Wednesday, October 14, 2015

နာလန္ဒာ တက္ကသိုလ် ဖွံ့ဖြိုးတိုးတက်ရေး အိန္ဒိယနှင့် ပေါ်တူဂီလက်မှတ်ရေးထိုး



နယူးဒေလီ၊ အောက်တိုဘာ ၁၃

ကမ္ဘာ့ရှေးအကျဆုံးတက္ကသိုလ်များတွင် တစ်ခုအပါအ၀င်ဖြစ်သည့် နာလန္ဒာ တက္ကသိုလ်ပြန်လည်
တည်ဆောက်ရေးအတွက် အိန္ဒိယနှင့်ပေါ်တူဂီနိုင်ငံတို့ အောက်တိုဘာ ၁၃ ရက်နေ့က
လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။
အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်အရှေ့ပိုင်းတွင် တည်ရှိသည့် နာလန္ဒာ တက္ကသိုလ်သည်
နိုင်ငံပေါင်းများစွာ၏ ထောက်ပံ့ကူညီမှုဖြင့် ထူးချွန်ထက်မြတ်သည့် သင်ကြားရေး ဗဟိုဌာန
တစ်ခုအဖြစ် ပြန်လည်အသက်ဝင်လှုပ်ရှားနေပြီဖြစ်သည်။
ပေါ်တူဂီနိုင်ငံသည် နာလန္ဒာ တက္ကသိုလ်ပြန်လည်ဖွံ့ဖြိုးရေးအတွက် အိန္ဒိယနှင့်လက်မှတ်ရေးထိုးသည့်
တရုတ်၊  သြစတြေးလျ၊ အင်ဒိုနီးရှားနှင့် သီရိလင်္ကာနိုင်ငံတို့အပါအ၀င် ၁၇ နိုင်ငံမြောက် နိုင်ငံဖြစ်သည်။
နာလန္ဒာ တက္ကသိုလ်သည် ၂၀၁၀ ခုနှစ် အောက်တိုဘာ ၂၅ ရက်တွင် ပြဋ္ဌာန်းသော နာလန္ဒာ တက္ကသိုလ်
အက်ဥပဒေနှင့်အတူ ပြန်လည်ဖွင့်လှစ်ခဲ့သည့် တက္ကသိုလ်ဖြစ်သည်။
နာလန္ဒာ တက္ကသိုလ်၏ ပထမဆုံးသင်ကြားရေး အစီအစဉ်ကို လွန်ခဲ့သည့်နှစ်က ကျောင်းသား ၁၅ ဦးဖြင့်
ပြန်လည်စတင်ခဲ့သည်။
ရှေးအခါက နာလန္ဒာ တက္ကသိုလ်တွင် ဗုဒ္ဓဘာသာဝင် အသိုင်းအ၀ိုင်းမှ ကျောင်းသားဦးရေ ၁၀၀၀၀ နှင့်
ဆရာ ၂၀၀၀ တို့ ပညာသင်ကြားပို့ချပေးခဲ့သည့် ကမ္ဘာ့ပထမဆုံးသော ကျောင်းအိပ်ကျောင်းစား
နေထိုင်ခွင့်ပေးခဲ့သည့် တက္ကသိုလ်ဖြစ်သည်။

Ref: Shinhwa news / The Mirror
MFM




No comments:

Post a Comment

Popular Posts