Wednesday, September 16, 2015

အီတလီနှင့် ဂရိနိုင်ငံတို့မှ ရွှေ့ပြောင်းဒုက္ခသည်များအား EU နိုင်ငံများ ခွဲဝေလက်ခံရန် သဘောတူညီ



ဘရပ်ဆဲလ်၊ စက်တင်ဘာ ၁၅

ဥရောပသမဂ္ဂ ( EU ) ၀န်ကြီးများသည် တနင်္လာနေ့က ဘရပ်ဆဲလ်၌ ကျင်းပသော အရေးပေါ် အစည်းအဝေးတွင် 
အီတလီနှင့် ဂရိနိုင်ငံတို့မှ ရွှေ့ပြောင်းဒုက္ခသည် ၄၀၀၀၀ အား ခွဲဝေယူကြရန် သဘောတူလိုက်သည်။
EU ၀န်ကြီးများသည် အီတလီနှင့် ဂရိနိုင်ငံတို့တွင် အစီအမံများ ချမှတ်၍ ရွှေ့ပြောင်းနေထိုင်သူ ဒုက္ခသည်များအား
ခွဲဝေလက်ခံပေးရန် သဘောတူညီလိုက်ကြောင်း ရွှေ့ပြောင်းသွားလာသူများဆိုင်ရာ တရားရေးနှင့် ပြည်ထဲရေး
ကောင်စီ၏ ကြေညာချက်တွင် ဖော်ပြသည်။ ၂၀၁၅ ခုနှစ် သြဂုတ် ၁၅ ရက်မှ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၆ ရက်
အထိ နိုင်ငံတကာ အကာအကွယ် လိုအပ်နေသော လူပေါင်း ၄၀၀၀၀ တို့အတွက် ဥရောပသို့ နေထိုင်ခွင့် 
လျှောက်ထားခြင်းကို ခွင့်ပြုမည်ဟု ဆိုသည်။

ရွှေ့ပြောင်းဒုက္ခသည် ခွဲဝေရေးတွင် ပါဝင်သော EU နိုင်ငံများအနေဖြင့် ပြန်လည်နေရာချထားပေးရမည့် 
တစ်ဦးချင်းစီအတွက် ထောက်ပံ့ငွေ ယူရို ၆၀၀၀ ( အမေရိကန်ဒေါ်လာ ၆၇၈၄ ဒေါ်လာ ) ရရှိကြမည် ဖြစ်သည်။
သို့ရာတွင် ဒိန်းမတ်နှင့် ယူကေတို့က အဆိုပါဆုံးဖြတ်ချက်တွင် မပါဝင်ဟု ဆိုသည်။
လွန်ခဲ့သော သီတင်းပတ်များက ရွှေ့ပြောင်းနေထိုင်သူအများအပြားသည် ဥရောပသို့ ခိုလှုံဝင်ရောက်လာကြသည်။


 Ref: Shinhwa news / Myanma Alinn Daily

MFM

No comments:

Post a Comment

Popular Posts