ကုလသမဂ္ဂ၊ စက်တင်ဘာ ၂၉
ရုရှားနှင့်
အမေရိကန်တို့သည် ဆီးရီးယားသမ္မတ ဘရှာအယ်လ်အာဆက် ကို အာဏာဆက်ပေးရေး
အပြန်အလှန်
မေးခွန်းထုတ်ခဲ့ကြသော်လည်း ဆီးရီးယားပြည်တွင်းစစ်ကို သံတမန်နည်းလမ်းဖြင့်
အဆုံးသတ်ရန်
တနင်္လာနေ့က သဘောတူညီမှု ရရှိသွားပြီ ဖြစ်သည်။
လွန်ခဲ့သော
သီတင်းပတ်များက ရုရှားက ဆီးရီးယားတွင် စစ်ရေးအရ ပါဝင်ရန် ကြိုးပမ်းခဲ့ပြီးနောက်
ဆီးရီးယားပြည်တွင်းစစ်တွင်း
ယင်းတို့၏ လက်နက်ကိုင်တပ်ဖွဲ့များ ပါဝင်လာခြင်းကို ရှောင်ရှားသင့်ကြောင်း
အမေရိကန်သမ္မတ
အိုဘားမားနှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ မိနစ် ၉၀ ကြာ တွေ့ဆုံဆွေးနွေးစဉ်အတွင်း
သဘောတူညီခဲ့ကြသည်။
အမေရိကန်၊
ပြင်သစ်နှင့် မဟာမိတ်နိုင်ငံများသည် အစ္စလာမ်တိုင်းပြည်တစ်ခု တည်ထောင်ရန် ရည်မှန်းချက်
အစိတ်အပိုင်းတစ်ခုအဖြစ်
အိမ်နီးချင်း အီရတ်နှင့် ဆီးရီးယားရှိ ဒေသအတော်များများကို သိမ်းပိုက်ပြီး
အင်အားချဲ့ထွင်မှု
ပြုလုပ်နေသော အိုင်အက်စ်အကြမ်းဖက် စစ်သွေးကြွများကို ဗုံးကြဲတိုက်ခိုက်မှုများ
ပြုလုပ်လျက်ရှိသည်။
ဆီးရီးယားနိုင်ငံအတွင်း
ရုရှား၏ တင့်ကားနှင့် စစ်လေယာဉ်များရှိနေခြင်းသည် ပဋိပက္ခ ဖြစ်လာနိုင်ကြောင်း
အမေရိကန်က
မော်စကိုအား အဓိက မေးခွန်းထုတ်ခဲ့သည်။
ရုရှားအနေဖြင့်
အိုင်အက်စ်တို့အား ဆန့်ကျင်တိုက်ခိုက်နေသည့် ဆီးရီးယားအစိုးရနှင့် ကာ့ဒ် တပ်ဖွဲ့များကိုသာ
အကူအညီ
ပိုမိုပေးသင့်သည်ဟု အိုဘားမားနှင့် တွေ့ဆုံအပြီး သမ္မတပူတင်က သတင်းထောက်များအား
ပြောသည်။
ရုရှားနှင့်
အမေရိကန် ဆက်ဆံရေးသည် ၂၀၁၄ ခုနှစ် မတ်လတွင် ယူကရိန်းမှ ကရိုင်းမီးယားကို မော်စကိုက
လက်နက်နိုင်ငံပြုခဲ့ပြီးနောက်
တင်းမာမှုများ ဖြစ်ခဲ့ရသည်။
Ref: Ref: Reuters News / Myanma Alinn Daily

No comments:
Post a Comment