ဘေရွတ်၊
အောက်တိုဘာ ၁၀
ရုရှားက
လေကြောင်းနှင့် ရေကြောင်းမှ စစ်သွေးကြွများကို ပစ်မှတ်ထား တိုက်ခိုက်နေသော်လည်း
အိုင်အက်စ်စစ်သွေးကြွများက
ပြိုင်ဘက်တိုက်ခိုက်ရေးသမားများလက်မှ အလက်ပိုမြို့မြောက်ပိုင်းအနီး
ကျေးရွာများကို
သိမ်းပိုက်လိုက်ကြောင်း အဆိုပါ စစ်သွေးကြွအုပ်စုက သောကြာနေ့တွင် ပြောကြားလိုက်သည်။
အမေရိကန်က
အိုင်အက်စ် စစ်သွေးကြွများအား တိုက်ခိုက်နေသော ဆီးရီးယားသူပုန်များကို စစ်ရေး
လေ့ကျင့်ပေးပြီး
လက်နက်များထောက်ပံ့ပေးနေမှုကို ရပ်ဆိုင်းလိုက်ပြီးနောက် အဆိုပါသတင်း
ထွက်ပေါ်လာခြင်းဖြစ်သည်။
အိုဘားမားအစိုးရအနေဖြင့်
လေးနှစ်ကြာ ဆီးရီးယားပြည်တွင်းစစ်ကို အပြောင်းအလဲအဖြစ်ရန်
ကြိုးပမ်းနေချိန်
ရုရှားက ဆီးရီးယားသမ္မတ ဘာရှာအယ်လ်အာဆတ်ကို အားပေးအားမြှောက်မှုဖြင့်
ကျူးကျော်တိုက်ခိုက်မှုများ
ပြုလုပ်လာသည်။
အပြိုင်ဗုံးကြဲတိုက်ခိုက်မှုများကြောင်း
မတော်တဆဖြစ်မှုများကို ရှောင်ရှားရန်အတွက် ရုရှားက
ဆီးရီးယားစစ်ပွဲအတွင်း
ဝင်ရောက်မှုကို ယခု သီတင်းပတ်ရက်ပိုင်းတွင် ဆွေးနွေးသွားနိုင်မည်ဟု
မျှော်လင့်ကြောင်း
ပင်တဂွန်က ပြောသည်။ ဆီးရီးယားသူပုန်စခန်းများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ရာ
အာဆတ်ကို
ဆန့်ကျင်သော သူပုန် ၃၀၀ ကျော်သေဆုံးသွားပြီဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး
ဌာနက
ပြောသည်။
Ref: Reuters News / Myanma Alinn Daily

No comments:
Post a Comment