Wednesday, September 30, 2015

အင်္ဂါဂြိုလ်တွင် ရေစီးဆင်းနေသည့် အထောက်အထားတွေ့ရှိ




နာဆာ၊ စက်တင်ဘာ ၂၉

အမေရိကန်အာကာသ အေဂျင်စီမှ သုတေသနပညာရှင်များက အင်္ဂါဂြိုလ်သည် ပူနွေးသည့်ရာသီများတွင်
ရေများစီးဆင်းနေသည်ဟု ယူဆရကြောင်း ပြောခဲ့သည်။
နာဆာမှ သိပ္ပံပညာရှင်များသည် အင်္ဂါဂြိုလ်၏ မျက်နှာပြင်ပေါ်ရှိ သတင်းအချက်အလက်များကို ခွဲခြမ်းစိတ်ဖြာ
လေ့လာပြီး တွေ့ရှိချက်များကို သဘာဝဘူမီသိပ္ပံဂျာနယ်တွင် ရေးသားဖော်ပြခဲ့ကြသည်။

အဆိုပါ အင်္ဂါဂြိုလ်၏ မျက်နှာပြင်ပေါ်ရှိ သတင်းအချက်အလက်များကို အင်္ဂါဂြိုလ် ထောက်လှမ်းရေး
အေဂျင်စီမှ ရရှိခဲ့ခြင်း ဖြစ်သည်။
သုတေသနပညာရှင်များသည် အပူချိန်ပူနွေးမြင့်တက်လာသောအခါတွင် အင်္ဂါဂြိုလ်ဟုခေါ်သော 
ဂြိုလ်နီကြီး၏ အစိတ်အပိုင်းအချို့တွင် တွေ့ရှိရသော အနက်ရောင် အစက်အပြောက်များကို 
အသေအချာလေ့လာမှုများ ပြုလုပ်နေသည်။
၎င်းအနက်ရောင် အစင်းအပြောက်များသည် ဂြိုလ်ကြီး၏ အေးနေသော အချိန်များတွင် ပျောက်ကွယ်
နေကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။
အနီအောက်ရောင်ခြည် အသုံးပြု၍ အင်္ဂါဂြိုလ်ကို လေ့လာမှုပြုရာ အနက်ရောင်အစင်းအပြောက်များရှိသော
ဆားပျော်ရည်များသည် တောင်အောက်သို့ စီးဆင်းနေပုံရှိသည်ကို တွေ့ရှိရသည်။
နာဆာ သိပ္ပံပညာရှင်များက အနက်ရောင် အစက်အပြောက်များတွင် ဆားဒြပ်ပေါင်းများ ပါဝင်နိုင်သည်ဟု
ယုံကြည်ထားသည်။
အမေရိကန် လေ့လာမှုများက အင်္ဂါဂြိုလ်တွင် တစ်ချိန်တုန်းက ရေထုပမာဏ အများအပြားရှိကြောင်း၊
ထိုရေထုပမာဏထဲတွင် မြစ်ချောင်းအင်းအိုင်များပါ ပါဝင်နိုင်ကြောင်း ဖော်ပြခဲ့သည်။

Ref: NHK News  / Myanma Alinn Daily

No comments:

Post a Comment

Popular Posts