ကုလသမဂ္ဂ၊
စက်တင်ဘာ ၂၉
ရဟတ်ယာဉ်များ၊
ဆေးအဖွဲ့များ၊ လမ်းဘေးထောင်ဗုံးများ ရှင်းလင်းရေးအတွက် လေ့ကျင့်ရေးနှင့်
ဆက်စပ်ပစ္စည်းများအပါအ၀င်
ကုလသမဂ္ဂငြိမ်းချမ်းရေး မစ်ရှင်တာဝန်ထမ်းဆောင်ရန်
နိုင်ငံပေါင်း
၅၀ ကျော်က ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင် ၄၀၀၀၀ စေလွှတ်ပေးရေးအတွက် ကုလသမဂ္ဂ
အစည်းအဝေး၌
ကတိပြုပြောဆိုခဲ့ကြကြောင်း အမေရိကန်သမ္မတ ဘားရက်အိုဘားမားက တနင်္လာနေ့တွင်
ကြေညာခဲ့သည်။
စစ်ဆင်ရေးအသစ်
ဖွဲ့စည်းပြီးသည်နှင့် ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်များ ပိုမိုဖြန့်ကြက်သွားနိုင်မည်ဖြစ်ကြောင်း
ကုလသမဂ္ဂ၌
ကျင်းပသော ကမ္ဘာ့ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးတွင် သဘာဝတိအဖြစ်
ဆောင်ရွက်သော
သမ္မတအိုဘားမားက ပြောသည်။
“ကျွန်တော်တို့ရဲ့
ရည်မှန်းချက်ကတော့ ငြိမ်းချမ်းရေးဆောင်ရွက်မှုတိုင်းမှာ ယခင်ကထက် ပိုမိုထိထိရောက်ရောက်
ဆောင်ရွက်ပေးဖို့
ဖြစ်ပါတယ်” ဟု သမ္မတအိုဘားမားက ပြောသည်။
နိုင်ငံပေါင်း
၅၀ ကျော်က ရဟတ်ယာဉ် ၄၀ ကျော်၊ စစ်အင်ဂျင်နီယာ ကုမ္ပဏီ ၁၅ ခုနဲ့ ဆေးရုံ ၁၀ ခု၊ ထောက်ပံ့မည့်အပြင်
တပ်ဖွဲ့ဝင်
၄၀၀၀၀ ကိုလည်း စေလွှတ်ပေးသွားမည်ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး
ဆန်မန်သာပါဝါ
က ပြောကြားသည်။
Ref: Ref: Reuters News / Myanma Alinn Daily

No comments:
Post a Comment