တိုဘာ ၁
ကုလသမဂ္ဂလုံခြုံရေးကောင်စီ
အမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံအနေဖြင့် လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှု
ကိစ္စများတွင်
လက်ရှိဗီတိုအာဏာသုံးစွဲခြင်းကို ရှောင်ကျဉ်နေခြင်းအပေါ် ပြင်သစ်၏ အကြံပြုချက်ကို
ဒါဇင်ပေါင်းများစွာသော
နိုင်ငံများက ထောက်ခံလိုက်သည်။
ဥရောပ၊
အာဖရိက၊ လက်တင်အမေရိကနှင့် အာရှတို့မှ နိုင်ငံပေါင်း ၇၅ နိုင်ငံက အဆိုပါအကြံပြုချက်ကို
ထောက်ခံထားကြောင်း၊
ကုလသမဂ္ဂအဖွဲ့ဝင် ၁၉၃ နိုင်ငံရှိရာတွင် နိုင်ငံများ ပိုမိုပါဝင်လာလိမ့်မည်ဟု
မျှော်လင့်ကြောင်း
ပြင်သစ်တာဝန်ရှိသူများက ပြောသည်။
မိမိတို့အနေဖြင့်
လူအစုအပြုံလိုက် သေဆုံးမှုဖြစ်ပေါ်နေသော ဆီးရီးယားကဲ့သို့ အခြေအနေကို ပိုမို
ကောင်းမွန်အောင်
ဆောင်ရွက်သွားရန် မျှော်လင့်ပါကြောင်း လုံခြုံရေးကောင်စီအနေဖြင့် ဗီတိုအာဏာကို
အသုံးမ၀င်အောင်
ပြုလုပ်နေကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး လောရင်ဖာဘီရပ်စ်က သတင်းထောက်များအား
ပြောကြားသည်။
ပြင်သစ်နိုင်ငံသည်
လုံခြံရေးကောင်စီအမြဲတမ်းအဖွဲ့ဝင် တစ်နိုင်ငံဖြစ်သော်လည်း လူအများအပြား သေဆုံးသည့်
ကိစ္စများတွင်
ဗီတိုအာဏာ အသုံးမပြုဘဲနေကြောင်း ၎င်းက ၀န်ခံပြောကြားသည်။
Ref: Reuters News / Myanma Alinn Daily

No comments:
Post a Comment