Thursday, August 27, 2015

ရုရှားက အီရန်သို့ S -300 ဒုံးကျည်စနစ် ရောင်းချမှု ပင်တဂွန် စိုးရိမ်ပူပန်




ဝါရှင်တန်၊ သြဂုတ် ၂၆

အီရန်နှင့် ရုရှားနှစ်နိုင်ငံအကြား ဒုံးကျည်စနစ်ရောင်းချရေး သဘောတူညီမှုအပေါ် စိုးရိမ်ပူပန်မှု ဖြစ်မိကြောင်း
အမေရိကန် ပင်တဂွန် စစ်ဌာနချုပ်က သြဂုတ် ၂၅ ရက်နေ့တွင်ပြောကြားသည်။
မိမိတို့အနေဖြင့် ကာလကြာမြင်စွာကတည်းကပင် စိုးရိမ်ပူပန်မိသည့် အတိုင်း S 300 အမျိုးအစား ဒုံးကျည်စနစ်ကို ရုရှားနိုင်ငံက အီရန်နိုင်ငံသို့ ရောင်းချပေးရန် စီစဉ်ထားကြောင်း ပင်တဂွန်စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ
ပီတာကွတ် က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။ ယင်းသဘောတူညီမှုသည် အပြုသဘောဆောင်သော
 ဖြစ်ပေါ်တိုးတက်မှုအဖြစ် မိမိတို့ မရှုမြင်ကြောင်း ၎င်းက ပြောသည်။
S 300 အမျိုးအစား မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်စနစ်ကို ရုရှားထံမှ အီရန်ဝယ်ယူရန် သဘောတူညီချက်
ရရှိပြီဖြစ်ကြောင်း အီရန်ကာကွယ်ရေးဝန်ကြီး ဟူစိန်ဒဟန်က သြဂုတ် ၂၅ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ဒုံးကျည်စနစ်ရောင်းချရေး ကန်ထရိုက်စာချုပ်ကို ရေးသားပြီးဖြစ်ကြောင်း၊ အီရန်ကိုယ်စားလှယ်အဖွဲ့သည် လာမည့် ရက်သတ္တပတ်အတွင်း ရုရှားနိုင်ငံသို့ သွားရောက်ကာ လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း အီရန်ကာကွယ်ရေး
ဝန်ကြီးက ပြောကြားသည်။
ယခုနှစ် ဇူလိုင်လအတွင်းက အီရန်နှင့် အနောက်အင်အားကြီးနိုင်ငံခြောက်နိုင်ငံအကြား အီရန်၏ နျူကလီးယား အစီအစဉ်အား ကန့်သတ်ရန်နှင့် အီရန်အပေါ် အရေးယူဒဏ်ခတ်မှုများ ပယ်ဖျက်ပေးရန် သဘောတူညီမှု
ရရှိခဲ့ပြီးနောက် ယင်း ဒုံးကျည်စနစ် အရောင်းအ၀ယ် သဘောတူညီချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
S 300 အမျိုးအစား ဒုံးကျည်စနစ်ကို စစ်အေးခေတ်တင်းမာမှု အမြင့်ဆုံးအချိန်ဖြစ်သည့် ၁၉၇၉ ခုနှစ်တွင် ပထမဆုံး ဖြန့်ကြက်ခဲ့သည်။ ယင်းဒုံးကျည်စနစ်သည် လေကြောင်းရန်ကာကွယ်ရေးစနစ် မြင့်မားသော ဒုံးကျည်စနစ်ဖြစ်သည်။
Ref: Shinhwa news / The Mirror

Find us on facebook MFM


No comments:

Post a Comment

Popular Posts