တိုကျို၊
အောက်တိုဘာ ၁
ဂျပန်က
မေလတွင် ခွင့်ပြုခဲ့သော နုကလီးယားစွမ်းအင်သုံး ဂျော့ဝါရှင်တန်ကို ပြန်လည်နေရာချထားရန်
ဒေသခံများက
ဆန့်ကျင်ကန့်ကွက်နေသည့်ကြားမှ အမေရိကန် နုကလီးယားစွမ်းအင်သုံး
လေယာဉ်တင်သင်္ဘော
ရော်နယ်ရေဂင်သည် ကြာသာပတေးနေ့က တိုကျိုမြို့ အနောက်တောင်ပိုင်းသို့
ရောက်ရှိလာသည်။
အဆိုပါနုကလီးယားစွမ်းအင်သုံး
လေယာဉ်တင်သင်္ဘောသည် သောကြာနေ့တွင် အဆိုပါရေတပ်အခြေစိုက်စခန်းသို့
ရောက်ရှိရန်
စီစဉ်ထားပြီး အမေရိကန်၏ ပဉ္စမမြောက် လေယာဉ်တင်သင်္ဘောကြီး ဖြစ်သည်။
၁၉၇၃
ခုနှစ်ကတည်းက ယိုကိုဆူအာ၌ ဖြန့်ကြက်ထားသည့် the midway, the Independence, the
kitty Hawk
နှင့်
the George Washington တို့အပြီး ရောက်ရှိလာသော ပဉ္စမမြောက်လေယာဉ်တင်သင်္ဘောကြီး ဖြစ်သည်။
အဆိုပါနုကလီးယားစွမ်းအင်သုံး
လေယာဉ်တင်သင်္ဘောကြီးသည် ၂၀၀၃ ခုနှစ်က စတင်တည်ဆောက်ခဲ့ပြီး
တန်ချိန်
၉၇၀၀၀ ရှိကာ အရှည် ၃၃၃ မီတာရှိသည်။ အဆိုပါလေယာဉ်တင်သင်္ဘောတွင် တပ်ဖွဲ့ဝင် ၅၀၀၀
ခန့်
လိုက်ပါနိုင်ပြီး လေယာဉ်အစင်း ၈၀ ကျော် တင်ဆောင်နိုင်သည်ဟု ဆိုသည်။
Ref: Shinhwa news / Myanma Alinn Daily

No comments:
Post a Comment